မိုး ရွာပါရင်ဖြင့်.....။

မိုးအေးအေးနဲ့ ယနေ့ စာရေးဖို့ နောက်ကျသည်။
မိုးအေးတော့ စာရေးပျင်းနေသည်။ မိုးကောင်း
ချက်က အိမ်ရှေ့၊ အိမ်ဘေးလမ်းများ ရေမြုပ်သွား
သည်။ ကျွန်တော့်ခြံထဲမှာရှိသော အုတ်ရေကန်
လေးလည်း ရေမြုပ်သွားပြန်သည်။ ယခင်တခါ
မိုးကြီးတုန်းကလည်း ရေမြုပ်သည်။ အုတ်ကန်လေး
မြှင့်မည်ဟု စိတ်ကူးသည်။ စိတ်ကူးသာ
ရှိသည်။ အုတ်နီခဲ၊ ဘိလပ်မြေ ဈေးများကြောင့်
ဒီအတိုင်း ကြည့်နေခဲ့ရသည်။

မိုးက မနက်ခင်းကတည်းကရွာသည်။ မနက်ခင်း
ရွာသောမိုးက အနည်းငယ်သာရွာသည်။ မနက်
ဆယ်နာရီခန့်မှာ မိုးတိတ်သွားသည်။ မိုးတိတ်
သွား၍ ထမင်းဟင်းများ အမြန်ချက်လိုက်သည်။
ကံကောင်းသည်ဟု ပြောရမည်။ ထမင်း၊ ဟင်းများ
ချက်ပြုတ်ပြီးသောအခါ မိုကသဲသဲမည်းမည်း
ရွာချလာသည်။ မိုးကသဲလိုက်၊ မိုးတိမ်များက
မဲလာလိုက်ဖြင့် မိုးက အဟုတ်ကို ရွာ‌သည်။

တော်ပေသေး။ မိုးအတိတ် ထမင်း၊ ဟင်းများ
ချက်ထား၍ နေ့လယ်ခင်းအတွက် ထမင်း
စားလိုက်ရသည်။ မိုးများသောကြောင့်
ကားလမ်းမပေါ် ရေများ ပြည့်လျှံနေသည်။
အိမ်ဘေးရှိ ကိုယ်ပိုင်မူလတန်းကျောင်းမှ
ကျောင်းသားလေးများ၏ အော်သံများပင်
မိုးကြောင့် ဖုံးသွားသည်။ မိုးရေများက မြောက်ဖက်
ရှိ မြောင်းမကြီးမှ ကျွန်တော်တို့ ခြံများအတွင်း
ဒလဟော ဝင်ရောက်လာသည်။

ကျွန်တော်ခြံနှင့် ကပ်လျှက်ကျောင်း၏ခြံများက
မြေနိမ့်ပိုင်းကျရောက်သည်။ ထိုကြောင့် မြောင်း
မကြီးမှ ရေများက ကျွန်တော်တို့ခြံများအတွင်း
ရေများ စီးဝင်လာသည်။ စီးဝင်လာသော ရေများကို
ကြည့်၍ ကျောင်းသား ကလေးငယ်များက
အော်ဟစ်နေကြပေသည်။ သူရို့လေးတွေအတွက်
ရေက ပွဲဖြစ်နေပေသည်။ ဒါတောင် ကျောင်းက
မဆင်းသေးပေ။ နေ့ခင်း တစ်နာကျော်သာရှိသေးသည်။

ကျောင်းက မဆင်းသေး။ ကျောင်းရှေ့ လမ်းမပေါ်
ရေအပြည့် ရေလျှံကြောင့် ကျောင်းလာကြိုသူ
ကားနှင့် ဆိုင်ကယ်များ ခက်ခဲပေမည်။ ခက်ခဲ
သည်ဆိုသော်ငြား ကားများ ပြဿနာမရှိပေ။
ဆိုင်ကယ်သမားများသာ အနည်းငယ် ခက်ခဲ
စေသည်။ လာကြိုသူ မိဘသားချင်းများ
မည်သို့နေနေ ကလေးများကတော့ ကလေးတို့
သဘာဝ ပျော်နေကြပေသည်။

မှန်ပါသည်။ မနက်ဖန် ဥပုသ်နေ့ကျောင်းပိတ်သည်။
ထိုကြောင့် ကလေးတို့ ပျော်ပါသည်။ ကလေးတို့
ပျော်ရသည်ဟု ပြောရခြင်းမှာ ကျွန်တော်တို့
ငယ်စဉ်ကလည်း ထိုသို့ ကျောင်းဆင်းချိန် မိုး
ရွာလျှင်ပျော်သည်။ အထူးသဖြင့် သောကြာနေ့
ညနေကျောင်းဆင်းချိန် ဆိုပါမူ အထူးကို
ပျော်ရွှင်မိသည်။ နောက်နေ့ ကျောင်းမတက်ရ
တော့ဟု အတွေးဖြင့် မိုးရေထဲမှာ အော်ဟစ်
ပြေးလွှား ဆော့ကစားရသည့် အရသာကို
ပြန်လည်တမ်းတ အောင်းမေ့မိပါသည်။

သို့ပေသိပေါ့လေ ဒီလို မိုးတွေ ရွာနေပါရင်ဖြင့်
ရေကြီး ရေလျှံ၍ ဒုက္ခရောက် နေရှာကြသော
အရပ်ဒေသမှ လူများအတွက်မူ များစွာ
ဝမ်းနည်းရပြန်ပါလေသည်။ လောက လူ့ရွာ
ဖြစ်ချင်တာလည်း မဖြစ်ရ၊ မဖြစ်ချင်တာလည်း
ဖြစ်ရတဲ့ ဘဝသံသရာကြီးပါလေ။

@htwegyi
October 1, 2024



0
0
0.000
6 comments
avatar

ဒီမှာ ပြင်ဉီးလွင်လည်း မနေ့ကတည်းက မိုးကောင်းနေတာ။ ဒီနေ့မှ နေသာလို့ ဝမ်းသာနေရတာ။
!PIZZA

!LUV

0
0
0.000
avatar

မန်းလေး ပဥလ အတူတူမိုးရွာတာဖြစ်မယ်။

0
0
0.000