AI is Everywhere

avatar

ChatGPT ပေါ်လာပြီးနောက်မှာ နည်းပညာ company တိုင်းလိုလိုက ChatGPT ကို စိတ်ဝင်စားလာကြပြီး crypto company တွေထဲမှာတော့ Binance က သူ့ရဲ့ Binance Academy ပေါ်မှာ Binance Sensei ဆိုတဲ့ ChatGPT powered AI chatbot ကို launch လုပ်ခဲ့ပါတယ်။

အခု Solana Labs ကလည်း Solana blockchain ပေါ်မှာ ChatGPT plugin တစ်ခုထည့်သွားဖို့ ရှိနေပါတယ်။ ဒီ plugin ကနေ တဆင့် ကိုယ့်ရဲ့ wallet balance ကို စစ်တာ၊ token တွေ အလွှဲအပြောင်းလုပ်တာနဲ့ NFT တွေ ဝယ်တာတွေကို လုပ်လို့ရနိုင်မှာဖြစ်ပြီး Solana blockchain ပေါ်က လုပ်ဆောင်ချက်တွေကို အရင်ကထက် ပိုပြီး လွယ်လင့်တကူ အသုံးပြုနိုင်မှာပါ။

အခုလက်ရှိမှာတော့ plugin ကို စမ်းသပ်ချင်တဲ့ developer တွေအတွက် Solana Labs ရဲ့ GitHub account ပေါ်မှာ beta version ထုတ်ပေးထားပြီးပြီဖြစ်ပြီး စမ်းသပ်လို့လည်းရသလို ဘာတွေအဆင်မပြေသေးလဲဆိုတာကို Solana Labs ဆီ feedback ပြန်ပေးလို့ရပါတယ်။
https://github.com/solana-labs/chatgpt-plugin ကနေ စမ်းသပ်နိုင်ပါတယ်။

ChatGPT plugin အပါအဝင် AI development တွေအတွက် Solana Labs ဟာ $1 million အထိ သုံးသွားဖို့ရှိနေပြီးတော့ ChatGPT plugin အကြောင်း ကြေငြာချက်ထွက်ပြီးတုန်းကလည်း SOL ရဲ့ ဈေးဟာ 7% လောက် ခုန်တက်ခဲ့ပါတယ်။

Reference Link: https://decrypt.co/138110/solana-labs-preps-chatgpt-plugin-for-real-time-blockchain-analysis

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
2 comments