Unlock is Coming

Wormhole၊ Avalanche တို့တင်ပဲ $450 million လောက်အထိ unlock ဖြစ်လာနိုင်တာကြောင့် ဒီ crypto တွေ ကိုင်ထားသူတွေအနေနဲ့ သတိထားသင့်ပါတယ်။

Wormhole ဟာ သူတို့ရဲ့ W token ပေါင်း 600 million ကို August လ 3 ရက်နေ့ ညနေ 5 နာရီမှာ ဈေးကွက်ထဲ ထည့်ပေးလိုက်ဖို့ ရှိနေပြီးတော့ လက်ရှိပေါက်ဈေးဖြစ်တဲ့ 1 W ကို 0.3$ ဈေးနဲ့ဆိုရင် $180 million လောက်အထိ တန်ဖိုးရှိပါတယ်။ အခု unlock ဟာ Wormhole ရဲ့ 3 ကြိမ်မြောက် unlock ဖြစ်ပြီးတော့ ဒီ unlock အပြီးမှာ 51% အထိ circulating supply ဖြစ်လာမှာပါ။

Optimism ကတော့ 31.3 million OP ကို July လ 31 ရက်နေ့မှာ ရင်းနှီးမြှုပ်နှံသူတွေဆီ ထုတ်ပေးသွားမှာဖြစ်ပြီး $55 million အထိ တန်ကြေးရှိပါတယ်။

Decentralized Exchange တခုဖြစ်တဲ့ dYdX ရဲ့ DYDX token ပေါင်း 8.33 million ဟာလည်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဝန်ထမ်းတွေဆီကို August လ 1 ရက်နေ့မှာ ဖြန့်ဝေပေးသွားမှာဖြစ်သလို မကြာသေးခင်ကမှ hack ခံထားရတဲ့ကိစ္စကြောင့် သူတို့ရဲ့ software အချို့ကိုပါ ထုတ်ရောင်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Launch လုပ်ခဲ့တာ 15 လ ရှိပြီဖြစ်တဲ့ Sui ကတော့ SUI token ပေါင်း 64 million ကို August လ 1 ရက်နေ့မှာပဲ unlock လုပ်ပေးသွားမှာဖြစ်ပြီး သူနဲ့ ပြိုင်ဖက်လိုလို၊ မိတ်ဖက်လိုလို project ဖြစ်တဲ့ Aptos ရဲ့ APT 11.31 million ဟာလည်း August လ 12 ရက်နေ့မှာ unlock ဖြစ်လာဦးမှာပါ။

Gaming platform တခုဖြစ်တဲ့ Sandbox ရဲ့ SAND ပေါင်း 205 million ကတော့ August လ 14 ရက်နေ့မှာ unlock ဖြစ်လာမှာဖြစ်ပြီး Ethereum Layer 2 network ဖြစ်တဲ့ Arbitrum ရဲ့ ARB token ပေါင်း 92.6 million ဟာလည်း August လ 16 ရက်နေ့မှာ unlock ဖြစ်လာဖို့ ရှိနေပါတယ်။

Token unlock တွေဖြစ်လာပြီး ဈေးကွက်ထဲမှာ token supply တွေ တိုးလာတဲ့အခါ ဈေးကျတတ်လေ့ရှိတာကြောင့် သက်ဆိုင်ရာ cryptocurrency တွေ ကိုင်ထားကြသူတွေအနေနဲ့ token unlock ဖြစ်လာမယ့်ကာလတွေမှာ အဆုံးအရှုံးနည်းအောင် သတိထားပြီး trade သင့်ပါတယ်။

Reference Link: https://www.theblock.co/post/307939/august-preview-nearly-1-billion-in-unlocks-planned-for-these-token-projects

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments