ရွှေ့ပြန်ပြီတဲ့

US အစိုးရဟာ သူတို့သိမ်းဆည်းရမိထားတဲ့ Bitcoin ပေါင်း 203,000 ထဲကနေ 10,000 BTC ဝန်းကျင်ကို အပြင် wallet address တခုထဲကို ရွှေ့ပြောင်းလိုက်ပါတယ်။ မကြာသေးခင်ကပဲ အခြား wallet address တခုထဲကို 29,800 BTC အထိ ရွှေ့ပြောင်းခဲ့ပြီးနောက်မှာ နောက်တကြိမ် $600 million ဖိုး ထပ်ရွှေ့လာတာဖြစ်ပါတယ်။

Bitcoin ဈေးဟာလည်း ဒီရက်ပိုင်းမှာ တဖြည်းဖြည်း ပြန်ကျလာနေပြီး US ရဲ့ ငွေကြေးဖောင်းပွမှုနှုန်း data ဟာ မျှော်မှန်းထားတာထက်ကို လျော့နည်းပြီး ထွက်လာခဲ့ပေမယ့် ကမ္ဘာ့စီးပွားရေးအခြေအနေမကောင်းလာတာတွေကြောင့် cryptocurrency ကဏ္ဍဖက်မှာ ဝယ်လိုအားနည်းလာတာလို့ ယူဆရပါတယ်။

ဒီလိုအခြေအနေကြားမှာ US အစိုးရက 10,000 BTC ရွှေ့လိုက်တာကြောင့် ထုတ်ရောင်းတော့မှာလားဆိုတဲ့ စိုးရိမ်စိတ်တွေဟာ ဈေးကွက်အပေါ် သက်ရောက်မှု ရှိခဲ့နိုင်ပါတယ်။

တဖက်မှာလည်း Mt. Gox exchange ကနေ Bitcoin တွေ ပြန်အမ်းပေးနေတာကြောင့် BTC ရောင်းအားတွေ ရှိနေပြီး လောလောဆယ်မှာ 90,000 BTC အထိ ပြန်အမ်းပေးဖို့ ရှိနေပါသေးတယ်။
ဒါကြောင့် ဒီရက်ပိုင်းတွေမှာ အရောင်းအဝယ်တွေကို သတိထားလုပ်သင့်ပြီး အထူးသဖြင့် အဝယ်ကို DCA လုပ်လို့ ကောင်းတဲ့ကာလတွေပါပဲ။

Reference Link: https://cointelegraph.com/news/breaking-us-government-moves-10-000-bitcoin

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments