ကျောင်းဖွင့်ချိန် ( Henry Aung )
မင်္ဂလာပါ။ ယခုတလော ဂယက်ထနေသည့် အကြောင်းအရာကတော့ ကျောင်းအပ်မည်လော မအပ်မည်လော ပြသနာ ဖြစ်ပါသည်။ အချို့မိဘများကလည်း မိမိတို့သားသမီး ၂ နှစ် ကျောင်းနောက်ကျပြီးပြီဆိုတော့ နောက်ထပ် ဆက်ပြီး မနောက်ကျစေချင်တော့ပါ။
ဤ နေရာတွင် ပြောစရာ ဖြစ်လာသည်က အသက်ဖြစ်ပါသည်။ ယခင်က ၁၆/၁၇ ဆိုလျင် ဆယ်တန်းအောင်ပြီ ၊ တက္ကသိုလ် ၄ နှစ်တက် ၂၂/၂၃ ဆိုလျင် လုပ်ငန်းခွင် ဝင်နိုင်သော အရွယ်သို့ ရောက်ပြီ ဖြစ်ပါသည်။ ယခု ပညာသင်နောက်ကျ၍ လုပ်ငန်းခွင် ဝင်နိုင်သော အရွယ်တို့ နောက်ကျတော့မည်။
အချို့ကလည်း ဘာမှ မတတ်သူများ သင်ပေးသည့် ပညာရေး ဘာမှ တတ်မည်မဟုတ် ဟူ၍။ သို့သော်လည်း ဤ ဘားမှမတတ် ကျက်စာဖြေသည့် စနစ်က အခုမှ စခဲ့သည် မဟုတ်ပါ။
နှစ်ပေါင်း ၆၀ ကျော်မျှ အမြစ်တွယ်နေသော ပညာရေးစနစ်တွင် အချို့ကလည်း ကျောင်းအမြန်ပြီး ဘွဲ့အမြန်ရ လုပ်ချင်နေကြပါသည်။ အဘယ့်ကြောင့် ဆိုသော် ဘာမှ မတတ်လည်း ဘွဲ့လက်မှတ် တခုက သူ့နေရာနှင့်သူ အရေးပါနေသေးသော ကြောင့် ဖြစ်ပါသည်။
၂၀၂၀ တွင် ကျောင်းများ ပိတ်ထားခဲ့ကြသည် ။ ၂၀၂၁ တွင် မူလတန်း ခလေးမှ တက္ကသိုလ် ကျောင်း အထိ လမ်းမပေါ်တွင် ရှိနေခဲ့ကြသည်။ ၂၀၂၂ တွင် ကျောင်း ၃ လခန့် ဖွင့်ကာ စာမေးပွဲ ဖြေပေးလိုက်သည်။ ဤ ၂၀၂၂ တွင် ၃ လခန့် ကျောင်းတက်ရုံမျှ ဖြင့် ယခု ဇွန်လပိုင်းတွင် အတန်းတက်သွားကြပြီ ဖြစ်ပါသည်။ ပြသနာက ယခုမှ စခြင်း ဖြစ်ပါသည်။
မိမိနှင့် ၈ တန်းအတူတက်နေသော သူငယ်ချင်း ။ လွန်ခဲ့သော ၂ နှစ်ပတ်လုံးတွင်လည်း စာနောက်မကျစေရန် ဆရာများခေါ်၍ ၉ တန်းစာ / ၁၀ တန်စာများ ကြိုတင် သင်ထားခဲ့ကြသည်။ သို့သော်မိမိ သူငယ်ချင်းက ကျောင်း ၃ လ သွားတက်၍ ၈ တန်းအောင်သွားကာ ယခု ၉ တန်းတက်တော့မည်။
မိမိကယခုမှ ကျောင်းအပ်သည်ဆိုတော့ ၈ တန်းအောင်လက်မှတ် မပြနိုင်၍ ၈ တန်းမှ ပြန်တက်ရမည်။ ထိုခလေးမလေး ကျောင်းမတက်ချင်တော့ပါ။ အများနည်းတူ ၂ နှစ် ကျောင်းမတက်ခဲ့ရသော်လည်း မိမိက ၃ နှစ်စာ နောက်ကျ သွားခဲ့ရပြီ ဖြစ်ပါသည်။
မိဘများကလည်း ထိုခံစားချက် အတိုင်းသာ ။ သူ့သားသမီး ငါ့သားသမီး တန်းတူ ကျောင်းတက်နေရာမှ ယခု တတန်း နောက်ကျ တက်ရတော့ မည့် အဖြစ်။ အချို့က ကျောင်းပြန်တက်ကြတော့မည်။ အချို့က တက်စရာကျောင်း မရှိတော့။ အချို့ကျောင်းကတော့ တက်စရာ ကျောင်းသား /ဆရာ မရှိသည့် အဖြစ်။
ဆရာဦးအောင်သင်း ကတော့ ပြောခဲ့ပါသည်။ ကြိုက်ကြိုက် မကြိုက်ကြိုက် အနာဂတ်လူငယ် တွေရဲ့လက်ထဲ တိုင်းပြည် အပ်ထားခဲ့ရမည် ဖြစ်ပါသည်။ လူငယ်များ ပညာမတတ်လျင် ........
Henry Aung ( Kachin )
01/06/2022 - Wednesday - 17;58 Pm
ရင်နာစရာတွေက စတင်နေပြီလား
ရှေ့ရေးက ရေးရေးလေးမြင်ပါရစေ။
!PIZZA
ရှေ့ရေးက မြင်ရတဲ့ နေရာ မြင်နေရပြီး နေရာအတော်များများတော့ မှောင်နေတုန်းပဲ။!PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped kachinhenry (x1)
@kachinhenry(5/15) tipped @htwegyi (x1)
kachinhenry tipped suhlaing (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped donjaun (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped princekham (x1)
Please vote for pizza.witness!
အတော်လေး ဘေးကျပ်နံကျပ်ပါ ကိုဟင်
!LOLZ
!LUV
ဘေးကျပ် နံကျပ်အပြင် အပေါ်အောက်ပါ ကျပ်နေကြပြီ။ လူတွေလည်း လုံးခြာလည် လိုက်နေပြီ။!PIZZA
ဟူး ရင်မောစရာတွေပါပဲဗျာ
!PIZZA
ကိုယ်တွေ အိမ်ဘေးက ဆရာမကတော့ လုံးဝ ကျောင်းမသွားသလို သူ့သားလည်း ကျောင်းမအပ်ဘူးဗျို့။ !PIZZA
ဟုတ်တယ်ဗျာ အတော်လေး ရင်နာစရာကောင်းပါတယ်...ဘာတွေများ ဘယ်လို ရှေ့ဆက်ရမလဲဆိုတာ...!PIZZA !LOLZ
lolztoken.com
I told him that's the last thing I need.
Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @uthantzin
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(7/10)
ဒီလို အိပဲ့ အိပဲ့ နဲ့ပဲရှေ့ဆက်ရမလား... အချိုးအကွေ့ အမြန်ရောက်လာမလား...!PIZZA
မြန်မာပြည်ကြီး အမြန်နေကောင်းပါစေ
!LUV
ဟုတ်ပါ့ဗျာ... အမြန်နေကောင်းစေချင်ပြီ။ !PIZZA