အာရုံ
အားလုံး မင်္ဂလာပါ။
အခု ခောတ်က အာရုံများတဲ့ ခေါတ်လို့ ပြောရမလား။ လူငယ်ဆိုရင် ဖုန်းနဲ့ပဲ တစ်ချိန်လုံးအာရုံရောက်နေတာ သတိထားမိတယ်။ သူတို့အာရုံတွေက ဖုန်းမှာ ပဲ ရောက်နေတယ်။ ထမင်းစားရင်တောင်ဖုန်းလေးကြည့်နေရမှ။ မယ်မယ်ရရ လေ့လာမှုတွေလုပ်နေလားဆိုတော့ လဲ မဟုတ်။ Facebook လေးကြည့်လိုက်၊ TikTok လေးကြည့်လိုက်၊ ဂိမ်းဆော့လိုက် အာရုံကို အစာကျွေးနေတာ။ ပြီးတော့ ဖုန်းကြည့်လို့ မျက်စိညောင်းရင် အိပ် လိုက်နဲ့ အလုပ်ဖြစ်နေတာ။ အခု အကို နဲ့ အတူပါလာတဲ့ တူလေးကို ပြောတာပါ။ သူ့အဖေက အအိပ်လျော့ဖို့ပြောလဲ မရ။ ဒီလို ပဲ ဖုန်းလေးကြည့်လိုက်၊ အိပ်လိုက် အစားစားလိုက်၊ ဘာမှ လေးလေးနက်နက်ထားပုံလဲ မရှိနေသလိုပါပဲ။
အခု ခေါတ်ကလေး တွေကို စနစ်တကျ ထိန်းကျောင်းနိုင်ဖို့က မိဘတွေရဲ့ တာဝန်ပါပဲ။ ဒီအာရုံကို ဘယ်လို ထိန်းကျောင်းမလဲ။ Stanford တက္ကသိုလ်က ကလေးငယ်တွေနဲ့ ပြုလုပ်တဲ့ စမ်းသပ်ချက်ကို ကြားဖူးကြမယ်ထင်ပါတယ်။ အဲဒီစမ်းသပ်ချက်မှာ ကလေးတွေအနေနဲ့ မစောင့်ဘဲ ချက်ချင်း ဆုလဒ်ယူမယ်ဆိုရင် ချိုချဥ်စားရမယ်၊ ဒါမှမဟုတ် ကြာကြာ စောင့်ပြီး သူတို့ပိုကြိုက်တဲ့၊ ပိုကောင်းတဲ့ ဆုကိုလဲယူနိုင်တယ် ဆိုပြီး စမ်းသပ်ချက်ပြုလုပ်ပါတယ်။ ဒီစမ်းသပ်ချက်အရ ချက်ချင်းဆုလဒ်ကို မယူပဲ သူတို့ ပိုလိုချင်တဲ့ ဆုလဒ်စောင့် ယူတဲ့ကလေးတွေက အရွယ်ရောက်လာချိန်မှာ ဘဝမှာ ပိုမိုအောင်မြင်အဆင်ပြေတယ် တွေ့ရတယ်လို့ဆိုပါတယ်။
အပေါ်က စမ်းသပ်ချက်အရဆိုရင်တော့ လက်ရှိ လိုချင်တဲ့ စိတ်အာရုံကို ကျော်ဖြတ်နိုင်တဲ့သူတွေက သူတို့ဘဝကို ပိုမို ထိန်းကျောင်းနိုင်တယ်လို့ ဆိုရမယ်ထင်ပါတယ်။ လောလောဆယ်ဖြစ်ပေါ်နေတဲ့ လိုချင်တဲ့ အာရုံကို ကျော်နိုင်ဖို့ဆိုရင် ဝိပဿနာ အားထုတ်ဖို့ကို ပဲ အားပေး အကြံပြုရမယ်ထင်ပါတယ်။ မိတ်ဆွေတွေကော ဘယ်လို အကြံကောင်းတွေပေးချင်ပါသလဲ။
အားလုံးကျန်းမာ ချမ်းသာကြပါစေ။
@princekham
25th May 2024
Myanmar
Experiment is nice for children!
!LUV
!PIZZA
!MEME
Yes. Thanks!
!LUV !MEME !PIZZA
$PIZZA slices delivered:
@princekham(1/10) tipped @asterkame
asterkame tipped princekham
!hiqvote
@princekham, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.
In addition, @princekham gets !LOOL from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
!pizza
!LOLZ
!MEME