၂၀၂၅ ကို ကံကောင်းစေမယ်

"၂၀၂၅ ရေ.....
မင်းကိုငါ ကံကောင်းစေမယ်လို့ ကတိပေးတယ်..."


ကျွန်တော် မန္တလေးမှာ အလုပ်ပြန်လုပ်နေတာ ၂ လနီးပါးရှိပါပြီ။ မိမိ ကျွမ်းကျင်တဲ့ အလုပ်ဖြစ်ပေမဲ့ အသက်ရွယ်က ၃၀။ ထိပ်စီးပြောင်းလာပြီဖြစ်လို့ အရင်လို စိတ်သွားတိုင်း ကိုယ်မပါတော့ပေ။ ဒါကြောင့် စိတ်ထဲမှာ ကိုယ့်အသက်ရွယ်နှင့် သင့်တော်ပြီး ကိုယ်လည်း စိတ်ဝင်စားတဲ့ အလုပ်ကို စဉ်းစားမိတယ်။ ပထမဆုံး စဉ်းစားမိတာက Cryptos Trading။ ဒုတိယ ကလက်ရှိအလုပ်မှာ Manager Position အထိ ရောက်အောင်လျှောက်လှမ်းဖို့။

ဒီနှစ်ခုမှာ စဉ်းစားစရာတွေ အများကြီး ရှိတယ်။ တစ်ချို့ Cryptos ဘရိုတွေ ထိုင်းမှာ အခြေချပြီး အောင်မြင်နေတာကို ကြားသိရတော့ အားကျပြီး မိမိလည်း အဲ့ဒီလို ဖြစ်ချင်လာတယ်။ Cryptos နယ်ပယ်ကလည်း အပြောလွယ်သလောက် အလုပ်ခက်တဲ့အထဲမှာ ပါတယ်။ Cryptos က ဆုံးရှုံးမှု (Risk) များသလို အဓိက အရင်းအနှီးရှိဖို့လည်း လိုအပ်တယ်။ နောက်တစ်ခု လက်ရှိလုပ်ငန်းမှာ Manager Level ထိရောက်ရှိရန်မှာလည်း ပြောသလောက် မလွယ်ကူပါ။ နိုင်ငံရေးအခြေနေနဲ့ ကျပ်တည်းနေတဲ့ စီးပွားရေးကြောင့် ဒီအလုပ်က ဘဝပြောင်းလောက်အောင်ထိတော့ မဖြစ်နိုင်ပေ။ ဒါကြောင့် လက်ရှိအလုပ်ကိုကြိုးစားလုပ်ကာ အရင်းအနှီးစုမယ်။ ပြီးရင် Cryptos နယ်ပယ်မှာ လုပ်ဖို့ဆုံးဖြတ်ထားတယ်။

နှစ်ဟောင်းကုန်တော့မယ်။ ၂၀၂၂ မှာ နိုင်ငံရေးကြောင့် ဘာမှ မလုပ်ဖြစ်ခဲ့ ၂၀၂၃ နဲ့ ၂၀၂၄ မှာ အနိမ့်၊ အမြှင့် ဘဝနှစ်ခုရဲ့ ထုထောင်းမှုကြားမှာ သဲ့သဲ့ကလေးသာကျန်တဲ့ စိတ်ကို အနိုင်နိုင်တင်းရင်း ခက်က်ခဲခဲ ဖြတ်သန်းခဲ့ရတယ်။ ၂၀၂၅ မှာတော့ ကံကောင်းခြင်းတွေဖြစ်လာဖို့ မျှော်လင့်မိတယ်။ ဒီနေ့ နာယူမိတဲ့ ပါချုပ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်အတိုင်း လိုက်နာကျင့်သုံးဖို့ စိတ်ဆုံးဖြတ်ထားတယ်။

ဆရာတော်ဟောထားတာက "လူတွေက ကံမကောင်းဘူးလို့ ညည်းနေကြတယ်" တကယ်တော့ မိမိရဲ့ စိတ်မှာ မကောင်းတာတွေ ဖြစ်နေလို့ မကောင်းတာတွေနဲ့ ကြုံတွေ့ရတာ။ မိမိရဲ့ စိတ်ထဲမှာ ကောင်းတာတွေ စဉ်းစားပြီး၊ ကောင်းမွန်တဲ့ အတွေးတွေ တွေးမှသာ ကိုယ်တိုင်က ကောင်းတာတွေ လုပ်ဆောင်လာပြီး ကံကောင်းခြင်းတွေ မိမိဆီမှာ ဖြစ်လာမှာ ဖြစ်တယ်"

ဒါကြောင့် ကျွန်တော့်ရဲ့ စိတ်မှာ ကောင်းတဲ့အရာတွေပဲ တွေးပြီး မကောင်းတဲ့ စိတ်အပုပ်အဟောင်းတွေ ဖယ်ရှားမယ်။ မှန်ကန်တဲ့ သစ္စာ စကားကိုတိုင်တည်ပြီး မိမိရဲ့ ရည်မှန်းချက်အတွက် ကြိုးစားအားထုတ်မယ်။ အတွေးသစ်အမြင်သစ်တွေနဲ့ ဘဝကို အသစ်က ပြန်စမယ်။

"၂၀၂၅ ရေ.....
မင်းကိုငါ ကံကောင်းစေမယ်လို့ ကတိပေးတယ်..."

IMG_20241104_154145.jpg

ဒီပုံက မန်းလေးအလုပ်လျှောက်သွားတော့ အမေနဲ့ တူမလေးတို့နဲ့ လမ်းမှာ ဆိုင်ကယ်ရပ်နားတုန်း ဓာတ်ဖမ်းထားတာ


IMG-332904d24d5f8f929e932edf8f17a9fe-V.jpg
IMG_20241029_123905.jpg

ဒါကတော့ မွေးနေ့မှာ ကျွန်တော့်ရဲ့ ချစ်ချစ်နဲ့အမှတ်တရ


IMG_20241107_094354.jpg

ပြင်ဉီးလွင် အနီးစခန်း၊ ရွှေကျောင်း ဘုန်းကြီးကျောင်း


IMG_20241108_125216.jpg

IMG_20241108_130842.jpg

IMG_20241108_095804.jpg
IMG_20241108_102716.jpg

မန်းလေးမဆင်းခင် အမှတ်တရများ


IMG_20241108_121357.jpg

မန်းလေးဆင်းဖို့ အထုတ်တွေ ပြင်ဆင်နေပုံ


IMG_20241110_175858.jpg

၉.၁၁.၂၄ ပထမဆုံး အလုပ်စဆင်းရက်


IMG-18f6d3b0b0da794ba087817029dbaffe-V.jpg

ကျွန်တော့်ချစ်ချစ် ပထမဆုံး ကျွန်တော်နေတဲ့အဆောင်ကို လာရောက်တွေ့ဆုံတုန်းက


IMG_20241118_133253.jpg

ကျွန်တော်အကြိုက်ဆုံး အလုပ်က လှမ်းမြင်ရတဲ့ ရှုခင်း


IMG_20241115_220754.jpg

တန်ဆောင်မုန်း လပြည့်ည


IMG_20241203_111540.jpg

အလုပ်က Fire Training အမှတ်တရ


#ကိုကိုမိုးဟိန်း
#KoKoMoeHein

@myanmarkoko



0
0
0.000
10 comments
avatar

화이팅!KoKo 5tin💙👾

0
0
0.000
avatar

ကျေးဇူးပါ ချစ်ရေ...
၂၀၂၅ မှာ ကံကောင်းခြင်းတွေ ရရှိရမယ်...

0
0
0.000