ဆန်းကြယ်မှုတို့၏ နောက်ကွယ်

avatar
(Edited)

img_0.7621092795142147.jpg

ကျွန်တော်က အကြားအမြင်တို့ ယတြာတို့ကို
သိပ်ပြီး ဂရုမထားပါ။ အထူးသဖြင့် သေဆုံး
သွားသူကို မည်သည့်နေရာရောက်နေသည်။
မည်သည့်ဘဝရောက်နေသည် အစရှိသဖြင့်
မေးမြန်းသည်ကိုလည်း သိပ်ပြီး စိတ်မဝင်
စားခဲ့ပါ။ အပိုအလုပ်ဟူ၍ သတ်မှတ်ခဲ့သည်။

အဆိုအပါ သတ်မှတ်ချက်၊ ခံစားချက်တို့က
ငယ်စဉ်ကဖြစ်ခဲ့သည်။ ယခုအသက်အရွယ်
ရလာတော့ ထိုအဖြစ်အပျက်များက
လူတို့၏ခံစားချက်၊ သံယောဇဉ်ကို အရင်ခံ၍
ပြုလုပ်လာသည်ဟု နားလည်လာသည်။
သံယောဇဉ်၊ ချစ်ခြင်း မေတ္တာတရားကို
အခြေခံ၍ များသောအားဖြင့် ထိုကိစ္စများကို
မေးမြန်းကြပေသည်။ တခါတရံတော့လည်း
လူ့သဘာဝ သိရှိလိုစိတ်၊ စပ်စုလိုစိတ်များလည်း
ပါပေမည်။

img_0.32507090435454017.jpg

မိမိချစ်သူ၊ ခင်သူ ရုတ်တရက် သေဆုံးသွားပါက
စိတ်ထိခိုက်ပေသည်။ တရားသဘောသိရှိသူ
တို့ကတော့ တရားသဘောနားလည်၍
တရားနှင့် ဆင်ခြင်ကြသည်။ သို့သော်
အချို့သောသူတို့က တရားသဘောသိပါ
သော်လည်း သိရှိလိုစိတ်၊ စူးစမ်းလိုစိတ်၊
စပ်စုလိုစိတ်များကြောင့် သေဆုံးသူ
မည်သည့်ဘဝရောက်နေကြောင်း
သိရှိလိုကြသည်။

မိတ်ဆွေတဦး၏ ဦးလေးတယောက်သေဆုံးသည်။
သေဆုံးစဉ် အမျိုးသမီးက အဝေးရောက်နေသည်။
သူက ညမှာ အကောင်းပကတိ မနက်ရောက်မှ
အသက်ပျောက်နေသည်။ အခန်းထဲမှာ
တယောက်ထဲ သေဆုံးနေခြင်ဖြစ်သည်။
ယခု အဆိုပါပုဂ္ဂိုလ်သည် သူ၏အိမ်၌
ပြိတ္တာဖြစ်နေသည်ဟု အကြားအမြင်ဆရာမက
ပြောသည်။
(ဆက်ပါအုံးမည်။)

@htwegyi
16-6-2022



0
0
0.000
5 comments
avatar

ဒါမျိုးဆိုတာကလည်း မယုံလို့ မရသလို အရမ်း ယုံလို့လည်း မရဘူးဗျို့။ !PIZZA

0
0
0.000
avatar

ဟုတ်တယ် တခါတလေ တိုက်ဆိုင်မှုတွေရှိနေတတ်တာ။

0
0
0.000
avatar

ယုံကြည်ရာ ဝိုးတဝါး လျှောက်လုပ်တတ်ကြတဲ့ မြန်မာ‌ဓလေ့ပါ။
!PIZZA

0
0
0.000
avatar

ကောက်ရိုးမျှင် ဆွဲကြသလိုပ။

0
0
0.000