ခရစ်တိုနဲ့ပဲတဲ့

Hong Kong မှာ 3 နှစ်အရွယ်ကလေးငယ်တဦးကို အမျိုးသမီး 2 ဦးက ပြန်ပေးဆွဲသွားခဲ့ပြီးနောက်မှာ USDT 660,000 ကို သူတို့ရဲ့ wallet တွေထဲ လွှဲပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က ပြန်ပေးသမားတွေရဲ့ တည်နေရာကို ခြေရာခံခဲ့ကြပြီး တိုက်ခန်းကို ဝင်စီး၊ ကလေးငယ်ကို လုံလုံခြုံခြုံ ပြန်ကယ်ထုတ်နိုင်ခဲ့ပါတယ်။

Hong Kong မှာ cryptocurrency နဲ့ ဆက်စပ် ရာဇဝတ်မှုတွေဖြစ်တာ အခုကိစ္စနဲ့ဆို 2 ခါရှိပြီဖြစ်ပြီး ပထမတခါကတော့ March လကုန်ပိုင်းမှာတုန်းက 19 နှစ်အရွယ်လူငယ်တယောက်ကို hotel ဆီ မြှားခေါ်ခံရပြီး သူ crypto trading ကနေ ရထားတဲ့ အကျိုးအမြတ် HK$ 180,000 ကို လူ 9 ယောက်ကနေ ခြိမ်းခြောက်တောင်းယူမှုဖြစ်ခဲ့ပါတယ်။

May လမှာတုန်းကလည်း 55 နှစ်အရွယ် crypto ရင်းနှီးမြှုပ်နှံသူတဦးကို လူ 4 ယောက်က ပြန်ပေးဆွဲသွားခဲ့ပြီး မကြာခင်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီပြန်ပေးဆွဲမှုဟာ $1.9 million တန် cryptocurrency ရင်းနှီးမြှုပ်နှံမှုတခုနဲ့ ဆက်စပ်နေကြောင်းလည်း ရဲတပ်ဖွဲ့ကဆိုထားပြီးတော့ Hong Kong ကို Asia ရဲ့ Crypto Hub တခုအဖြစ် ဖန်တီးမယ်လို့ ကြေငြာခဲ့ပြီးနောက်ပိုင်းမှာ Hong Kong အတွင်းမှာ crypto နဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေလည်း များလာခဲ့တာပါ။

Cryptocurrency တွေဟာ ခြေရာခံရခက်တယ်ဆိုတဲ့အချက်ကြောင့် ရာဇဝတ်ကောင်တွေက ရာဇဝတ်မှုတွေမှာ သုံးလာကြတာဖြစ်ပေမယ့် တကယ်တမ်းတော့ cryptocurrency တွေဟာ blockchain တွေပေါ်မှာ အကုန်စစ်လို့ရနေတာကြောင့် ခြေရာခံတတ်ရင် ခြေရာခံဖို့ အရမ်းလွယ်ပါတယ်။ အခုနောက်ပိုင်းမှာ ငွေကြေးခဝါချမှုတွေ၊ အခွန်ရှောင်တာတွေ၊ ခိုးရာပါငွေတွေကို ခြေရာခံဖို့ကိုလည်း အစိုးရတွေနဲ့ crypto အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်တာတွေ ရှိနေတာကြောင့် အရင်ကထက်ခြေရာခံရပိုလွယ်လာနိုင်ပါတယ်။

ဒါပေမယ့် ဘယ်လောက်ပဲ ခြေရာခံရလွယ်လွယ် cryptocurrency တွေနဲ့ ပတ်သက်လာရင် သတိကြီးကြီးထားတာကောင်းပြီးတော့ တော်ရံအလိမ်ခံရတဲ့အမှုတွေဆိုရင် ခြေရာခံရလွယ်ရုံသာ ရှိပေမယ့် ပြန်ယူဖို့ ခဲယဉ်းတာကြောင့် အလိမ်မခံရဖို့ကို အထူးသတိရှိသင့်ပါတယ်။

Reference Link: https://www.dlnews.com/articles/regulation/abduction-of-hong-kong-child-marks-crimes-on-crypto-owners/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
1 comments
avatar

Congratulations @myancrypto! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

LEO Power Up Day - July 15, 2024
0
0
0.000