ရှာကြည့် ရအောင်ဟေ့

avatar

Trust wallet team ဟာ Trust wallet မှာ ဖြစ်နေတဲ့ bug တွေကို ရှာပေးနိုင်တဲ့သူတွေကို ဆုပေးမယ်ဆိုပြီး bug bounty program တစ်ခုလုပ်ထားပါတယ်။ ဒီ program ကနေတဆင့် security researcher တစ်ယောက်ဟာ Trust wallet မှာ ဖြစ်နေတဲ့ ချို့ယွင်းချက် bug တစ်ခုကို ရှာတွေ့ခဲ့ပြီး Trust team ဆီကို report တင်ခဲ့ပါတယ်။

Trust team ဖက်က စစ်ဆေးပြီးနောက်မှာတော့ 2022 ခုနှစ် November လ 14 ရက်ကနေ 23 ရက် အတွင်း browser extension ကနေ အသစ်ဖွင့်ထားတဲ့ Trust wallet တွေမှာ ဒီ bug ပါနေခဲ့ကြောင်းကို ကြေငြာလာခဲ့ပါတယ်။ ဒီ bug ကြောင့် စုစုပေါင်း $170,000 နီးပါး ခိုးယူခံခဲ့ရတဲ့ ကိစ္စ၂ခုလည်းဖြစ်ခဲ့ပြီးတော့ အခုလက်ရှိမှာ ဒီ bug ပါနေသေးတဲ့ Trust wallet ပေါင်း 500 လောက်လည်းရှိနေသေးပြီး ဒီ wallet တွေထဲမှာ $88,000 အထိ ရှိနေပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ Trust wallet အသစ် ဖွင့်ထားခဲ့ပြီးတော့ asset တွေ ပျောက်ဆုံးနေတာမျိုးရှိခဲ့ရင် Trust team ကို အကြောင်းကြားနိုင်ပြီးတော့ Trust ဖက်ကနေ gas fees အပါအဝင် ဆုံးရှုံးခဲ့ရသမျှကို ပြန်လျော်ပေးသွားမှာဖြစ်ကြောင်း ကြေငြာပေးထားပါတယ်။ ဒါ့အပြင် ဒီ wallet ပိုင်ရှင်တွေအနေနဲ့လည်း အခြား wallet တစ်ခုခုထဲကို asset တွေ ရွှေ့ထားသင့်ကြောင်းလည်း တိုက်တွန်းထားပါတယ်။

ဒါကြောင့် 2022 ခုနှစ် November လ 14 ရက်ကနေ 23 ရက် အတွင်းဖွင့်ထားမိခဲ့တဲ့ Trust wallet တွေရှိပြီးတော့ crypto တွေထည့်ထားမိခဲ့ရင် ပြန်စစ်ကြည့်ကြပါဦး။ ဒီအချိန်မတိုင်ခင်နဲ့ ပြီးနောက်ပိုင်း ဖွင့်တဲ့ Trust wallet တွေကတော့ စိတ်ပူစရာမရှိပါဘူး။

Reference Link: https://cointelegraph.com/news/trust-wallet-to-reimburse-users-after-170-000-security-incident

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments