Cryptocurrency နှင့်ယုံကြည်မှု ( Henry Aung )
မင်္ဂလာပါ။ ယနေ့ကတော့ Hive ဈေးက ပြား ၅၀ အထက်သို့ ပြန်ရောက်လာပြီမို့ မိမိ Wallet အား ကြည့်ရင်း စဉ်းစားခန်းဝင်နေမိပါသည်။ အခြားမဟုတ်ပါ။ Cryptocurrency ၏ လှည့်စားတတ်သည့် သဘော အကြောင်း ဖြစ်ပါသည်။
ကျွန်တော်တို့ ၂၀၂၁ နှစ်ကုန်ပိုင်းတွင် Hive 3$ အထိ ရောက်လာသော အခါ အတော်လေး အားတက်မိခဲ့ပါသည်။ အရိုးသားဆုံးပြောရလျင် ၂၀၂၁ မတ်လမှ စပြီး ကျွန်တော့ KBZ တွင် သိန်း ဆယ်ဂဏန်းမျှသာ ချန်ထားခဲ့ကာ အားလုံး ထုတ်ယူခဲ့ပြီး ဖြစ်ပါသည်။ Kpay အလွယ်တကူ သုံးနိုင်ရန် အတွက် သာ ချန်ထားခဲ့ရခြင်း ဖြစ်ပါသည်။
ထိုအချိန်က ကျွန်တော့ အနေဖြင့် အတော်လေး လမ်းပျောက်သွားသလို ခံစားခဲ့ရပါသည်။ စီးပွားရေး တွင် ရပ်ထားလိုက်ရသလို ဘဏ်တိုးများအားလုံး နီးပါးလည်း ရပ်တန့်သွားခဲ့ရပါသည်။ သို့သော် Hive 3$ လောက်ထိ တက်လာသောအခါ " ငါလမ်းမပျောက်သေး " ဟူ၍ ခံစားခဲ့ရပါသည်။
အကယ်၍ ကျွန်တော့ တွင် Hive Wallet သာ မရှိထားလျင် အတော်လေး စိတ်ဓာတ်ကျသွားမည်မှာ သေချာပါသည်။ အဘယ့်ကြောင့် ကျွန်တော့ အနေဖြင့် ဤသို့ ပြောရသနည်း ဆိုသော် ကျွန်တော့ Wallet သာ ပိုက်ဆံပေး၍ ( တနည်းအားဖြင့် ဝယ်စုထားသော ) စုထားသော Hive Power သာဆိုလျင် တမျိုး ဖြစ်သွားမည် ဖြစ်ပါသည်။
ယခုတော့ စာရေး၍ ရသော ဝင်ငွေလေးဖြင့် စုထားရသည်ဆိုတော့ Hive ဈေးမည်မျှ ကျသွားသည့်တိုင် Wallet တွင်ပြနေသော တန်ဖိုး Estimated value က ကျွန်တော့ အမြတ်ဖြစ်နေသော ကြောင့် "ငါမှာ အရှုံးမရှိဘူး" ဟူသော စိတ်သက်သာမှုကို ရစေပါသည်။
အမှန်တော့ မိမိငွေသားအား အသုံပြုကာ Cryptocurrency အတွင်း၌ ရင်းနှီးမြုပ်နှံခြင်းသည် အလွန်ပင် Risk ( အန္တရာယ် ) များလှပါသည်။ လွန်ခဲ့သော ရက်များကဖြစ်ပျက်သွားခဲ့သည့် Terra Luna Coin အားကြည့်လျင် သိသာ ပါသည်။ အချို့က Luna အနေဖြင့် အတိုး 20% ရသည်ဟူ၍ ပုံအောရင်းနှီးခဲ့ကြပါသည်။
ဒေါ်လာ သုံးသန်း ပုံအောထည့်ထားသူ ဒေါ်လာ ၁ သန်း ထည့်ထားသူ စသည်ဖြင့်။ YouTube ဗီဒီယို ဖိုင်တခုတွင် ကြည့်ရသည်မှာ ထို အမျိုးသား Luna တွင် ဒေါ်လာ ၁ သိန်း ရင်းနှီးမြုပ်နှံထားပါသည်။ ယခု သူ၏ ဒေါ်လာ ၁ သိန်း တန်သော Luna Coin များက USD ၃$ဒေါ်လာသာ တန်ကြေးရှိပါတော့သည်။
ဒေါ်လာ ၁ သိန်းအား မြန်မာငွေ ဒေါ်လာဈေး ၂၀၀၀ ကျပ်ဖြင့် တွက်လျင် တောင် သိန်း ၂၀၀၀ ကျပ် ဖြစ်ပါသည်။ တရက်တည်းဖြင့် မိမိ ငွေ သိန်း ၂၀၀၀ ဆုံးရှုံးသွားရသည်ဆိုတော့ မည်မျှ ခံစားရမည်နည်း။
ဒေါ်လာ ၁ သန်း ထည့်ထားသူဆိုလျင် မည်သို့ လုပ်မည်နည်း။ မည်သို့မျှ လုပ်မရပါ။ ကျွန်တော် ယခင်က ပြောခဲ့သည့် အတိုင်း Cryptocurrency သည် ယုံကြည်မှုတွင် အခြေခံပါသည်။ ယုံကြည်မှု ဆုံးရှုံးသွားသည်နှင့် မိမိလက်တွင် ရှိသော Cryptocurrency token / coin များက အိမ်သာသုံးစက္ကူ လောက်ပင် အသုံးမဝင်တော့ တန်ဖိုးမရှိတော့ပါ။
စက္ကူကမှ အိမ်သာတက်လျင် သုံး၍ ရနိုင်ပါသေးသည်။ ဤ Cryptocurrency ယုံကြည်မှုသည် အလွန်တည်ဆောက်ရခက်ပါသည်။ Luna တွင်လည်း ထို့အတူသာ ဖြစ်ပါသည်။ အချို့ကာ Luna အား 10$ တွင် ဝယ်ထားမည် အချို့က 30$ တွင် ဝယ်မည် အချို့က 50$ တွင် ဝယ်ထားမည်။ ဤ နည်းဖြင့် ယုံကြည်မှု တက်လာသည်နှင့် အမျှ Cryptocurrency တန်ဖိုးသည်လည်း တက်လာပါသည်။
အကြောင်းကြောင်း ကြောင့် ယုံကြည်မှု ဆုံးရှုံးသွားပြီ ဆိုသည်နှင့် မိမိ လက်တွင်ရှိသော Cryptocurrency အား ရသမျှ ဈေးဖြင့် ဦးစွာထုတ်ရောင်း နိုင်သူတို့ အရှုံးနည်း ကြမည် ဖြစ်ပါသည်။
ဒေါ်လာ 120$ နီးပါးအထိ တန်ကြေးရှိနေသော Cryptocurrency က ရုတ်တရက် ဈေးပြုတ်ကျသွားလျင် $ 100 ဝန်းကျင်ဖြင့် ဝယ်ထားသူတို့ ရောင်းထုတ်ရန် လက်တွန့်ကြမည်မှာ သေချာပါသည်။ ထို့အပြင် 70$ 50$ ဖြင့် ဝယ်ထားသူတို့က သူတို့ ဝယ်ရင်းဈေးထိ ပြုတ်မကျမှီ ရသမျှ ဈေးဖြင့် ထိုးရောင်း ချသော အခါ ဈေးကွက် ပျက်လာပါတော့သည်။
ဤတွင် 10$ 20$ ဖြင့် ဝယ်ထားသူများကလည်း ကြောက်လာကြကာ ရသမျှ ဈေးဖြင့် အမှီ ထိုးရောင်း ကြပါတော့သည်။ ဤ တွင် ဝယ်လိုအား မရှိတော့ပဲ ရသမျှ ဈေးနှိမ် ရောင်းကြသဖြင့် မိမိ လက်တွင် ရှိသော Coin / token များ ဈေးကျသထက် ကျလာပါတော့သည်။
ဆိုလိုသည်မှာ မိမိ 50$ ဖြင့် ဝယ်ထားသော Coin အား 40$ ဖြင့် ထိုးရောင်းလည်း မည်သူမျှ မဝယ် 30$ ဖြင့် ထိုးရောင်းလည်း မည်သူမျှ မဝယ် အဆိုးဆုံး ၁၀ ပြားဖြင့် ချရောင်းလျင်တာင် မည်သူမျှ မဝယ်သော အခါ မိမိလက်တွင် တန်ဖိုးမရှိတော့သောCoin များသာ ကျန်ရစ်နေပါတော့သည်။
ဤ နည်းဖြင့် မိမိငွေသားဖြင့် ဝယ်ယူထားသော Coin များ၏ တန်ဖိုးသည် ဒီဂျစ်တယ် ကိန်းဂဏန်းများ အောက်တွင် အငွေ့ပျံ ပျောက်ဆုံးသွားခဲ့ရပါတော့သည်။ ဤ ဆုံးရှုံးမှုအတွက် မည်သူ့အား အပြစ်တင်မည်နည်း ။ မည်သူ့အား တာဝန် ခံခိုင်းမည်နည်း ။
အကယ်၍ Terra Luna ၏ ခေါင်းဆောင်က နောက်ထပ် Cryptocurrency project ထပ်လုပ်၍ ဆုံးရှုံးမှုများအား ကာမိအောင် လုပ်ဆောင်ပေးပါမည်ဟု ကတိပေးသည့်တိုင် သူ၏ နောက်ထပ် ထွက်လာမည် Cryptocurrency project အား မည်သူ ယုံကြည်ကြတော့မည်နည်း။ ယုံကြည်မှု ဆိုသည်မှာ ထိုအရာ ဖြစ်ပါသည်။
Hive ဈေး ပြား ၄၀ အထိ ကျသွားသည်။ ပြား၄၀ တွင် တန်သည်ဟူ၍ ဝယ်မည့်သူ ရှိသလို ပြား၅၀ တွင်လည်း တန်သည်ဟူ၍ ဝယ်မည့်သူရှိနေသော ကြောင့် Hive ဈေးသည် အတက်အကျ ရှိနေပါသည်။ ဤသည်မှာ Hive အပေါ် ယုံကြည်မှု ရှိနေသော ကြောင့် ဖြစ်ပါသည်။
အကယ်၍ Hive သည်လည်း အကြောင်းအမျိုးမျိုးကြောင့် ယုံကြည်မှု ပျက်စီး သွားလျင် Luna ကဲ့သို့ပင် ကျဆုံးသွားမည် ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့ အနေဖြင့် အရှုံးမရှိပါဟူသော အနေအထားအား ပိုင်ဆိုင်ပြီး ဖြစ်သော ကြောင့် သိပ်အများကြီး ဝမ်းနည်စရာတော့ မရှိပါဟု ပြောလိုပါသည်။
Henry Aung ( Kachin )
03/06/2022 - Friday - 17;58 Pm
ကမ္မသကာပေါ့လေ လို့ပြောရင်း နှမြောနေမလား။
!LOL
lolztoken.com
I asked him to wait till after finals.
Credit: adedayoolumide
@kachinhenry, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(3/4)
နည်းနည်းတော့ နှမျှောမယ်ထင်တယ်။ ကိုယ်တွေအကြာကြီးတည်ဆောက်လာခဲ့ရတာကိုးလို့။ !PIZZA
Hive ဈေး ကျရင် အချိန်တွေ ပေးဆပ်ခဲ့ရတာက လွဲရင် နှမြောတသ ဖြစ်မှာ မဟုတ်ပေမယ့် မျှော်လင့်ချက်တော့ ပျက်စီးသွားနိုင်တာပေါ့။
သို့သော် ပြား ၂၀ လောက်ထိတော့ ခံနိုင်ရည်ရှိပါတယ်။
!LOL
lolztoken.com
Chicken tenders
Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @tin.aung.soe
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(1/6)
အေးပေါ့။ ကိုယ်တွေကလည်း Hive ကို အတိုင်းတာတခုထိ မျှော်လင့်ထားတာကိုး !PIZZA
Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more
ဟုတ်တယ်နော် Crypto coin များက ယုံကြည်မှုမရတော့ရင် Luna လို ဖြစ်သွားတာ သိပ်ကြောက်စရာကောင်းပါတယ်...!PIZZA !LOLZ
lolztoken.com
He lacked COO-rage.
Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @uthantzin
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(4/8)
ယုံကြည်မှုနဲ့ ရင်းနှီးမြှုပ်နှံ မှုလုပ်ကြတော့ .... ယုံကြည်မှု ပျောက်သွားတာနဲ့ ပလုံတာပဲ။ !PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped donjaun (x1)
kachinhenry tipped johndieo (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped suhlaing (x1)
@kachinhenry(6/15) tipped @htwegyi (x1)
kachinhenry tipped uthantzin (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped tin.aung.soe (x1)
Join us in Discord!
ကျန်သမျှပေါ့ ကိုဟင်ရေ
!PGM
!LUV
BUY AND STAKE THE PGM TO SEND A LOT OF TOKENS!
The tokens that the command sends are: 0.1 PGM-0.1 LVL-2.5 BUDS-0.01 MOTA-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]
5000 PGM IN STAKE = 2x rewards!
Discord
Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP
Get potential votes from @ pgm-curator by paying in PGM, here is a guide
I'm a bot, if you want a hand ask @ zottone444
အခုချိန်ထိတော့ Hive ကိုယုံကြည်ဆဲပါပဲ။ သူ့လမ်းကြောင်း ပေါ်ကနေ သွေဖည် မသွားသေးဘူး။ !PIZZA
ခုထိတော့ Hive က life saver လေးပါပဲ
!PIZZA
အမှန်ပဲ။ တကယ့်ကို အကျဉ်းအကျပ်ထဲမှာ ကိုယ်တွေကို ကယ်ထားတာ။ !PIZZA
ကျွန်တော်ကတော့ ဈေးကျလေ အားလုံးကို HP ပြောင်းလေ လုပ်နေဖြစ်တယ် !lol !luv
အဲဒါ အကောင်းဆုံးပဲဗျို့။ အမှန်တော့ Hive ဈေးနည်းလေ HP စုရတာ ပိုအဆင်ပြေလေပဲ။ Ecency က support ပေးရင် ပိုအဆင်ပြေတယ်။ !PIZZA