ကြိတ်လိုက်ဟ။

မိုးက မနေ့ညက ကောင်းချက်ဗျို့။
မနက်နှစ်နာရီက စရွာလိုက်တာ မနက်လေးနာရီ
ကျော်မှ ကောင်းကောင်းတိတ်တာ။
မိုးမရွာတော့ မရွာလို့။ မိုးကလည်း ရွာခဲလိုက်တာ။
မိုးတိမ်တွေမဲတက်လာပြီးဆိုပါရင် မိုးရွာမယ်
ထင်ပါရဲ့။ မိုးတိမ်က မဲပြီး လေတိုက်တော့
မိုးတိမ်တွေက အဝေးလွင့်သွားပြန်သည်။

ဒီလို မိုးတိမ်မဲလိုက် လေတိုက်လိုက်နဲ့
အတော်ကြာပေသည်။ မိုးက ကောင်းကောင်းမရွာ။
မိုးရွာပြန်တော့ မိုးကနည်းသည်။ မိုးနည်း၍
မြေကြီးပင် ရေမဝပေ။ ဒီတော့ စိုက်ပျိုး
ထားသော သစ်ပင်လေးများကို ရေလောင်း
ရသည်။ မိုးရာသီမှာ သစ်ပင်ရေလောင်း
နေရတာ မဟုတ်ပေ။ ဒီမိုးနဲ့ ရွာခဲပါ့ဟု
ပြောခဲ့သမျှ ဟော့ မနေ့ညက ရွာချက်က
လက်လန်ရပေသည်။

မိုးက မနက်နှစ်နာရီမှာ စရွာပြီး ခဏတိတ်သွား
သည်။ မိုးတိတ်သွားတုန်း ကိုယ်တွေလည်း
အိမ်အောက်ခဏဆင်းသည်။ ထိုစဉ်က
အိမ်အောက်သို့ ရေမဝင်သေးပါ။ အိမ်အပြင်
မှာလည်း ရေ မဝပ်သေးပါ။ အိပ်ယာထဲ ပြန်ဝင်
၍ အိပ်သည့်အခါမှာ မိုးက အသံပေး၍
အော်လာသည်။

မိုးက အသံနှင့်အတူ မိုးသီးမိုးပေါက် အားကောင်း
သည်။ မနက်သုံးနာရီမှ စ၍ မိုးအားကောင်းကောင်း
ဖြင့် ရွာချလိုက်သည်မှာ မနက်လေးနာရီထိဖြစ်သည်။
ထိုတစ်နာရီအတွင်း ရွာချလိုက်သော မိုးက
အိမ်ဝင်းအတွင်း ရေပြည့်သွားသည်။ ခြံအတွင်းရှိ
အုတ်ရေကန်လေးပင် ရေမြုပ်သွားပေတော့သည်။
ခြံအတွင်းမှာ အိပ်သော ကျွန်တော့်အကိုက

" ဟ ထ ကြအုံးဟေ့ ရေမော်တာကြီး ရေထိ
တော့မယ် လုပ်ကြအုံး"

အကို စနေ၏ အော်သံကြောင့် အိမ်ရှိလူ အားလုံး
ထကြသည်။ မှန်ပါသည်။ အိမ်အောက်မှာ ထားသော
ရေမော်တာသည် ရေထိလု ထိခင်ဖြစ်နေသည်။
ရေမော်တာကို ရေမထိစေရန် မော်တာအောက်မှ
အုတ်ခဲနှင့် သစ်သားများ ခု ခံရသည်။ မော်တာ
ကို အပြင်ထုတ်၍ သယ် မ လို့လဲ မရပေ။

မော်တာကို အပြင်ထုတ်သယ်ရန်က ခက်ခဲသည်။
အိမ်အောက်ရှိ ဝရန်တာထုတ်တန်းနှင့် အပြင်ဖက်
မြေဖို့ထားသော မြေကြီးအမြင့်ကြောင့်
ရေမော်တာကို အလွယ်တကူ ထုတ်မရပေ။
ထိုကြောင့် မတက်နိုင်သည့်အဆုံး ရေမြင့်လာလေ
မော်တာအောက်သို့ သစ်သားများ၊ အုတ်ခဲများဖြင့်
တဖြည်းဖြည်းချင်း ခုခံရသည်။

မနက်‌ လေးနာရီ ခွဲမှ ခြောက်နာရီထိ ရေမော်တာ
ကို အရိပ်တကြည့်ကြည့် ကြည့်နေရသည်။
တော်ပေသေး ရေက ထပ်ပြီးတက်မလာ၍
တော်ရသေးသည်။ မိုးကလည်း တဖွဲဖွဲ အနည်းငယ်သာ
ရွာသည်။ မနက်ပိုင်း ရှစ်နာရီ ကိုးနာရီထိ
ရေက တအိအိတော့တက်သေးသည်။
သို့ပေသိ ရေမော်တာထိ ရေတက်မလာ၍
ဟင်း ချနိုင်ရသည်။ နေ့လယ် တနာရီကျော်မှာ
ရေက တအိအိပြန်ကျသွား၍ တော်ပေတော့သည်။

ဒါတောင် ကားလမ်းမကြီးပေါ် ကားများ
ဖြတ်သန်းမောင်းသွားကြပါက ကားလမ်းပေါ်မှ
ရေများက လှိုင်းလုံးသဖွယ် ခြံအတွင်း ဝင်လာ၍
ရင်တမမ ဖြစ်ရသေးသည်။ အင်း မနက်ခင်းပိုင်း
မနက်စာအတွက် မစားရတော့ဟု အောင်မေ့တာ
မီးက မနက်ရှစ်နာရီလာ၍ ထမင်းအိုး အမြန်
တည်းလိုက်ရသည်။ ဒါတောင် ကိုရွှေမီးက
ပျက်လိုက် လာလိုက်ဖြစ်၍ ထမင်းအိုး ပျက်တော့
မလိုလိုဖြစ်ရသေးသည်။ မနက်စာ ထမင်းစားရင်း
အကိုက တီဗီဖွင့်လိုက်သည်။ ထိုအခါ တီဗီမှာ
ပေါ်လာသည်က အဆိုတော်တဦး၏ မြူးထူးစွာ
ဆိုနေသည့် သီချင်းသံသည်။

"မိုးကို မျှော်သည် မျှော်သည်
မိုးရွာရင် ပျော်သည်" တဲ့။

စိတ်ထဲက မနက်စာ ထမင်းစားရင်း
ကြိတ်လိုက်ဟ ဟု ပြောမိပါလေသည်။

@htwegyi
August 29, 2024



0
0
0.000
4 comments
avatar

မိုး​ရေ​တွေနဲ့ ​မြောင်း​တွေ​ရေလျှံ
!PGM

0
0
0.000
avatar

အကုန်လျှံဝာာဗျို့။

0
0
0.000