အေးချမ်းကြပါစေ

အားလုံး မင်္ဂလာပါ။

ဒီ တနင်္ဂနွေနေ့က ရိပ်သာမှာ မနက် တစ်နာရီ တရားထိုင်ဖြစ်ခဲ့ပါတယ်။ (တရားစခန်းနဲ့ မတိုက်နေရင် တနင်္ဂနွေတိုင်းမှာ စုပေါင်းတရားထိုင်ရှိပါတယ်။) တရားထိုင်ပြီးမှာတော့ ကိုယ်ရဲ့ အေးချမ်းမှုကုသိုလ်ကို အမျှပေးပါတယ်။

source: https://saratogaocean.com/blog/why-you-need-inner-peace/

အခုချိန်မှာ စစ်မီးက ရှမ်းပြည်မြောက်ပိုင်းမှာ အတော် တောက်လှောင်နေပါတယ်။ အကျိုးဆက်အနေနဲ့ စစ်ရှောင်တော်တော်များများ ဟာ ရှမ်းတောင်ဘက်ကို ရောက်ရှိလာကြပါတယ်။ ငွေကြေးတတ်နိုင်တဲ့ သူတွေတော့ အိမ်တွေငှား၊ ဟိုတယ်မှာ နေကြပေမယ့် အများစုကတော့ ဘုန်းကြီးကျောင်း၊ ရှမ်းစာယှဥ်၊ တရုတ်ဘုံကျောင်းစတဲ့ နေရာက နေရာချပေးတဲ့ နေရာမှာ နေကြရပါတယ်။ အချို့လဲ မြေကွက်လပ်နေရာ လှူတဲ့ သူရှိလို့ တဲထိုးပြီးနေကြပါတယ်။ အခုချိန်အခါမှာ မိုးတွင်းမို့ မိုးက မျက်နှသာမပေးပါ။ မီးကပျက် နဲ့မို့ အဆင်ပြေကြမယ်မထင်ပါဘူး။

စိတ်ရဲ့ အေးချမ်းခြင်းက လဲ ရုပ်ပေါ်မှာလည်းမူတည်နေပါတယ်။ ရုပ်မှာ ကိုယ် မကြိုက်တာကို ကြုံနေ တွေနေရရင် စိတ်က ဒေါသနဲ့ တုန့်ပြန်နေမှာမို့ပါ။ ပြီးတော့ ဒီဒေါသက စိတ်ထဲမှာ ကိန်းနေပြီး တခြားလူတစ်ယောက်အပေါ်မှာ ဖွင့်အန်မိပါမယ်။ အဲဒါနဲ့ မကောင်းတဲ့ တုန်ခါမှု vibration က အခြားသူတွေဆီကို ဆင့်ကာ ဆင့်ကာ ကူးသွားပါတော့တယ်။

စိတ်ရဲ့ အေးချမ်းခြင်းကို ရဖို့ ဆိုရင် ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေမှု ရှိအောင် လုပ်ရမယ့်အပြင် ဒီရုပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကိုလဲ ဒေါသ စတာတွေနဲ့ မတုန့်ပြန်မိအောင် သတိ ဥပက္ခါနဲ့ (မချစ်မမုန်း တဲ့စိတ်နဲ့) ရှုနိုင်ဖို့လိုပါတယ်။ ပြီးတော့ တပါးလူကနေ ထပ်ဆင့်ကူးလာတဲ့ တုန်ခါမှု တွေကို လဲ မတုန့်ပြန်မိအောင် သတိထားရမှာဖြစ်ပါတယ်။ အောက်က တော့ ဥပက္ခါ (equanimity) ကို အဓိပ္ပါယ် ဖွင့်ဆိုထားတာဖြစ်ပါတယ်။

source: https://www.linkedin.com/posts/vishal-goenka-a66a0918_vipassana-meditation-dhamma-activity-6871695282279649280-0sDb/

ရုပ်ပိုင်းဆိုင်ရာ လိုအပ်တာကို မလုပ်ပဲ၊ တရားထိုင်ပြီး စိတ်အေးချမ်းဖို့ ပဲ ပြောရင်လဲ သဘာဝမကျဘူးလို့ ထင်ပါတယ်၊ အကူအညီလိုအပ်သူတွေကို တတ်နိုင်တဲ့ဘက်က လှူဒါန်းကူညီရမှာဖြစ်ပါတယ်။

စိတ်ရဲ့အေးချမ်းမှု နဲ့ မေတ္တာတရားရရှိမှု ကလဲ အရေးပါပါတယ်။ နောက်ပိုင်း မှာတော့ မှန်မှန်ကန်ကန် ဆုံးဖြတ် လုပ်ကိုင်နိုင်ဖို့ စိတ်အေးချမ်းမှုရှိဖို့လိုတယ်လို့ ခံစားနားလည်လာမိပါတယ်။ ဒီလို စိတ်အေးချမ်းမှုရှိအောင် ကျွန်တော်တို့ တရားထိုင် ဝိပဿနာ အားထုတ်ရတာလို့လဲ မြင်လာမိပါတယ်။ အခြားသူတွေကို လဲ အားထုတ်စေချင်မိလာပါတယ်။

နောက်ပိုင်း ဘာသိလာမိလဲဆိုတော့ ပြင်ပ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံနေသူတစ်ယောက်အတွက် စိတ်အေးချမ်းဖို့ဆိုတာ ပြင်ပအရာတွေပေါ်မှာ မမူတည်နေဘူးဆိုတာပါပဲ။ ချမ်းသာပြီး စိတ်ပိုင်းဆိုင်ရာ အလို မပြည့်မှု၊ မကျေနပ်မှု ၊ မုန်းတီးမှု ၊ မာန်မာနတွေနဲ့ ပူလောင်နေကြသူတွေအများကြီးမို့ပါ။ စိတ်အေးချမ်းဖို့ ကိုယ်မှာပဲ ရှာရတယ်ဆိုတာ လက်ခံလာမိပါတယ်။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

@princekham
29th July 2024
Myanmar



0
0
0.000
11 comments
avatar

လောလောဆယ်တော့ ဝင်လေ ထွင်လေ နဲ့တင် ထစ်လည်နေတုန်းပဲ အကိုရေ။
တချိန် တချိန်နဲ့ အချိန်ဆွဲခဲ့တာလည်း များပြီ။ ကြိုးစားကြည့်ပါဦးမယ်။

0
0
0.000
avatar

ဝိပဿနာနဲ့ တွဲမှတ်ရင် ပို မြန်မယ် ထင်တယ်။ ပေါ်လာတဲ့ ဝေဒနာတွေကို မတုန့်ပြန်ပဲ ရှုတာပါ။ ခန္ဒာ မှာဖြစ်တဲ့ ဝေဒနာ ရော စိတ်က ဝေဒနာ ရောရှုလို့ရပါတယ်။ စိတ်မငြိမ်တာက ကျွန်တော်တို့ စိတ်က တုန့်ပြန်မှုတွေများနေလို့ပါ။

0
0
0.000
avatar

မျှဝေပေးတာ ကျေးဇူးပါဗျာ။
ကျုပ်တို့မှာ‌ တော့ အပူဓာတ်တွေ ရှိနေသေးသပ။
!LOLZ
!MEME

0
0
0.000