အသိမ်း သံသရာ

Crypto လောင်းကစား platform တစ်ခုလည်းဖြစ်၊ bridge တစ်ခုလည်းဖြစ်တဲ့ ZKasino ဟာ ငွေတွေလိမ်ပြေးသွားကြောင်း စွပ်စွဲခံထားရပါတယ်။ Zkasino နဲ့ ပတ်သက်နေတယ်လို့ ယူဆရတဲ့ သံသယတရားခံတစ်ယောက်ကိုလည်း Netherelands နိုင်ငံမှာ ဖမ်းဆီးထားပြီးသလို သူ့အိမ်ကို ဝင်စီးနင်းပြီးတော့လည်း $12 million ကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထားကြောင်း သိရပါတယ်။

ဒီပုဂ္ဂိုလ်ရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ငွေသားတွေ၊ cryptocurrency တွေအပြင် အိမ်ခြံမြေတွေ၊ ဇိမ်ခံကားတွေလည်း ပါဝင်ပြီး ZKasino ဟာ ရင်းနှီးမြှုပ်နှံသူတွေဆီကနေ $33 million ထိ လိမ်လည်ထားကြောင်း ရဲတပ်ဖွဲ့က ဆိုထားပါတယ်။

ZKasino ဟာ March လမှာတည်းက developer တွေကို ပိုက်ဆံမပေးနိုင်ဖြစ်နေကြောင်း သတင်းထွက်နေတာဖြစ်ပြီး $40 million အထိ ecosystem fund ရထားပါတယ်ဆိုတဲ့ fundraising ကြေငြာချက်တွေဟာလည်း အတုတွေသာ ဖြစ်ကြောင်း စွပ်စွဲခံထားရတာပါ။
ZKasino ရဲ့ function တွေဟာ မူမမှန်တော့ကြောင်းကိုလည်း user တွေဖက်က အချင်းချင်းသတိပေးမှုတွေရှိခဲ့ပြီးနောက်မှာတော့ scam သွားခဲ့တာဖြစ်ပြီး Netherlands ရဲတပ်ဖွဲ့ကပါ စီးနင်းဖမ်းဆီးမှုတွေ လုပ်လာခဲ့တာပါ။

ဒီကိစ္စကနေ သင်ခန်းစာယူစရာကတော့ ဘယ်လောက်ပဲ ယုံကြည်ရပါတယ်၊ နာမည်ကြီးပါတယ်ဆိုတဲ့ project ပဲဖြစ်နေပါစေ၊ သွားမအပ်ထားတာ အကောင်းဆုံးပါပဲ။ Bridge လုပ်စရာရှိတယ်ဆိုရင်တောင် လုပ်ခါနီးမှ wallet ချိတ်လုပ်သင့်ပြီး ကိစ္စပြီးပြီဆိုတာနဲ့ wallet ပြန်ဖြုတ်ခဲ့သင့်ပါတယ်။ မဟုတ်ရင် ကိုယ့် wallet ကို access ရှိနေတဲ့အခါ wallet ထဲက asset တွေ အကုန်ပါသွားနိုင်ပါတယ်။

Reference Link: https://bitcoinist.com/12-million-crypto-seizure-dutch-authorities-arrest-suspect-of-zkasino-rug-pull/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments