TV ပါမှာ ကြောက်သတဲ့။

ယနေ့ရေးမည့်ပိုစ့်ကို လွန်ခဲ့သောလများက
ရေးရမည်ဖြစ်သည်။ သို့ပေသိ ရေးဖို့
အကြောင်းမညီညွှတ်သဖြင့် မရေးဖြစ်ခဲ့ပါ။
မရေးဖြစ်တာထက် ရေးဖို့ ပျင်းနေတာက
ပိုပါသည်။ တနေ့ကမှ ဖေ့ဘွတ်မှာ ပုံလေး
တွေ့၍ သိမ်းထားကာ ပိုစ့်ရေးမည်ဟု စိတ်ကူးခဲ့သည်။
ထိုစိတ်ကူးက ယခုမှ အကောင်အထည်ပေါ်သည်။

ဒီလိုဗျာ ဟိုးလွန်လေပြီသော နှစ်များဆီက
ကျွန်တော်တို့သည် အများသောလူတွေသည်ပေါ့။
တီဗီမှာ ပါချင်ကြသည်။ တီဗီဆိုသည်ထက်
တီဗီသတင်းမှာ ကိုယ့်ရဲ့ပုံပါချင်ကြသည်။
ထိုကြောင့် နိူင်ငံတော်မှ ပြုလုပ်သောပွဲများ၊
လုမှုရေး၊ စီးပွားရေးနှင့် လုပ်ငန်းခွင်ဆိုင်သော
မှတ်တမ်းများကို ရိုက်ကူးသည်။ ထိုအခါ ကိုယ့်ဌာန
ကို လာရိုက်ပါက ကိုယ်နှင့်ကိုယ့်ရုံးအဖွဲ့များ
တီဗီသတင်းမှာ ပါလာလျှင် လွတ်ကြွား၍
ကောင်းကြသည့် အချိန်အခါဖြစ်ခဲ့သည်။
ရှိခဲ့သည်။


Image Credit.

ယနေ့၊ ယခုအချိန်မှာတော့ ယခင်ကလို
မဟုတ်‌တော့ပေ။ ပြောင်းပြန်ဖြစ်၍နေသည့်
အကြောင်းလေး ရေးရပါအုံးမည်။ တီဗီမှာ
မိမိပုံပါဖို့အရေး အမျိုးသမီးများက ပို၍
အားသန်ကြသည်ဟု ထင်ပါသည်။
ယခုတော့ ထိုအားသန်ပါသည့်ဟု ပြောသော
အမျိုးသမီးများက တီဗီမှာ သူရို့ပုံများ ပါမည့်အရေး
အသဲအသန်ကြောက်နေကြသည်။

ဒီလိုဗျာ ဟိုတချိန်ကဆို မိမိတို့ လုပ်ငန်းခွင်ကို
တီဗီရုပ်သံ လာရိုက်မည့်ဆိုပါက အမျိုးသမီး
အများစုသည် ခါတိုင်းထက် ပိုမို အလှပြင်ကြသည်။
ခါတိုင်းထက် လှလှပပဝတ်စားဆင်ကြသည်။
ယခုတော့ ထိုအရာနှင့် လားလားမှ မဆိုင်
ဆန့်ကျင်ဖက်ကြီးကို ဖြစ်နေပါတော့သည်။

ဒီလိုပါလေ ဟိုတလောဆီကပါ။ ကျွန်တော့်တူမလေး
သည် ကိုယ်ပိုင်ကျောင်းတခုမှာ ဆရာမလုပ်သည်။
မူလတန်းကလေးများကို စာပြရသည်။ ထိုသို့
စာသင်ရာတွင် မူလတန်းအသင်အပြလက်မှတ်
ရှိရမည်ဟုဆိုသည်။ ဒီတော့ မူလတန်းအသင်အပြ
သင်တန်းတက်ရသည်။ အစိုးရကျောင်းမှာ
သွားရောက်၍ တလသင်တန်းတက်ရသည်။

ထိုသို့ သင်တန်းတက်ရာတွင် သင်တန်းကြေး
အပြင်၊ သင်တန်းလက်မှတ်ကြေးအပါအဝင်
နှစ်သိန်းခန့် ပေးလိုက်ရသည်။ တနေ့ သူရို့
သင်တန်းကို လူကြီးတဦးလာမည်။ တီဗီမှာ
သတင်းလွင့်မည်ဟုလည်း ကြိုသိကြသည်။
ဒီတော့ ကျွန်တော့်တူမ အပါအဝင် အနှီးဆရာမ
များသည် တီဗီမှာ မိမိတို့၏မျက်နှာ ပါမည့်အရေး
ကြောက်နေကြသည်။

ထိုနေ့ရောက်သောအခါ သာမန်ပုံစံအတိုင်း
ဝတ်စားသွားကြမည်ဟု ပြောကြသည်။
သနပ်ခါးပါးကွက်ကြား လူးသွားရင်
ကောင်းမလား၊ ဟဲ့ မဖြစ်သေးပါဘူး၊
မလှအောင်၊ မထင်ပေါ်အောင်တော့ လုပ်သွားရမယ်၊
ဒါမှ ဗီဒီယိုသမားက မရိုက်မှာ။ စသဖြင့်
ကျွန်တော်တူမနှင့် သူ့သူငယ်ချင်းမများ
ပြောဆိုနေကြသည်ကို ကျွန်တော်ကြားကာ
ပြုံးလိုက်မိပါတော့သည်။

@htwegyi
August 15, 2024



0
0
0.000
5 comments
avatar

ပြည်သူ့အမုန်းတွေကို ဒင်းတို့ တဝကြီး ခံစားနေရပါပြီ။

!PIZZA

!LUV

0
0
0.000