Future of Wheel is Back
အဆိုးတွေ ပြီးရင် အဆိုးတွေ ထပ်လာ နိုင်သေး၏။ ဆိုးပြီးရင်း ဆိုး ဆိုသလိုပေါ့။ နို့ပေမယ့် အဆိုးတွေ အားလုံးကုန်ပြီးရင်တော့ အကောင်းတွေ လာရပေလိမ့်မည် မဟုတ်လား။ ဆိုင်ကယ် နှစ်ကြိမ် (ခိုက်မိ) လဲ၊ phone ကျကွဲ စသည်ဖြင့် အဆိုးပေါ် အဆိုးဆင့်ခဲ့ပြီး သကာလ မနေ့ကတော့ အကောင်းလေးတခု ပြန်လာခဲ့၏။ ဒီအကောင်း မတိုင်ခင် အကောင်းလေး တခုလည်း ရှေ့ပြေးလာခဲ့သေး၏။ တခြားတော့ မဟုတ် telegram airdrop လေး တခုပါလေ။
ဟိုဟာလုပ်၊ ဒီဟာဝင် ဘာမှ မလုပ်ရပေ။ ဒီအတိုင်း AI နဲ့ အပြန်အလှန် စကားပြောပြီး feedback (review) ပြန်ပေးရခြင်း ဖြစ်၏။ များများပြောရင် ပွိုင့်တွေ များများရပြီး reward များများ ပြန်ရမည် ဖြစ်၏။ အစပိုင်းတုန်းကတော့ မယုံပေ။ အေးလေ စကားပြောရုံနဲ့ သူက ဘာလို့ ပိုက်ဆံ ပြန်ပေးမှာလဲပေါ့။ သူတို့၏ project ကို စမ်းသပ်ကြည့်စေပြီး အဆိုပါ စမ်းသုံးသူတွေကို reward ပြန်ပေးသည့် သဘောမျိုးပေါ့လေ။ ပေးတာကတော့ ဟုတ်ပါပြီ ဒါပေမယ့် ပေးသည့် ပမာဏ ကြီးက များနေလို့။
ထားပါ။ အတိုချုပ် ပြောရရင် အဲ့ project ကနေ 16 USDT လောက် ရလိုက်၏။ ဘယ်လောက်မှ မကြာလိုက်ပေ၊ လပိုင်းလေးလောက်သာ။ phone သာ မှန် မကွဲခဲ့ရင် ဒီထက် စကားတွေ ပိုပြောဖြစ်ပြီး reward ပိုရမှာ အမှန်ပင်။ ခုက phone မှန်ကွဲသွားပြီး second hand လား၊ brand new လား ရွေးနေတာနဲ့ကော၊ သူငယ်ချင်း phone ကို ခဏ ယူသုံးနေရတာကြောင့်ကော အဆိုပါ bot ကို မေ့သွားခဲ့၏။ အချို့တွေ 170 USDT လောက် ရကြသည် ဆို၏။ ပွိုင့်များ တနည်းအားဖြင့် စကား များများ ပြောကြသူတွေပေါ့လေ။
ထိုအကောင်းလေး ပြီးနောက် ခု ထပ်လာသည့် အကောင်းက ကျနော့် Freebit မှာ Future of Wheel ပြန်လှည့်ခွင့်ရပြီ ဖြစ်၏။ နှစ်လ နီးပါးလောက် လှည့်ခွင့် မရခဲ့ပေမယ့် သူတို့ မှတ်ထားပေးတာက 105 ကြိမ်သာ ရှိ၏။ လက်ရှိ ကျနော်လှည့်ခွင့်ရနေတာက တရက်ကို 7 ကြိမ် ဖြစ်၏။ 15 ရက်စာပဲ ပြန်ပေးသည်ဟု ဆိုရမည်။ ရှိစေတော့ ပြန်လှည့်ခွင့် ရတာပဲ ဟုတ်နေပြီ ဒါတောင် ထပ်ခါ ထပ်ခါ မကြာခဏ သွားသွား ပြောနေခဲ့ရတာ။
105 ကြိမ်လုံးကို play all မလုပ် (မလှည့်) ဘဲ စိမ်ပြေနပြေ ထိုင်လှည့် ပေးလိုက်၏။ ကြာကြာ ရင်ခုန်ရအောင်လို့။ ရင်ခုန်ရမည့် အစား စိတ်မပျော်စရာဘဲ ထပ်တိုး၏။ တခြားဆုတွေထက် ထီလက်မှတ်တွေသာ အများကြီး ပေါက်သောကြောင့် ဖြစ်၏။ တချို့ လှည့်ချိန်လေးတွေမှာ တကြိမ်ကို နည်းနည်းစီနဲ့ Satoshi 300 လောက်သာ ပေါက်၏။ အင်းလေ ခု တနာရီ တခါနှိပ်တာတောင် 2 Satoshi ပဲ ပေးတာ ဆိုတော့ မဆိုးဟုသာ ပြောရမည်။ ထီလက်မှတ်ကနေ ပြောကောင်း ပြောကောင်း BTC တွေ ဘာတွေ ထပေါက်နေနိုင်သေး၏။ ပေါက်ချင်းပေါက် 1 BTC ပေါက်ပစ်ဗျာ။
105 ကြိမ်လုံးကို ဖြည်းဖြည်းချင်း တကြိမ်စီ လှည့်ဖို့ ရည်ရွယ်ထားပေမယ့် ပြန်လှည့်ခွင့်ရသည့် ရက်လေးနဲ့ အမှတ်တရ ဖြစ်အောင် ဆိုပြီး လက်ကျန် 13 ကြိမ်ကိုတော့ တခါထဲ လှည့်လိုက်၏။ ခုဆိုရင် Daily ပုံမှန် ပြန်လှည့်ခွင့်ရပြီ ထင်ပါရဲ့။ BTC တွေ များများ ပေါက်ပါစေလို့။
ပေါက်ပါစေဗျာ။
!LOLZ
!MEME
lolztoken.com
He misunderstood the objective.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
Credit: ashiru
Earn Crypto for your Memes @ HiveMe.me!
တကယ် ပေါက်ချင်မိ။
😅
ကိုယ်တွေ အဲအဆင့်မပေါ်သေးဘူး။
Fun tokens hold ထားရင် Future of Wheel လှည့်လို့ ရတယ် ညီ။
5000 hold ထားတာကိုး မရတာ
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next target is to reach 12500 replies.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts: