ကြီးကြပ်ကြေး တဲ့

avatar

NYDFS (NewYork Department of Financial Services) ဟာ New York ပြည်နယ်အတွင်းမှာ မှတ်ပုံတင်ထားတဲ့ crypto exchange တွေကို နှစ်စဉ်အခကြေးငွေ ကောက်ခံသွားတော့မှာဖြစ်ကြောင်း ဆိုလာပါတယ်။ ကောက်ခံရတဲ့အကြောင်းရင်းကတော့ NYDFS ဟာ crypto company တွေကို ကြီးကြပ်စစ်ဆေးပေးရတဲ့အတွက်ဖြစ်ပြီး company ကြီးရင်ကြီးသလောက်၊ company ရဲ့ လုပ်ငန်းလုပ်ကိုင်ပုံ ရှုပ်ထွေးရင်ရှုပ်ထွေးသလောက် ကောက်ခံငွေပိုများမှာလည်းဖြစ်ပါတယ်။

အခု New York ပြည်နယ်တွင်းမှာ Bitlicense ဆိုတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ဆိုတာ ရှိပြီးတော့ ဒီ Bitlicense ရထားပြီးသား crypto company တွေ အကုန်လုံးကို NYDFS ဖက်က ကြီးကြပ်ကြေးကောက်ခံသွားတော့မှာပါ။

NYDFS ရဲ့ ဥက္ကဌကတော့ ဒီလိုမျိုး အခကြေးငွေယူပြီး စစ်ဆေးပေးခြင်းဟာ NYDFS နဲ့ crypto company တွေလည်း အပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီး အလုပ်လုပ်လို့ရနိုင်မှာဖြစ်သလို NYDFS ဖက်ကလည်း ပြဿနာတစုံတရာတွေ့တာနဲ့ company ဖက်ကို အသိပေးနိုင်မှာဖြစ်တာကြောင့် ၂ဦး၂ဖက် အကျိုးများမယ့်ကိစ္စဖြစ်ကြောင်း ဆိုပါတယ်။

NYDFS ဖက်က ဒီလိုဆိုထားပေမယ့် crypto community ကတော့ US အစိုးရဟာ crypto company တွေကို အနုနည်းနဲ့ ငွေညှစ်နေတာသာဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။

Reference Link: https://cryptopotato.com/the-nydfs-to-start-charging-crypto-firms-supervised-by-the-regulator/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
2 comments