ဘဝခါးခါး ခရီးရှည်။

စာရေးဖို့ စဉ်းစားတော့ ဘာရေးရမလဲ။
မည်သည့် အကြောင်းအရာရေးမည်လဲ။ စိတ်ကူး
ရသည့်အခါမှာလည်း စိတ်ကူးများက မြိုင်မြိုင်
ဆိုင်ဆိုင်ဖြစ်နေတတ်သည်။ အမှန်တကယ်
ချရေးမည်ဆိုတော့ ရေးစရာက ရှားပါးနေ
ပြန်သည်။ မနက်ခင်း အိပ်ရာ‌ထ စောနိုးသည့်
အခါ အတွေးများရတတ်သည်။ ထိုကြောင့်
စာရေးသူအချို့က မနက်စောစောမှာ
စာရေးသည်ဟု ဖတ်ရသည်။

ညစဉ် အိပ်ရာဝင်ခါနီးတိုင်း အိပ်မပျော်သေးပါက
ပါချုပ်ဆရာတော်ကြီး၏ တရားကို နာမိသည်။
ဆရာတော်ကြီး၏ တရားအချို့က ကိုယ်တွေလို
လူတွေအတွက် သိရှိနားလည်လွယ်သည်။
တရားနာနေစဉ်၊ နာပြီးအနည်းငယ်သော
အချိန်မှာ တရားကို နားမှာစွဲမြဲ၍ စိတ်အေးချမ်း
ငြိမ်းချမ်းရသည်။ နောက်တော့အချိန်ကြာ
လာသည့်အခါ တရားကို မေ့သွားသည်။

ဒီလိုနဲ့ ကျွန်တော်တို့သည် ဘဝသံသရာကြီးထဲ
မျောချင်တိုင် မျောနေသည်။ ဘဝ ဆိုသည့်
အရာက တပ်မက်စရာမဟုတ်၊ ခုံမင်မက်မော
တွယ်တာနေပါက ဒုက္ခနဲ့ လှလှတွေ့မည်ဟု
တရားတော်မှာ နာရသည်။ ဘဝ က ပျော်စရာ
နည်းနည်း၊ ဝမ်းနည်း ထိတ်လန့်စရာက များများ
ဖြစ်သည်။ သို့ပေသိ ထိုအနည်းငယ်သော
အရာကို တွယ်တာမက်မောနေကြသည်။

ထိုသို့ တွယ်တာမက်မောစရာများထဲမှာ ကျွန်တော့်
တို့ရဲ အချစ်တော်ကြီး Hive လည်းပါဝင်သည်။
တနေ့ သုံးဒေါ်လာဖြစ်နိုးနိုး၊ $30 ဖြစ်လာနိုးဖြင့်
မျော်ကိုးကာ ပိုစ့်တွေ ရေးတင်နေသည်။
ကြည့်စမ်းပါ့ Hive ဈေးသာ $3, $30
ဖြစ်ပါမူ ဘဝက ပျော်စရာကောင်းပေသည်။
အင်း ယခုတော့ ထိုပျော်စရာကို တွေး မျှော်ရင်း၊
မျှော်တွေးရင်း ပိုစ့်တွေ ရေးတင်နေရပါသည်။

တဖန် ဘဝမှာ ချစ်သူ ခင်သူများကြောင့်လည်း
ဘဝကြီးက နေပျော်စရာကြီးဖြစ်နေပြန်သည်။
သူရို့အတွက် တွေးပူပြီး ကိုယ့်အတွက် မေ့နေတတ်
သူလည်းရှိပေမည်။ ကိုယ့်အတွက်နဲ့ ကိုယ်၊
ကိုယ့်အကြောင်းတရားနဲ့ ကိုယ် တကိုယ်တည်း
အရှုပ်ကြီး ရှုပ်နေသူလည်း ရှိမည်။

မည်သို့ဆိုစေ Hive ဈေးတက်ပါမူ၊
မြန်မာပြည်ကြီး အေးချမ်းသာယာမည့်အချိန်
ထိ ကိုယ်တွေ ရှိနေသေးပါမူ မြန်မာပြည်အနှံ့
ခရီးဆန့်ချင်ပါသေးသည်။ အခြားတိုင်းပြည်
များကိုတော့ဖြင့် သွားနိုင်ပါက သွားလိုက်
ချင်ပါသေးသည်။ ရှမ်းပြည်ကို ရောက်ခဲ့သည်
ဆိုပေမယ့် နှံ့စပ်မှု မရှိသေးပေ။ ချင်းပြည်နယ်
ကိုလည်းသွားချင်သေးသည်။ တောင်ဇလပ်မြေ၊
အောက်ချင်းငှက်တို့ရဲ့ မြေကို တခါတခေါက်တော့
ရောင်ချင်ပါသေး။ ကြည့်စမ်း ဘဝ ကို ခရီးသွား
နဲ့ မက်မောနေပြန်သည်။

သွားချင် လာချင်တဲ့ နေရာဒေသက များပေသည်။
ဒီတော့ ကိုယ်တွေရဲ့ ဘဝကြီးက Hive ကြီးနဲ့ ဆက်နွယ်
ပတ်သက်မှု အကြီးကြီးရှိပေသည်။
ဒီတော့လည်း အားစိုက်၍ စာရေးပိုစ့်တင်
ရပေအုံးမည်။ တနေ့တော့ ကိုယ်တွေရဲ့
ရည်ရွယ်ရာလမ်းခရီး အောင်မြင်မည့်နေ့တော့
ရောက်လာပေအုံးမည်‌ စောင့်မျှော်နေအုံးမည်။

@htwegyi
November 30, 2024



0
0
0.000
9 comments