ကျွန်တော် ဝိတ်ကျပြီ (အသုံးချ ဝိပဿနာ)

avatar
(Edited)

အားလုံး မင်္ဂလာပါ။

အရင်က ကျွန်တော် ကိုယ်အလေးချိန် ၈၃ - ၈၄ ကီလို လောက်ရှိတာကနေ အခု အရပ်အမောင်းနဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် - ၈၀ ကီလိုထိကျသွားပြီဖြစ်ပါတယ်။

ကျွန်တော် ဝိတ်ကျတာကတော့ လေ့ကျင့်ခန်း လုပ်လို့တော့ မဟုတ်ပါဘူး။

  • ပထမဆုံး ကျွန်တော် ထမင်းကို လျော့စားပါတယ်၊ ဟင်းနဲ့ အခြား ကယ်လိုရီနည်းတဲ့ အစားအစာကို ထမင်းအစား ဖြစ်ခဲ့ပါတယ်။
  • ပြီးတော့ ညစာကို ညနေ ၅ နာရီ နောက်ဆုံးထားပြီး စားပါတယ်။ အဲ နောက်မှာ ဆာတာပြုတာရှိရင် ကိုယ့်အတွက် အစာ မလိုအပ်ဘူးထင်လို့ ဆာတဲ့ ဝေဒနာကို ဘာမှမတုန့်ပြန်ပဲ သတိ၊ ဥပက္ခါနဲ့ ပဲ ရှုပါတယ်။ (ရေတို့ ဘာတို့လောက်တော့ သောက်ရင် အဆင်ပြေမယ်ထင်ပါတယ်။) အဓိက လူတွေ ဝလာရတဲ့ အကြောင်းအရင်းကတော့ ဆာတဲ့ ဝေဒနာကို အစားစားတာနဲ့ တုန့်ပြန်ကြလို့ပဲ လို့ထင်ပါတယ်။ ဒါကို ကျွန်တော်က ဝိပဿနာ နည်းနဲ့ ဝေဒနာကို မတုန့်ပြန်ပဲ (သတိ၊ ဥပက္ခါနဲ့) ရှုရုံပဲ ရှုတာဖြစ်ပါတယ်။ ဒီနေရာမှာ ဥပက္ခါဆိုတာက ချစ်ခြင်း၊ မုန်းခြင်း မပါပဲ ဝေဒနာကို သိနေခြင်းအားဖြင့်ပဲ ရှုတာဖြစ်ပါတယ်။ တရားစခန်းက သင်ကြားပေးထားတာပါ။ ဆာတယ်ဆိုရင် ဆာတာကို ဒေါသနဲ့ ဒါမှမဟုတ် ခံစားချက် တစ်ခုခု နဲ့ တုန့်ပြန်တာ မလုပ်ပါဘူး။ လိုအပ်တယ်ထင်ရင် ဥပုဒ်စောင့်တဲ့သူတွေလို့ ရေသောက်တာ၊ ဖျော်ရည်လို သစ်သီးရည်လို စတာ သောက်သုံးတာ လုပ်နိုင်မယ် ထင်ပါတယ်။
  • မနက်စာကို လည်း မနက် ၈ နာရီ ၈နာရီခွဲလောက်မှ စားဖြစ်အောင်လုပ်ပါတယ်။ မနက်ပိုင်းနိုးထပြီးချိန်မှာ ဝိပဿနာ ရှုတာ၊ သမထ အားထုတ်တာ လုပ်ပါတယ်။ တခြား လုပ်စရာရှိတာလုပ်ပါတယ်။
    အခုကျွန်တော့်နဲ့ ကိုက်တဲ့ ကိုယ်အလေးချိန်ရှိထားပြီမို့ ဆက်ပြီးထိန်းဖို့ပဲ လိုပါတယ်။ မိတ်ဆွေတို့လဲ ကိုယ့်ရဲ့ ကိုယ် အလေးချိန်ကို ဘယ်လို ထိန်းသိမ်းကြလဲ။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။ အေးငြိမ်းကြပါစေ။

@princekham
4th July 2024
Myanmar



0
0
0.000
8 comments