အီခီဂိုင် (Ikigai) ကိုရှာကြမယ် (၅)
အားလုံး မင်္ဂလာပါ။
ပျော်ရွင် အသက်ရှည် စေတဲ့ အရာလေးတွေ
စိတ်ဖိစီးခြင်း: အသက်ရှည်ခြင်းကို သတ်တဲ့ အရာလား
လူအချို့ဟာ ပိုပြီးအိုမင်းနေကြပုံပေါ်တယ်။ သုတေသနတွေ့ရှိချက်တွေအရ ဒီလို အရွယ်မရောက်သေးခင် အိုမင်းခြင်းတာဟာ စိတ်ဖိစီးကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ စိတ်ဖိစီးမှုဆိုင်ရာ အမေရိကန် တက္ကသိုလ်က ဒီဖြစ်စဥ်ကို လေ့လာအပြီးမှာတော့ ကျန်းမာရေးဆိုင်ရာ ပြဿနာ အများစုဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။
Heidelberg တက္ကသိုလ်ဆေးရုံက သုတေသီတွေ လေ့လာချက်တစ်ခုမှာ တွေ့ရတာကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ခံအား antibodies တွေဟာ ရောဂါပိုးတွေကို တုန့်ပြန်သလိုပဲ ဒီစိတ်ဖိစီးမှုကို တုန့်ပြန်တတ်တယ်ဆိုတာပါပဲ။
ပြဿနာက ဒီ ကိုယ်ခံအားantibodies တွေဟာ အန္တရာယ်ပေးတဲ့ အရာတွေကို ချေဖျက်ပစ်တဲ့အပြင်၊ ကျန်းမာတဲ့ ဆဲလ်တွေကိုပါ ပျက်စီးစေတဲ့အတွက် ဒီလို အရွယ်မရောက်သေ:ခင် အိုမင်:ခြင်:ကို ဖြစ်စေတာလို့ဆိုပါတယ်။ ကယ်လီဖိုးနီးယာတက္ကသိုလ်မှာလဲ အလားတူ လေ့လာမှုပြုခဲ့ရာမှာ စိတ်ဖိစီးမှုဟာ ဆဲလ်တွေရဲ့ဖွဲ့စည်းပုံကို အားနည်းစေခြင်းအားဖြင့် ဆဲလ်တွေရဲ့ အိုမင်းမှုကို အားပေးမှု ပြုတယ်လို့ဆိုပါတယ်။ စိတ်ဖိစီးမှုများလေ ဆဲလ်တွေရဲ့ ပျက်ယွင်းမှုက ပိုလေဆိုတာပါပဲ။
စိတ်ဖိစီးခြင်း က ဘယ်လို အလုပ်လုပ်လဲ
စိတ်ဖိစီးမှုဆိုတာဟာ 'အန္တရာယ်ရှိတယ်၊ ပြဿနာဖြစ်တယ်' ဆိုတာ ကို စပြီးသိရှိလိုက်တဲ့အခါ မှာ ခန္ဓာကနေ ဖြစ်ပေါ်လာတဲ့ သဘာဝ တုန့်ပြန်မှုတစ်ခု ဖြစ်ပါတယ်။ သီအိုရီအားဖြင့်ဆိုရင် ဒီလိုတုန့်ပြန်တတ်တာဟာ ရန်လိုတဲ့ ဝန်းကျင်မှာ အသက်ရှင်ဖို့ အထောက်အကူပြုပါတယ်။ ရှေးယခင် ဖြစ်စဥ်တစ်လျှောက်လုံးမှာလဲ ကျွန်တော်တို့ ဒါကို အသုံးပြုပြီး သားကောင်တွေကနေပြေးဖို့နဲ့ ခက်ခဲ့တဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ သုံးခဲ့ ကြတာပါ။
ဦးခေါင်းထဲက အချက်ပေးစနစ်က အာရုံကြောကတစ်ဆင့် corticotropin ထုတ်တဲ့ ဟိုမုန်းကို ထုတ်ဖို့ အတွက် pituitary gland ကို နိုးထစေပါတယ်။ ဒီ corticotropin တွေဟာ sympathetic nervous system (SNS) က နေ ခန္ဓာကိုယ်ထဲရောက်ပါတယ်။ အဲဒီနောက်မှာ adrenaline and cortisol တို့ ထုတ်လွတ်ဖို့ adrenal gland က နိုးဆွခံရပါတယ်။ Adrenaline က အသက်ရှုနုန်းနဲ့ သွေးခုန်နုန်းကို မြင့်စေပြီးတော့ ကျွန်တော်တို့ရဲ့ ကြွက်သားတွေကို အသင့်လှုပ်ရှားဖို့အတွက် ပြင်ဆင်ပေးပါတယ်။ တစ်ချိန်ထဲမှာပဲ cortisol ကတော့ dopamine နဲ့ သွေးတွင်းသကြားဓါတ် ထုတ်လွတ် စေပြီး ကျွန်တော်တို့ကို စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ အသင့်အနေအထားကို ဖြစ်စေတာ ဖြစ်ပါတယ်။
ဒီဖြစ်စဥ်တွေဟာ အကျိုးရှိ ပြီး နေ့စဥ်ဘဝမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွားဖို့ အကူအညီပေးပါတယ်။ ဒါပေမယ့် ဒီကနေ့ လူတွေကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုကတော့ ဘေးဖြစ်စေနိုင်တာ ထင်ရှားပါတယ်။
စိတ်ဖိစီးမှုဟာ အချိန်ကြာလာတာနဲ့ အမျှ ပျက်ယွင်းစေတဲ့ သက်ရောက်မှုတွေကို ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု အမြဲခံစားရတဲ့ အခါမှာတော့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ အာရုံကြောတွေ ထိခိုက်လာပြီး၊အချို့ ဟော်မုန်းထုတ်လုပ်မှုကို တားဆီးနိုင်တာကြောင့် စိတ်ကျဝေဒနာကိုပါ ခံစားရစေနိုင်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ စိတ်ဆိုးဒေါသထွက်လွယ်တာ၊ အိပ်မပျော်တာ၊ စိုးရိမ်ပူပန်တာ နဲ့ သွေးပေါင်ချိန်တက်လာ (သွေးတိုး) တာတွေကိုပါ တွေ့ကြုံခံစားရနိုင်ပါတယ်။
စိန်ခေါ်မှုတွေဟာ စိတ်နဲ့ ခန္ဓာကို တက်ကြွစေနိုင်တယ်ဆိုပေမယ့်၊ ကျွန်တော်တို့ဟာ စိတ်ဖိစီးမှုများတဲ့ နေထိုင်မှုပုံစံကို ထိန်းညှိနိုင်ရင်တော့ အရွယ်မတိုင်ခင် အိုမင်းတာကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
စိတ်ဖိစီးမှု လျော့ဖို့ သတိကပ်ပါ
ကျွန်တော်တို့ ကြုံတွေ့ရတဲ့အန္တရာယ်ဟာ အမှန်တကယ် ဖြစ်နိုင်ကောင်းမှ ဖြစ်နိုင်ပေမယ့်၊ စိတ်ဖိစီးမှုဟာ ဒီလို အန္တရာယ် ကြုံတွေ့နေရတာကို ဖော်ပြပြီး ၊ စိတ်ပူပန်ခြင်း အပြင် အစာခြေ စနစ်ကအစ အရေပြားအထိ သက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှုလုပ်ဖို့လိုပါတယ်။ ကျွမ်းကျင်ပညာရင်တွေကတော့ သတိကပ်ဖို့ (mindfulness) အကြံပြုပါတယ်။
ဒီသတိကပ်ခြင်းနည်းစနစ်မှာဆိုရင် ကျွန်တော်တို့ဟာ အာရုံကို မိမိကိုယ်မှာပဲ ထားရပါမယ်။ အလိုအလျှောက် တုန့်ပြန်မိတာကအစ သတိနဲ့ သိနေရပါမယ်။ ဒီလိုသိနေခြင်းအားဖြင့် ကျွန်တော်တို့ သတိလက်လွတ်ဖြစ်တဲ့ အနေအထား နဲ့ အတွေးကို ကန့်သတ်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒီလို သတိကပ်တာကို လေ့ကျင့်တဲ့နည်း တစ်နည်းကတော့ တရားထိုင်ခြင်းပဲဖြစ်ပါတယ်။ တရားထိုင်ခြင်းအားဖြင်း ကျွန်တော်တို့ဆီကို သက်ရောက်လာတဲ့ သတင်းအချက်အလက်တွေကို စစ်ထုတ်နိုင်မှာပဲ ဖြစ်ပါတယ်။ အခြားနည်းသတိကပ်တဲ့နည်းတွေကတော့ အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ ယောဂ ကစားတာ နဲ့ ခန္ဓာကိုယ်ကို ရှုမှတ်တာတို့ပဲ ဖြစ်ပါတယ်။
သတိကပ်တာအောင်မြင်ဖို့ ဖြည်းဖြည်းချင်းလေ့ကျင့်ယူရတာပါ။ အလေ့အကျင့်ရလာတာနဲ့ ကျွန်တော်တို့ဟာ စိတ်အာရုံကို စူးစိုက်လာနိုင်မှာ ဖြစ်ပြီး အဲဒီကတစ်ဆင့် စိတ်ဖိစိမှုလျှော့ချနိုင်ပြီး အသက်ရှည်ဖို့ အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။
image source: https://www.penguin.com.au/articles/4109-10-rules-of-ikigai
ဂျပန်စကားလုံး 'Ikigai' ဆိုတာကတော့ 'reason for being' ရှင်သန်ခြင်းရ ဲ့ အကြောင်းလို့ အဓိပ္ပါယ်ရပါမယ်။ ကျွန်တော် Hector Garcia နဲ့ Francesc Miralles "IKIGAI: The Japanese Secret to a Long and Happy Life" ဖော်ပြတာ ဖြစ်ပါတယ်။ နောက်တစ်ပိုစ့်မှာ ပြန် ဆုံပါမယ်။
အားလုံးကျန်းမာကြပါစေ။
@princekham
11th Oct 2024
Myanmar
ကျွန်တော်တို့တော့ ဝင်လေ ထွက်လေကို မနည်းလိုက်ဖမ်းနေရတုန်း။
!LOLZ
!MEME
lolztoken.com
It didn't stop ringing.
Credit: reddit
@princekham, I sent you an $LOLZ on behalf of htwegyi
(1/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
Credit: atheistrepublic
Earn Crypto for your Memes @ HiveMe.me!
Thanks for your knowledgeable content!
!LUV
!PIZZA
!MEME
@princekham, @asterkame(3/10) sent you LUV. | tools | discord | community | HiveWiki | <>< daily
Credit: lolzbot
Earn Crypto for your Memes @ HiveMe.me!