Countryside Scenery

ကျေးလက်ဒေသမှာ နေရသူမို့ ကျေးလက်ဒေသကို သာယာကြောင်း ပြောမိတာ မဟုတ်ပါဘူး။
လွတ်လပ်မှု၊ အေးချမ်းမှု နှင့် ငြိမ်းချမ်းမှုကို ကျေးလက်ဒေသမှာသာ အပြည့်အဝ ခံစားလို့ကောင်းတာပါ။


ရုပ်ဝတ္ထု စက်မှု ထွန်းကားမှုမှာတော့ မြို့ပြသည် ကျေးလက် ထက် သာကောင်းပါတယ်။
မြို့ပြနှင့်ကျေးလက်ကို ဘယ်ဒေသက ပိုနေထိုင်ကောင်းတယ်ဟုတော့ မနှိုင်းယှဉ်လိုပါဘူး။
ကျွန်တော်ကတော့ မြို့ပြမှာ စီးပွားရှာပြီး အပျော်အပါးတွေ ခံစားကာ ကျေးလက်မှာ ငြိမ်းချမ်းစွာ နေထိုင်ချင်ပါတယ်။

ကျွန်တော်က မြို့ပြမှာလည်း နေထိုင်ဖူးတယ်။
ယခုတော့ ကျေးလက်ဒေသကို ရောက်ရှိနေပါတယ်။

ကျေးလက်ဒေသမှာ ရောက်ရှိကာ ကျွန်တော် နေထိုင်စဉ်ကာလ ကျေးလက်သဘာဝရှုခင်းတွေကို ကြည့်ရှုခံစားနေဖြစ်မှာပါ။
ကျွန်တော် ကြည့်မြင်ခံစားရသော ကျေးလက်သဘာဝအလှရှုခင်းတွေကို အလျဉ်းသင့်သလို ဒီမှာ မျှဝေပေးချင်ပါတယ်။
မိတ်ဆွေများ ပျော်ရွှင် သာယာနိုင်ကြပါစေ။



0
0
0.000
7 comments
avatar

မြို့ပြမှာ စီးပွားရေး၊ ကျန်းမာရေးက ကျေးလက်ထက်သာသကိုး။
!LOLZ
!MEME

0
0
0.000