မိသားစုဇာတ်ကြောင်း ၂ / မိဘဘဝ

ယခင် သားဦး မွေးဖွားစဉ်က ယခုလို မဟုတ်ပေ။
ထိုစဉ်က နိုင်ငံရေးအခြေအနေ ကောင်းသည်။
ကျွန်တော်၏ ဇနီးက အစိုးရဝန်ထမ်း ဖြစ်သည်။
ကျွန်တော်တို့သည် နိုင်ငံတော်မှ နေထိုင်ခွင့် ပေးထားသော စစ်ကိုင်းမြိုပေါ်က တိုက်ခန်း မှာ နေထိုင်ကြသည်။

ကျွန်တော်တို့နှင့်အတူ ဇနီး၏ ညီမ နှစ်ယောက် နေထိုင်ခဲ့ကြသည်။
သားဦး မွေးခါနီးမှာ ဇနီး၏ အမေ (အမေကြီး) လည်း အတူ လာနေခဲ့သည်။
ကျွန်တော်တို့သည် သားဦး ကို ပုဂ္ဂလိက ဆေးရုံတစ်ခု မှာ မွေးဖွားခဲ့သည်။
မွေးဖွားစရိတ် မြန်မာငွေ ၁၀ သိန်း ကျော် ကုန်ကျခဲ့သည်။ ( ထိုစဉ်က မြန်မာငွေ ၁၀ သိန်း သည် USD$ 715 ဝန်းကျင် ရှိသည်။ ယခုတော့ မြန်မာငွေ ၁၀ သိန်း သည် USD$ 358 မျှသာ ရှိတော့သည်။)

ကျွန်တော်တို့သည် ပထမဆုံး သားဦး မွေးစဉ်က စိတ်လှုပ်ရှား ရင်ခုန် ကြည်နူးခဲ့ရသည်။
စိတ်ပင်ပန်းမှုတော့ မရှိခဲ့ပါ။
သား မွေးပြီး ရက်မကြာ၌ ကျွန်တော်က အလုပ် ပုံမှန်လုပ်နိုင်ခဲ့သည်။
သား ကလေး ကို ပြုစု စောင့်ရှောက်ရန် မပူခဲ့ရပါ။
ထိုစဉ်က သား ကို ပြုစု စောင့်ရှောက်ရန် မိဘတွေ အပြင် အမေကြီး နှင့် ဒေါ်လေး နှစ်ယောက် ရှိခဲ့သည်။

ယခုတော့ ထိုသို့ မဟုတ်တော့ပေ။
ကျွန်တော်၏ ဇနီး သည်လည်း စစ်အာဏာရှင် လက်အောက်မှာ တာဝန် မထမ်းဆောင်ချင်၍ အလုပ်ထွက်ခဲ့ရသည်။
ကျွန်တော်တို့သည် ယခုအခါ ရွာငယ်တစ်ရွာမှာ အိမ် ငှားကာ နေထိုင်နေကြသည်။
ကျွန်တော်က မိသားစု အတွက် ဝင်ငွေရှာဖွေနေစဉ် ဇနီးက အိမ်မှုကိစ္စလုပ်ကာ နေကြသည်။
ဤသို့ ရှိကြစဉ် လွန်ခဲ့သော တစ်ပတ်ကျော်မှာတော့ ကျွန်တော်တို့ မိသားစု ထဲသို့ သမီး တစ်ယောက် ထပ်မံ ရောက်ရှိခဲ့တော့သည်။

သမီးလေး မွေးတော့ သား မွေးစဉ်ကလို မဟုတ်ပေ။
မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့ အစွန်က ပုဂ္ဂလိဆေးရုံငယ် တစ်ခုမှာ သမီးလေး ကို မွေးဖွားခဲ့သည်။
ဇနီးသည်၊ သား နှင့် သမီးငယ် အတွက် အကူအညီရရန် ညီမတစ်ယောက် ကို ခေါ်ထားခဲ့သည်။
သမီးလေး မွေးတော့ ဆေးရုံမှာ မိတ်ဆွေတစ်ယောက်လည်း အတူ လိုက်စောင့်ရှောက်ပေးခဲ့သည်။

သို့သော် မိဘတို့၏ ဒုက္ခဝန်တာကတော့ ခက်ခဲလှပါသည်။
သမီးလေး မွေးပြီး မိသားစုထဲ လူဦးရေ တိုးလာတော့ သားကြီး၏ စိတ်ခံစားမှု နှင့် မိဘ၏ စိတ်ခံစားချက်တွေကို ဆက်လက်ဖော်ပြပေးပါမည်။

ဆက်ရန် ...



0
0
0.000
5 comments