အာဖဂန်နစ္စတန်ရဲ့ ရိက္ခာပြဿနာ
တာလီဘန်တွေ သိမ်းပိုက်ထားတဲ့ အာဖဂန်နစ္စတန်မှာ စားနပ်ရိက္ခာတွေပြတ်လပ်လို့နေပါတယ်။လုပ်ငန်းတွေကလဲ အလွန်ရှားပါးနေပြီးတော့ စီးပွားရေးတွေလဲ ကျဆင်းနေပါတယ်။
စီးပွားရေးတွေကျဆင်းမှုကြောင့် အာဖဂန်နစ္စတန်ကလေး တစ်သန်းကျော်ဟာဆိုရင်ဖြင့် အာဟာရချိူ့တဲ့မှုပြဿနာတွေရင်ဆိုင်နေရပါတယ်။အာဖဂန်နစ္စတန်ဆီကို ဒေါ်လာ ဘီလီယံနဲ့ချီဝင်လာခဲ့တုန်ကဆိုရင် ချစားမှုနဲ့စစ်ပွဲတွေကြောင့် ပြည်သူတွေရုန်းကန်နေကြရရှာပါတယ်။
အခုစစ်ပွဲတွေပြီးတဲ့နောက်မှာတော့ ရုန်းကန်မှုတွေပိုပိုပြီးဆိုးလာခဲ့ရပါတယ်။လူမှုကယ်ဆယ်ရေး ရိက္ခာတွေကို ဖြန့်ဝေပေးမှုတွေလုပ်ဆောင် နေပေးမယ့်လဲ လုံလောက်တဲ့ ရန်ပုံငွေတွေမရရှိခဲ့ခြင်းကြောင့် အခက်အခဲတွေ ရှိနေပါတယ်။
အာဖဂန်နစ္စတန်မှာ ရောင်းစရာတွေပုံနေပါသော်လည်း ငွေရေးကြေးအရ အကျပ်တွေ့နေပါတယ်။အာဖဂန်နစ္စတန်စျေးထဲမှာတော့ နွားကိုကျွေးတဲ့ နံပြားအကျန်တွေက လူတွေရဲ့စားစရာအဖြစ်နဲ့ရှိနေပါတယ်။ထိုအကျန်တွေထဲမှာ အကောင်းတွေကို တနေ့ကို လူ၅၀၀ လောက်ဝယ်လေ့ရှိပါတယ်။
အခုနောက်မှာတော့ ထိုနံပြားကိုလာဝယ်သူတွေကတော့ လူ၂၀လောက်ပဲ ရှိပါတော့တယ်။အာဖဂန်နစ္စတန်မှာတော့ နံပြားကို နေ့စဥ်စားကျပေးမယ့် စီးပွားရေးကတော့ ကျပ်တည်းနေပါတယ်။နိုင်ငံကိုလဲ အထောက်အပံ့တွေက အများကြီးလျော့ကျခံနေခဲ့ရတယ်။
တာလီဘန်တွေအနေနဲ့ အာဖဂန်နစ္စတန်က အမျိူးသမီးတွေကို ဆက်ဆံတဲ့ပုံစံတွေမကြိုက်လို့ ဗဟိုဘဏ်ကငွေတွေကိုလဲ အနောက်အုပ်စုက ပိတ်ပင်းထားပါတယ်။တာလီဘန်က အမျိူးသမီးတွေရဲ့ လုပ်ငန်းတွေကို ဥပဒေအမျိူးမျိူးတွေနဲ့ တားမြစ်လုပ်ဆောင်နေတော့ အိမ်ထောင်စုများစွားက အစားအစာ ရှားပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။
@kaunglay2
22:35PM