ဘာလီကျွန်းက ရာမဇတ်

အားလုံး မင်္ဂလာပါ။

ရာမ၊ လက္ခဏ၊ သီတာဒေဝီ နဲ့ ဒဿဂီရိ တို့ ရဲ့ အကြောင်း ကို ငယ်ငယ်တုန်းက တော့ကြားဖူးခဲ့ပါတယ်။ ဇတ်လမ်းလဲ သိသလောက်ရှိတယ်ပြောရပါမယ်။ ဒါပေမယ့် ဒီအကြောင်းကပြတဲ့ ပြဇတ်ကို တော့ စဆုံး မကြည့်ဖူးခဲ့ပါဘူး။

  • ဒီတစ်ခါတော့ ဂိုက်က ခေါ်သွားတော့ မကြည့်ချင်လဲ ကြည့်ရတော့တာပေါ့။ ဒါပေမယ့် သူတို့ရဲ့ အခင်းအကျင်း အပြင်အဆင်က ကိုယ်မြင်နေကြပုံမဟုတ်လို့လားတော့ မသိ၊ ကြည့်လို့ကောင်းနေပါတယ်။
  • အကကနွဲ့နွဲ့နှောင်းနှောင်းနဲ့ ကြည့်လို့ ကောင်းနေပါတယ်။ ရာမ၊ လက္ခဏ တောလည်ပုံ၊ ပြီးတော့ သီတာဒေဝ၊ အဲနောက်မှာတော့ ဒဿဂီရိက သီတာဒေဝီဆီချဥ်းကပ်ပုံ၊ ချဥ်းကပ်လို့မရတော့ ရသေ့ ယောင်ဆောင်ပြီးလာပြီး သီတာဒေဝီကိုဖမ်းခေါ်သွားပုံတွေ တစ်ခန်းပြီးတစ်ခန်းကပြသွားပါတယ်။ ဒဿဂီရိကလဲ လူကိုယ်ကြီးကြီးနဲ့ ကြောက်စရာကောင်းအောင် ပုံဖော်သရုပ်ဆောင်ထားပါတယ်။
  • အဲနောက်မှာတော့ ဟန္နုမာန်မျောက်ကြီး သီတာဒေဝီဆီလာပြီး သီတာဒေဝီက ဆံထုံးဖီး ထည့်ပေးလိုက်ပုံ၊ ပြီးတော့ ရာမမင်းသားက လေးနဲ့ ခွင်းပြီး ဒဿဂီရိကို သတ်လိုက်ပုံ စတာတွေနဲ့ သရုပ်ဆောင်ကပြသွားတာ ကြည့်လိုက်ရပါတယ်။
  • အဲဒီမှာ ပြောချင်တာက စဆုံးကပြရာမှာ တူရိယာ တစ်ခုကို မှ မသုံးသွားသွားတာပါပဲ။ တူရိယာသံစဥ်မပါပဲ cha cha cha ဆိုတဲ့ လူအော်သံနဲ့ပဲ ဘယ်လို ကပြသွားလဲဆိုတာကိုတော့ အောက် ဗီဒီယိုမှာ ကြည့်ကြည့်နိုင်ပါတယ်။ သီတာဒေဝကို ဟနုမာန်မျောက်လာတွေ့တဲ့ အခန်းပါ။ အောက်မှာလဲ ရိုက်ကူးထားတဲ့ပုံအချို့ကို ဖော်ပြထားပါတယ်။


(အပေါ်ပုံ နှစ်ပုံ) ရာမ၊ လက္ခဏ နဲ့ သီတာဒေဝီတို့ဖြစ်ပါတယ်။



(အပေါ်ပုံ သုံးပုံ) ဒဿဂီရိဘီလူးက ရသေ့ယောင်ဆောင်ချဥ်းကပ်ပြီးတော့ သီတာဒေဝီကို ဖမ်းခေါ်သွားတာဖြစ်ပါတယ်။


ဒါကတော့ ရှေ့ တစ်ရက်က ရေးခဲ့တဲ့ မျောက်ဆွဲတတ်တဲ့ Uluwatu ဟိန္ဒူ ဘုရားကျောင်းအနီးနားက ဖျော်ဖြေတဲ့ စင်နေရာမှာ ကပြတာဖြစ်ပါတယ်။ ဒီအကကို Kecak Dance လို့ခေါ်ပါတယ်။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

@princekham
5th May 2024
Myanmar



0
0
0.000
19 comments
avatar

Thanks for sharing nice travel experience!
!LUV
!PIZZA
!MEME

0
0
0.000
avatar

သူရို့ဆီလည်း ရာမ လက္ခဏ ရှိသကိုးဗျ။
!LOLZ
!MEME

0
0
0.000
avatar

ဟုတ် ရာမ လက္ခဏက ဟိန္ဒူ ယှဥ်ကျေးမှုက နေလာတာမို့ လို့ ထင်ပါတယ်။
Thanks!
!MEME !PGM
!LOL !PGM

0
0
0.000