တမာ ရနံ့လား၊ ယမ်းနံ့လား။

တမာရနံ့လေး
သင်းသင်းမွှေးတဲ့
အညာမြေကို သတိရနေတယ်
အခွင့်ရယ် သာတဲ့တနေ့
အပြေးလေး လာခဲ့အုံးမည်
ရွှေညာသူရေ ကိုယ်လာရင်
ကြိုမှာလာလို့ အတည်။

တချိန်က အညာမြေ ဒီသီချင်းလေး။
လွမ်းလွမ်းဆွေးဆွေး ကရုဏာသံနဲ့
သီဆိုသူ အသံရှင်ကြောင့် အညာမြေကို
ပိုသတိရ ပိုမြင်ယောင် လွမ်းမိစေသည်။
မမေ့သောအညာ၊ ချစ်ရပါသောအညာ။
အညာအကြောင်း ရေးဖွဲ သီဆိုကြသည်။
ဝတ္ထုများ ရေးဖွဲ့ကြသည်။

အို အညာ ယခုအခါ မည်သို့ ရှိပါစ။
ကျန်းမာရေး ချူခြာ၊ လူတကာ
ပြာယာခတ်၊ ဘဝတွေပျက်နေပါသောအညာ။
အညာ မီးခိုးတအူအူ နဲ့ အလှူပွဲအတွက်
ချက်ပြုတ်နေသော မီခိုးမဟုတ်ပါလေ။
အညာအသည်း တောင်ယာသူတို့၏
ကွန်းခိုရာ စခန်းသာတို့ လောင်ကျွမ်းပါသော
မီးခို တအူအူရယ်ပေါ့။

လှည်းသံတကျီကျီ
ဆိုင်ကယ်သံတဝုန်းဝုန်း
အညာလူတန်း အညာဘုရားပွဲ
သွားနေကြတာမဟုတ်ပါလေ။
မြေသိမ့်တုန်၊ အညာသူ/သား
လူအများတို့ ထိတ်လန့်တုန်လှုပ်
အသက်လု၍ အန္တရာယ်အဝေးကို
ပြေးလွှားနေကြခြင်ပေါ့။

အညာ ဘုရားပွဲဈေးတန်း
ငေးမော လမ်းလျှောက်
တနှစ်စာ လှောင်ဖို့ ဘာဝယ်ရပါ့
အတွေးများနဲ့ လျှောက်ခဲ့ဖူးသည်။
ပျော်ရွှင်ခဲ့ဖူး ရွာဦးကျောင်းမှာ
အလှူသံမစဲ သူငါအပြိုင်နွဲတဲ့
နွေအလှူပွဲတွေ ပျောက်လို့။
ဟော့ ခုတော့ ဆရာတော်ကျောင်းဝင်း
တိုးဝင် ခိုနား၊ ရင်တွင်း မချိ။
ယုတ်မာ မိုက်ရိုင်း ထင်တိုင်းကျဲတဲ့
လူတစုကို ရှောင်းရှားရင်နဲ့
မီးလောင်ပြင်အို ရွာငုတ်တိုသို့
ငေးမောမိသည် တို့ရွာဆီ။

@htwegyi
May 14, 2024



0
0
0.000
4 comments