ဆရာညီရဲ့ မြေးသူကြီး။

(Edited)

ကမ္ဘာသိ မြန်မာသိ ပုဂ္ဂိုလ်ကျော်တစ်ဦးလည်း
မဟုတ်၊ စံပြုစရာ ပုဂ္ဂိုလ်လို့လည်းမဆိုနိုင်။ တောခို
လက်နက်ချတစ်ယောက်အကြောင်း ရေးဖွဲ့ထား
သည့် ဆရာညီပုလေး၏ မြေးသူကြီး စာအုပ်
အကြောင်း ပြန်လည်မျှဝေပါမည်။ ကိုလိုနီခေတ်
ဂျပန်ခေတ်လွတ်လပ်ရေးရပြီးစ မြန်မာပြည်
ပြည်တွင်းစီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးလှိုင်းတံပိုးများနှင့်
မန္တလေးအကြောင်း ရေးဖွဲ့ထားသည်။

ရွှေကြက်ယက်ဆိပ်ကမ်းမှာ ပြုလုပ်သော
လှေပြိုင်ပွဲကို ကျွန်တော် သွားရောက်ကြည့်ရှု
ဖူးသည်။ လှေပြိုင်ပွဲကို ကြည့်ရသည်က အားတက်
စရာ၊ စိတ်လှုပ်ရှားစရာကောင်းသည်။ မြေးသူကြီး
မှာလည်း ထိုလှေပြိုင်ပွဲအကြာင်း ဖော်ပြထား
သည်။ ဖခင်သူကြီးလက်ထပ်က အကြီးအကျယ်
တခမ်းနားနားလုပ်ခဲ့သော လှေပြိုင်ပွဲအကြောင်း
များကို စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားသည်။
တက်ထောင်လျှင် တက်မြောက်လျှင် လှေပြိုင်
ပွဲရှုံးတတ်သည်။ လှေထိုးသားထဲမှ တက်တစ်ချောင်း
ထောင်လျှင်ပင် ရှုံးနိမ့်နိုင်သည်။

သူကြီးသားအတွက် ငှက်ပစ်နည်းကိုပြော၍
လူ့ကျင့်ဝတ်တစ်ခုကို အလေးထားသင်ပေးသည်
ကိုလည်း မှတ်သားဖွယ်တွေ့ရသည်။ မိမိအားကြီး
နေလျှင် တစ်ပန်းသာနေလျှင်။ တစ်ဖက်သားက
အားငယ်နေသော နိမ့်ကျသောသူကို တန်းတူ
အခွင့်အရေးပေးပြီးမှ ယှဉ်ပြိုင် ရင်ဆိုင်ရမည်။

ဟိန္ဒူမလေးနှင့် မြေးသူကြီးတို့၏ ရီစရာ
အဖြစ်အပျက်လေးကလည်း ဖတ်ရတာ မမေ့စရာပါ။
ဟိန္ဒူမလေးနှင့် မယ်ဇယ်စေ့
ကောက်နေစဉ် မောလို့မယ်ဇယ်ပင်တွေ
အောက်ခဏနားရအောင် ဆိုတာ
ကျနော်ကျောကိုထုတယ်ဗျ။

"ကျနော်က နားရအောင်ပါဆိုရင် သူကထုပြန်ရင်း"

"ဟ ကောင်လေး ဘာတွေလျောက်ပြောနေတာတုန်း"

"ဘာလို့လဲဗျ"

"တယ် ငါမပြောလိုက်ချင်ဘူး။ နားတယ်ဆိုတာသူတို့
ဘာသာစကားနဲ့ မိန်းမနဲ့ယောက်ျား အတူတူ
အိပ်တာဟဲ့" အဲ့သလို အရေးအသားက မေ့မရ။

အင်းလေလံပွဲ အကြောင်းကလည်း စိတ်ဝင်ဖွယ်
ဖတ်ရပြန်ပါသည်။
အင်းဒိုင်လုပ်တဲ့နေရာမှာ အင်းရေတွေ ကျသွားတော့
ယာလုပ်သူတွေက ယာလုပ်ကျသည်။ ထိုသို့ ယာလုပ်ရာတွင်
ဆောက်ချုံတွေစုပြီး မီးတိုက်ပစ်သည်။
ထိုမီးတိုက်တာကို ယခင် အင်းဒိုင်လုပ်သူကကန့်ကွက်သည်
တားသည်။ မီးရှိုးတဲ့နေရာအောက်မှာမြေကြီးထဲမှာ
ငါးမျိုးတွေရှိတယ်။ အင်းဒိုင်
ပြောစကားအရ အားလုံးအံ့အားသင့်ကုန်ကြသည့်။
ရေမရှိသည့် ထယ်စိုင်ခဲပဲရှိသည့် နေရာမှာ
ငါးက ဘယ်မှာ ရှိမှာလဲလို့ပြောကြသည်။

ထိုအခါ အင်းဒိုင်လုပ်သူကလက်တွေ့ပြသည်။
သူက မြေစိုင်ခဲ တခဲကို အတူးခိုင်းပြီး အင်တုံကြီးထဲထည့်ကာ
ရေတွေချည်းလောင်းထည့်သည်။
လောင်းထည့်တဲ့ ရေထဲမှာလည်းဘာမှ
မပါကြောင်း မြင်‌တွေ့ရသည်။ မြေစိုင်ခဲတွေက
ရေတွေဝပြီး တအိအိနဲ့ အရည်ပျော်သွားသည်။
နေ့တစ်ဝက်သာသာကြာတော့ ငါးပေါက်လေးတွေ
အင်တုံကြီးထဲမှာ လှုပ်စိလှုပ်စိနဲ့ ကူးခပ်နေသည်ကို
‌အားလုံးတွေ့မြင်ကြသည်။ ဒါကလည်း စာဖတ်သူကို
စိတ်ဝင်စားဖွယ်ဖြစ်စေသည်။

မန္တလေး၏ကားပြာအသင်းကြီးအကြောင်းကိုလည်း
သိရှိရသည်။ မန္တလေး၏ သွားလာရေးအတွက်
ယခင်က မြင်းလှည်းနှင့် ဆိုက်ကားများရှိသည်။
ကားပြာအသင်းပေါ်လာ၍ သူရို့ထမင်းလုတ်ဝင်
လုသည်။ မြင်းလှည်းမြင်းက သံခွာကျွတ်နေခဲ့ရင်
ကားဘီးတက်နင်းမိက ကားဘီးပေါက်သည်။
မြင်းခွာကိုလှန်ပြီး လိမ်လိုက်၍ ကားလမ်းပေါ်
အသာပစ်ထားလိုက်ရုံနဲ့ ကားများစွာ ထိုမြင်းခွါကို
တက်နင်းလိုက်သည်နှင့် ဒိုင်းကနဲ့ ကားတာယာ
ပေါက်သွားသည်။ ရှုးကနဲ့ဖြစ်သွားတတ်သည်။
ထိုကြောင့် ကားပြာ အသင်းက သူ့ကားသွားတဲ့
လမ်းတလျှောက် မြင်းခွာကောက်သူကိုခန့်ထား‌သေးသည်။
အစရှိသဖြင့် မန္တလေး၏စိတ်ဝင်စားဖွယ်ရာ
အမျိုးမျိုးအစုံစုံကို မမောတမ်းဖတ်ခွင့်ရခဲ့ပါသည်။

@htwegyi
March 2, 2025



73
0
0.000 NEOXAG

3 comments