အီခီဂိုင် (Ikigai) ကိုရှာကြမယ် (၁၂)

အားလုံး မင်္ဂလာပါ။

ဖြစ်ရပ်မှန် လေ့လာမှု: အမေရိကန် သံတမန် တစ်ဦး

မြောက်အမေရိကက အရေးပါတဲ့ သံတမန်တစ်ဦးဟာ လွန်ခဲ့တဲ့ ငါးနှစ်ခန့်က အမေရိကမှာ Frankl ဆီက စတင်ပြီးကုသမှုခံယူခဲ့တာကို ဆက်ဖို့ Frankl ဆီကို ထပ်မံရောက်ရှိလာပါတယ်။ Frankl က သံတမန်နဲ့ ပထမဆုံးတွေ့ဆုံခဲ့ချိန်မှာ သံတမန်ကို ဘာကြောင့် ဒီကုထုံးခံယူခဲ့သလဲလို့ မေးပါတယ်။ သံတမန်က သူ့ရဲအလုပ် ကို မုန်းတဲ့ အကြောင်းနဲ့ သူ့နိုင်ရဲ့ နိုင်ငံတကာ ရေးရာမူဝါဒတွေ ကို လိုက်နာနေရတာကိုလည်း မကြိုက်တဲ့အကြောင်းပြောပါတယ်။ သံတမန်က အရင် နှစ်ပေါင်းများစွာ ကုသမှုခံယူဖူးခဲ့တဲ့ စိတ်ပညာရှင်က သူ့ကို သူ့ရဲ့ဖခင်နဲ့ အဆင်ပြေအောင်နေဖို့တိုက်တွန်းတာပါ။ ဒီလို နေခြင်းအားဖြင့် သူနဲ့ ဖခင်နဲ့ပါတ်သက် အစိုးရနဲ့ သူ့ရဲ့သံတမန်အလုပ်တို့ဟာ ပိုပြီးအဆင်ပြေမှာမို့လို့ ဖြစ်တယ်လို့ ဆိုပါတယ်။ Frankl ဆီက အချိန်ပိုင်း ကူသမှု့ အရေအတွက် အနည်းငယ်ခံယူအပြီးမှာတော့ Frankl ကတော့ သူ့ရဲ့ ဒီလို စိတ်အလိုမကျခံစားနေရတာဟာ အခြားအလုပ်အကိုင်ကို ပြောင်းလဲလုပ်ကိုင်ချင်တာကြောင့်လို့ ဆိုပါတယ်။ ဒါနဲ့ သံတမန်က ဒီစိတ်ကူးအကြံနဲ့ပဲ ကုသခံယူမှုကို အဆုံးသတ်ခဲ့တယ်။
နောက်ငါးနှစ်ကြာပြီးတဲ့နောက်မှာ အဲဒီ သံတမန်က Frankl ကို သူဟာ ဒီငါးနှစ်အတွင်းမှာ အလုပ်အကိုင်အသစ်မှာ လုပ်ကိုင်နေခဲ့တာဖြစ်ကြောင်း နဲ့ သူဟာ ပျော်ရွင်နေပြီဖြစ်ကြောင်း အကြောင်းကြားလာပါတယ်။
Frankl က ဒီသံအမတ်ဟာ စိတ်ပညာရှင်ရဲ့ နှစ်ပေါင်းများ ကုသမှုခံယူဖို့ မလိုအပ်တဲ့အပြင် ကုသမှုလိုအပ်နေတဲ့ ရောဂါသည်တစ်ယောက်လည်းမဟုတ်ဘူး လို့မြင်ပါတယ်။ သူဟာ ဘဝအဓိပ္ပါယ်ရှာဖွေနေသူ တစ်ဦးပါ။ ဒီအဓိပ္ပါယ်ကို တွေ့ရှိသွားချိန်မှာတော့ သူ့ဘဝဟာ ပိုပြီးလေးလေးနက်နက် အဓိပ္ပါယ်ရှိသွားပြီ ဖြစ်ပါတယ်။

(image source: https://thepathtoawesomeness.com/ikigai/)

ဂျပန်စကားလုံး 'Ikigai' ဆိုတာကတော့ 'reason for being' ရှင်သန်ခြင်း အကြောင်းရင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော် Hector Garcia နဲ့ Francesc Miralles "IKIGAI: The Japanese Secret to a Long and Happy Life" ဖော်ပြတာ ဖြစ်ပါတယ်။ နောက်တစ်ပိုစ့်မှာ ပြန် ဆုံပါမယ်။

ဤအားလုံးကျန်းမာကြပါစေ။

@princekham
22nd Oct 2024
Myanmar



0
0
0.000
9 comments
avatar

Gained knowledge about it. Thank you!
!LUV
!PIZZA
!MEME

0
0
0.000