နောက်ကွယ် (ဇာတ်သိမ်း)
မိတ်ဆွေတဦး၏ ဦးလေးတယောက်သေဆုံးသည်။
သေဆုံးစဉ် အမျိုးသမီးက အဝေးရောက်နေသည်။
သူက ညမှာ အကောင်းပကတိ မနက်ရောက်မှ
အသက်ပျောက်နေသည်။ အခန်းထဲမှာ
တယောက်ထဲ သေဆုံးနေခြင်ဖြစ်သည်။
ယခု အဆိုပါပုဂ္ဂိုလ်သည် သူ၏အိမ်၌
ပြိတ္တာဖြစ်နေသည်ဟု အကြားအမြင်ဆရာမက
ပြောသည်။
ထိုသို့ကြားစက ကျွန်တော်ပြုံးမိသည်။
ထိုအကြားအမြင်ဆရာမက အခြားမြို့မှာနေသည်။
သေဆုံးသူ၏ အိမ်နှင့်ကပ်လျှက်အိမ်က
ထိုဆရာမနှင့် သိခြင်းဖြစ်သည်။ ထိုအိမ်နီးချင်း
ကပြော၍ ဆရာမကို မေးမြန်ရာမှ ပြိတ္တာ
ဖြစ်နေသည်ဟု သိရသည်။ နောက် အဖြစ်
အပျက်တခုက သူတို့ပြောစကားအရ
လက်ခံရမလိုဖြစ်သည်။
တနေ့က ထိုအိမ်နီးချင်းအိမ်မှ အုတ်တံတိုင်း
ကျော်၍ သူခိုးဝင်သည်။ ထိုသူခိုးက
ညကြီးဝင်ရောက်ခြင်းဖြစ်သည်။ နှစ်အိမ်
မိသားစုများ ရှာကြသည်။ သူခိုးကို မတွေ့ကြပေ။
သို့နှင့် ညတွင်ချင်း ထိုဆရာမထံ သူခိုး
ဝင်တာ ဟုတ်မဟုတ် သူခိုး မည်သည့်နေရာ
ရှိမရှိ ဖုန်းဆက်မေးကြည့်ကြသည်။
ထိုအခါ ဆရာမက ဖုန်းဖြင့် ဖြေကြားသည်။
အိမ်ထောင့်တနေရာတွင် သူခိုးပုန်းနေကြောင်း
ဖုန်းဖြင့်ပြောသည်။
လူစု၍ လက်နှိပ်ဓာတ်မီးများဖြင့် အိမ်နောက်ဖေး
ထောင့်သို့ သွားရောက်ရှာဖွေကြသည်။
ထိုအခါမှ သူခိုးကို ခြံထောင်ရှိ သစ်ပင်ခြုံနွယ်များ
အောက်တွင် ရှာဖွေတွေ့ကြသည်။
အင်း ယခုလို ကြားရပြန်တော့လည်း
ထိုအရာများက ထူးထူးဆန်းဆန်း အံ့ဩ
စရာဖြစ်နေတတ်ပါလေသည်။
@htwegyi
17-6-2022
!PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(2/5) tipped @kachinhenry (x1)
golden.future tipped htwegyi (x1)
kachinhenry tipped htwegyi (x1)
You can now send $PIZZA tips in Discord via tip.cc!
ဖုန်းနဲ့တောင် အကြားအမြင်ရတယ်ပေါ့။ မိုက်တယ်....ဒါနဲ့ စကားမစပ် ... ကိုဟင့်ရဲ့ Sanpya-Kayunar ဆေးဆိုင် post လေးလည်း အားပေးကြပါအုံးနော့။ !PIZZA
အားပေးလိုက်ပါတယ်ဗျာ စံပြကရုဏာ မှ ဆေးဝါး
ဗဟုသုတလေးတွေဆက်တင်ပေးပါအုံး။
!PIZZA
အကြားအမြင်ဆရာမက ကအာရုံနဲ့ကြည့်လိုက်တာလား အိမ်ကအစောင့်ကိုမေးလိုက်တာလား🤔
!MEME
Credit: visualartist
Earn Crypto for your Memes @ hiveme.me!
မသိဘူး ညတွင်းချင်းဆိုတော့ကာ။