စေတနာနှင့် ဝေဒနာ။

ပိုစ့်ရေးတင်ဖို့ ပျင်းနေသည်။ ရေးစရာရှိသော်လည်း
ရေးဖို့ စိတ်မရှိ။ မဖြစ်သေးပါဘူး ရေးအုံးမှ ဟု
ကိုယ့်ကိုကိုယ် အားပေးရင်း ရေးရသည်။
ကျွန်တော့်ခြံအတွင်းရှိ သရက်ပင်ပေါက်မှာ
ငှက်နှစ်‌ကောင်က ငှက်အိမ် လာဆောက်သည်။

ငှက်ဖို၊ ငှက်မ မောင်နှံတူစုံနွဲ၍ ကျွန်တော့်ခြံ
ဟန်နီမွန်းထွက်လာသည်ဟု ပထမ ထင်မြင်မိ၏။
မဟုတ်ရပါဘူးလေ။ သူရို့နှစ်ကောင် က
တကောင်စီ မြက်ခြောက်နှင့် ကြိုးစများ ကိုက်ချီ
လာသည်ကို သတိပြုမိသည်။

သူရို့သည် တကောင်က ထိုသို့ အသိုက်ပြုလုပ်ရန်
ငှက်သိုက်ဆောက်ပစ္စည်း သယ်ယူနေစဉ်
တကောင်က ဘေး ဘီ ဝဲ ယာ တို့ကို အန္တရာယ်ကြည့်၍
ပေးသည်။ သူရို့၏ ငှက်သိုက်တခု
ဆောက်လုပ်ဖို့ တပတ်ဆယ်ရက်ခန့်ကြာမည်
ထင်ပါသည်။

ဒါက ကျွန်တော်ခန့်မှန်း ရေးခြင်းဖြစ်သည်။
ထိုထက်ပို၍ ကြာနိုင်မည်လည်းဖြစ်နိုင်ပါသည်။
သူရို့ ငှက်သိုက်အိမ်ကလေးများက အတော်ကို
ခိုင်ခန့်သည်။ အဘယ်ကြောင့်ဆိုသော်
ဟိုတလောကလည်း အိမ်ရှေ့ တီဗီအင်တာနာပေါ်မှာ
ငှက်သိုက်အိမ်ဆောက်ထားသည်ကို တွေ့ရ၍
ဖြစ်သည်။

ထို တီဗီအင်တာနာပေါ်မှာ ငှက်သိုက်အိမ်ဆောက်
ထားစဉ်က ငှက်ပေါက်လေးတကောင် မွေးခဲ့သည်။
ငှက်ပေါက်လေး အပျံသင်စဉ် ကြောင်စာ မိသွား၍
စိတ်မကောင်းဖြစ်ခဲ့ရသည်။ ငှက်မိသားစု မရှိ၍
သူရို့၏ ငှက်အိမ်ကို တီဗီအင်တာနာပေါ်မှ
ဖယ်ရှားသည့်အခါ ငှက်အိမ်ကလေးက အတော်
ခိုင်ခန့်ကြောင်း လက်တွေ့သိရသည်။

ယခုလည်း ထိုငှက်မောင်နှံပင် သရက်ပင်ရှိ
သစ်ခွပန်းအိုး၌ ငှက်သိုက် လာဆောက်ကြပြန်
သည်။ ထိုငှက်မောင်နှံဟု ပြောရမူ ယခင်ငှက်ပုံစံ
နှင့် ယခု ငှက်ဥသည့် ငှက်နှစ်ကောင်၏ ပုံစံတူများ
တူ၍ ဖြစ်ပေသည်။ ယခု သရက်ပင်၌ ငှက်ဥ
နှစ်လုံး ဥထားသည်။ ကျွန်တော် ဖုန်းဖြင့်
ဓာတ်ပုံရိုက်စဉ်က တစ်ဥသာရှိသည်။

ယနေ့ မှာ ဥ နှစ်ဥ ဖြစ်နေသည်ကို တွေ့ရသည်။
ဒီတခါ ဥများ အကောင်ပေါက်ပါရင် ကောင်းစွာပျံသန်းနိုင်မည်ဟု ထင်ပါသည်။ အိမ်မှာ ရှိသော ကြောင်သည် သေဆုံးသွား၍ဖြစ်သည်။
ငှက်သိုက် အနီးသို့ ကျွန်တော့အမက ငှက်အိမ်
သွားချပေးထားသည်။ ငှက်မနှင့် ဥများ အမိုး
အကာနဲ့ နေနိုင်ရန်ဖြစ်သည်။

သို့သော် ငှက်သည်က သူ့သဘာဝ သူဆောက်
ထားသော ငှက်သိုက်မှာသာ နေမည်ဟု ကျွန်တော်
ထင်သည်။ အမ က စေတနာဖြင့် ငှက်အိမ်
ပေးထားသော်လည်း ငှက်မက ထိုငှက်အိမ်ကို
ကြောက်နေမလား မသိပါ။ တခါတရံ သူ့အတိုင်း
လေးရှိနေတာ အဆင်ပြေမည်ဟု ထင်မိပါသည်။
စေတနာသည် ငှက်မအတွက် ဝေဒနာ မဖြစ်စေလိုပါ။

@htwegyi
May 4, 2024



0
0
0.000
6 comments
avatar

ကြောင်စာဖြစ်သွားတဲ့ ငှက်ကလေးအတွက်တော့
စိတ်မကောင်းပါဘူးဗျာ။

!PIZZA

!LUV

0
0
0.000
avatar

ဟုတ်တယ်ဗျာ။

0
0
0.000
avatar

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000