စာဖတ်ဖို့ ကြိုးစားစို့။

avatar

img_0.7621092795142147.jpg

စာဖတ်သည့်အခါ ကျွန်တော်က ကိုယ်ကြိုက်
နှစ်သက်သည့် စာအမျိုးအစားကို ရွေးဖတ်သည်။
အမှန်က စာဖတ်ရာတွင် စာမျိုးစုံလင်စွာ
ဖတ်သင့်သည်။ ကိုယ်တွေငယ်စဉ်က အချစ်
ဝတ္ထုများ၊ စွန့်စွန့်စားစား ဟီးရိုး စာပေ
အရေးအသားများကို ပိုမိုကြိုက်နှစ်သက်ခဲ့စွာ
ဖတ်ခဲ့သည်။ အသက်အရွယ်ရလာတော့
စာပေါင်းစုံဖတ်လာသည်။

စာအရေးအသားဆိုသည်မှာ ကိုယ်တိုင်
ရေးကြည့်သည့်အခါမှ ခက်ခဲကြောင်း လက်တွေ့
သိလာသည်။ ကိုယ်တွေ ပေါက်ကရ စာ ရေး
သည်ပင် အတော်အားစိုက်ရေးရသည်။
စာရေးဖို့က ဇွဲနှင့် ဝါသနာနှစ်ခု ရှိပါမှ‌ ရေရှည်
ရေးသားနိုင်မည်ဟု ထင်သည်။ ကိုယ်ရဲ့ နေ့စဉ်
အကြောင်းအရာကိုပင် စာဖတ်ကောင်းအောင်
ရေးဖို့ဆိုသည်က မလွယ်ကူပါ။

အဲ ကိုယ်ကသာ စာကို ဟုတ်တိ ပတ်တိ အဖြစ်
ရှိအောင် မရေးနိုင်တာ။ စာရေးဆရာများ၏
စာအုပ်များကို ချေးများကာ ဟိုစာတော့ မကြိုက်၊
ဒီစာတော့ကြိုက်ဟု ရွေးချယ်ဖတ်ခဲ့သည်။
စာပေဆိုသည်ကလည်း စာဖတ်သူကို ဗဟုသုတ
ဖြစ်စေသလို အဆိပ်အတောက်ဖြစ်စေသော
စာများလည်းရှိပေသည်။

ယနေ့ခေတ် အင်တာနက်ပေါ်မှာ ပိုမိုများပြားစွာ
တွေ့မြင်ကြရပေမည်။ ခေတ်ရေစီးကြောင်းအရ
ဟုဆိုကာ ခေတ်ကို အကြောင်းပြု၊ နာမည်ကြီး
ပြီးရော လူစိတ်ဝင်စားအောင် ယခုခေတ်မှာ
အပြိုင်အဆိုင်ပင် ပြုလုပ်နေသည်။ စာပေ
ဆိုသည်က ယနေ့ခေတ်မှာ ဖတ်ရှုသူအလွန်နည်း
သွားပေသည်။

အင်တာနက်ခေတ်ကြီးမှာ ကိုယ်သည်ပင် စာ
တအုပ်ဖတ်ဖို့ ပျင်းရိနေပေသည်။ ယနေ့တော့
သူငယ်ချင်းထံမှ ယူလာသော စာအုပ်များကို
ဖတ်မိသည်။ စာထဲမှာ စိတ်ဝင်စားပါက ထိုစာအုပ်
ကို မထတမ်းဖတ်မိသည်။ သို့ပေသိ ငယ်စဉ်ကလို
တထိုင်တည်းနဲ့ စာတအုပ် မဖတ်နိုင်တော့ပေ။
စာဆယ်မျက်နှာခန့်ဖတ်ပြီး ဟို ဒီ လျှောက်ပြီး
မှသာ ဖတ်နိုင်သည်။

အထူးသဖြင့် စာရေးကောင်းသူ၊ ပါရမီရှိသူများ၏
စာပေများကို ဖတ်ရသည်က အရသာရှိပေသည်။
ထိုအရသာကို စာဖတ်သူတို့သာ သိရှိကြပေမည်။

@htwegyi
7-2-2023



0
0
0.000
5 comments