သူများတွေ ကြတော့လဲ

US ရွေးကောက်ပွဲအတွက် Democrat ပါတီတွင်းအရှုပ်အရှင်းတွေအကြောင်းပြုပြီး ဒုတိယသမ္မတ Kamala Harris နာမည်နဲ့ memecoin တွေ ဈေးတက်နေပါတယ်။ အထူးသဖြင့် Joe Biden ဟာ Democrat Party ရဲ့ သမ္မတလောင်းနေရာကနေ အထုတ်ခံရပြီး ဒုတိယသမ္မတ Kamala Harris က အစားထိုးဝင်လာမယ်ဆိုတဲ့သတင်းတွေကြောင့် Kamala နာမည်ကို စာလုံးပေါင်းတဲ့ပုံစံနဲ့ လှောင်ပြောင်ထုတ်ထားတဲ့ KAMA (Kamala Horris) ဆိုတဲ့ solana memecoin ဟာ ဈေးတွေတက်နေပြီး marketcap ဟာလည်း $22 million နီးပါးအထိကို ရှိလာခဲ့ပါတယ်။

It is down from its $22.2 million market cap peak earlier on July 3.
June လ 27 ရက်နေ့က ပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲအတွက် Joe Biden နဲ့ Donald Trump တို့ရဲ့ စကားစစ်ထိုးပွဲမှာ Joe Biden ရဲ့ စကားပြောစွမ်းရည် သိသိသာသာကို ကျဆင်းနေတာကို အများမြင်တွေ့ခဲ့ရပြီးနောက်မှာ Biden ကို Democrat Party အတွက် ဆက်ပြီး ကိုယ်စားပြုစေသင့်၊ မစေသင့်ဆိုတာကို party တွင်း သဘောထားကွဲလွဲမှုတွေဖြစ်နေကြောင်းလည်း သတင်းတွေ ထွက်နေပါတယ်။

စကားစစ်ထိုးပွဲအပြီးမှာလည်း Joe Biden memecoin ဖြစ်တဲ့ BODEN (Jeo Boden) token ဟာ တပတ်အတွင်းမှာ 73.4% အထိ ကျဆင်းခဲ့ပါတယ်။ နိုင်ငံရေးမှာ အရှိန်အဝါကြီးတဲ့ ပုဂ္ဂိုလ်တွေကို အမှီပြုပြီး လိုက်ထုတ်ထားတဲ့ memecoin တွေကို Politifi token တွေအဖြစ်လည်း ခေါ်ကြသလို သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ သတင်းတွေ၊ စွမ်းဆောင်ရည်တွေအပေါ် မူတည်ပြီး ဈေးအတက်အကျဖြစ်လေ့ရှိတာကြောင့် ဒါဟာလည်း 2024 ရဲ့ crypto trend အသစ်တွေထဲက တခုလို့ ဆိုရမှာပါပဲ။

Joe Biden ကတော့ သူ့ကို ဘယ်သူမှတွန်းထုတ်မနေကြောင်းနဲ့ သူကလည်း ဘယ်ကိုမှထွက်သွားမှာမဟုတ်ဘဲ အဆုံးထိဆက်ပြိုင်နေမှာဖြစ်ကြောင်း July လ 3 ရက်နေ့က interview တခုမှာ တုံ့ပြန်ထားပါတယ်။ ဒါပေမယ့် Joe Biden အနေနဲ့ သမ္မတနေရာအတွက် အသက်အရမ်းကြီးနေပြီဖြစ်ကြောင်း CBS သတင်းဌာနရဲ့ စစ်တမ်းတခုမှာလည်း တွေ့ရသလို crypto လောင်းကစား website တခုဖြစ်တဲ့ Polymarket မှာလည်း Joe Biden အနေနဲ့ သမ္မတလောင်းအဖြစ်ကနေ ဖယ်ပေးရတော့မယ်ဆိုတဲ့ ဖြစ်နိုင်ခြေဟာ 64% အထိကို လောင်းကြေးတွေ ထပ်နေကြပါတယ်။

ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီးတော့ project roadmap သေချာမရှိတဲ့ memecoin တွေနဲ့ လောင်းကစားတို့ဟာ ငွေကြေးထည့်ပြီး မစမ်းသပ်သင့်တဲ့အရာတွေဖြစ်ပါတယ်။ တကယ်လို့ ထီထိုးသလို၊ ကံစမ်းသလို စမ်းသပ်ကြည့်ချင်တယ်ဆိုရင်လည်း သေချာလေ့လာဆန်းစစ်သုံးသပ်ပြီးမှသာ အရောင်းအဝယ်လုပ်သင့်ပါတယ်။

Reference Link: https://cointelegraph.com/news/kamala-harris-memecoin-surges-after-biden-debate

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments