မင်းလည်း စွဲ၊ ငါလည်း ပြန် စွဲ

avatar

2023 နှစ်စတည်းကစလို့ crypto company တွေကို တရားစွဲချင်တိုင်းစွဲနေတဲ့ US SEC (Securities and Exchanges Commission) ကို Coinbase ကတော့ တစ်ဖန် တရားပြန်စွဲလိုက်ပါပြီ။

တရားစွဲရတဲ့အကြောင်းရင်းကတော့ SEC အနေနဲ့ crypto industry အတွက် စည်းကမ်းသတ်မှတ်ချက်တွေကို မရှင်းမလင်း မတိမကျလုပ်နေတာကြောင့်ဖြစ်ပြီး အခုလက်ရှိ security product တွေရဲ့ စည်းကမ်းသတ်မှတ်ချက်လုပ်ငန်းစဉ်တွေဟာ crypto industry ထဲကိုပါ သက်ရောက်မှုရှိနိုင်လား၊ မရှိနိုင်လားဆိုတာကိုပါ ဖြေပေးဖို့ SEC ကို ဖိအားပေးစေလိုကြောင်း Coinbase ဖက်ကနေ တရားရုံးကို တောင်းဆိုထားပါတယ်။

Coinbase ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သေချာရှင်းလင်းပေးဖို့ 2022 ခုနှစ် July လတုန်းက petition တစ်ခုနဲ့ SEC ကို တောင်းဆိုထားခဲ့တာဖြစ်ပြီး SEC က ရေရာသေချာတဲ့အဖြေမပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း 2022 ခုနှစ်နှောင်းပိုင်းမှာတော့ ထိပ်သီး crypto exchange ကြီးဖြစ်တဲ့ FTX ပြိုလဲမှုနဲ့ ပတ်သက်ပြီးတော့ အိမ်ဖြူတော်ကနေ SEC အနေနဲ့ ဒီကိစ္စကို တားလို့ရခဲ့သားနဲ့ မတားခဲ့ကြောင်း အပြစ်တင်ခံခဲ့ရပြီးနောက်မှာ SEC ဖက်ကနေ crypto company တွေ တစ်ခုပြီးတစ်ခုကို အကြောင်းမရှိအကြောင်းရှာ တရားစွဲတာတွေ ဆက်တိုက်လုပ်လာခဲ့တာဖြစ်ပါတယ်။

Reference Link: https://www.cnbc.com/2023/04/24/coinbase-sues-sec-after-months-of-silence-from-federal-regulator.html

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments