Bull Market

Bitcoin ကတော့ 3 ရက်အတွင်းမှာ $10,000 ကျော် တက်သွားခဲ့ပြီး 2024 ရဲ့ Bull Market ကို စောစောစီးစီးပဲ အတည်ပြုပေးလိုက်ပါပြီ။ February လ 26 ရက် ညနေပိုင်းကမှ $51k ဝန်းကျင်ပဲရှိနေရာကနေ 28 ရက်နေ့ည သန်းခေါင်ယံမှာတော့ $64k အထိကို ရောက်သွားခဲ့ပါတယ်။ ဒါကြောင့် All Time High ဈေးဖြစ်တဲ့ $69k ကိုရောက်ဖို့ $5k ပဲလိုတော့တာပါ။

ဒီဈေးလောက်အထိ ဖြစ်လာဖို့အတွက် အဓိကမောင်းနှင်အားကတော့ Bitcoin ETF တွေဖြစ်ပြီးတော့ Bitcoin mining reward တွေကို တစ်ဝက်လျှော့ချသွားပြီး supply လျှော့ချတော့မယ့် halving event ဖြစ်လာဖို့ဟာလည်း 1 လကျော်လောက်သာ လိုပါတော့တယ်။

တစ်ဖက်မှာလည်း Bitcoin ETF တွေရဲ့ trading volume ဟာ 28 ရက်တစ်ရက်တည်းမှာတင် $7.5 billion ကျော်သွားခဲ့တာကြောင့် US အတွင်းမှာ Bitcoin ETF တွေရဲ့ အရှိန်အဝါဟာ အတော်ကို ကြီးနေတဲ့သဘောပါပဲ။
$64k အထိ တက်သွားခဲ့ပြီးနောက်မှာ correction ပြန်လာပြီး ဈေးကျဦးမယ်လို့တော့ မှန်းဆထားကြပေမယ့် $60k ဝန်းကျင်ကို ပြန်ဆင်းသွားခဲ့တဲ့နောက် $63k ကျော်အထိ ပြန်တက်လာနိုင်ခဲ့ပါတယ်။ Bitcoin နဲ့အတူ တခြား altcoin တွေလည်း လိုက်တက်နေကြပေမယ့် Bitcoin လောက်တော့ အတက်မကြမ်းသေးပါဘူး။

ဒါကြောင့် ဒီအချိန်မှာ ဘာဆက်ဖြစ်မယ်ဆိုတာ သေချာပြောလို့မရနိုင်ဘဲ trade position တွေဝင်မယ်ဆိုရင်လည်း သေချာတွက်ဆပြီးမှ ဝင်ကြသင့်ပါတယ်။ Crypto community ကတော့ halving မလာခင်မှာပဲ All Time High ဈေးဖြစ်တဲ့ $69k ကို ပြန်ရောက်နိုင်မယ်လို့ မျှော်မှန်းထားကြသလို 2021 Bull Market တုန်းက မရောက်လိုက်တဲ့ $100k ရောက်တော့မှာဖြစ်ကြောင်း ကြွေးကြော်နေကြပါပြီ။

ဒီလိုအတက်တွေကြားမှာ Coinbase exchange ဟာ ခဏတာ server ကျသွားခဲ့ပြီး ဝင်မရဖြစ်သွားခဲ့တာကြောင့် Coinbase user တွေ နှလုံးတုန်ရင်ခုန်သွားခဲ့ကြရပါသေးတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ ကိုယ့်ရဲ့ crypto asset တွေကို စုဆောင်းထားမယ်ဆိုရင် software wallet ဒါမှမဟုတ် hardware wallet တွေထဲ ထည့်သိမ်းတာက အကောင်းဆုံး၊ စိတ်အချရဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

Myan Crypto ကနေ ဦးဆောင် ပြုလုပ်ထားတဲ့ Binance Trading Tournament မှာ ပါဝင်ပြီး account ဖွင့်မယ်ဆိုရင် trading fees ပေးရတိုင်း 10% Discount ရမယ့် https://accounts.binance.com/en/register?ref=TA690MBH ကနေ account ဖွင့်ဖို့ အကြံပြုလိုပါတယ်။ Tournament ကာလအတွင်း ဒီ link ကနေ account ဖွင့်ပြီး KYC အောင်တဲ့ ပထမဆုံး user အယောက် 130 ကိုလည်း $1 စီ ဆုပေးသွားမယ့် အပြင် အခြားဆုမဲပေါင်းများစွာပါဝင်ပါတယ်။

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments