ကျွန်တော်နှင့် Crypto အစဦး။

လူမှုကွန်ယက်မှာ တော်လှန်ရေးသတင်းများ
ဖတ်ရတာ အမော ဆိုသလို။ ယခုအချိန်က
ရေးသူရော ဖတ်သူရော လွှတ်ကောင်းတဲ့
အချိန်ဟု ပြောရမလား။ တော်လှန်ရေး
သတင်းတွေ ဖတ်လိုက်၊ ရာသီဥတုသတင်းများ
ဖတ်လိုက်နှင့် အတော်ကို အလုပ်များနေသည်။

ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး Hive ကလည်း
စိမ်းလိုက် နီလိုက်ဖြင့် ဈေးအတက်အကျ
ကစားနေပြန်သည်။ ဒီကြားထဲ Telegram
မှ ပေးသော အဲဒေါ့များကလည်း အများက
လုပ်ဆောင်ပြ၊ ယူပြကြတော့ ကိုလည်း
သူရို့နဲ့ ရော၍ လိုက်ပါလုပ်မိသည်။ တနေ့က
Telegram မှ Cats ကို Bitget မှာ ထုတ်ယူ၍
ရသည်ဟု သိရသည်။

ထိုကြောင့် ကိုယ်တွေလည်း Bitget အကောင့်
လေးဖွင့်ထားတော့ အများနည်းတူ သွားယူသည်။
အဲ့မှာ တွေတော့သည်။ ကိုယ်တွေရဲ့ Bitget
က အဆုံးထိ အကောင့်ပြုလုပ်ထားခြင်းမရှိပေ။
မှတ်ပုံတင်ဖြင့် Verify ပြုလုပ်ရပေအုံးမည်။
သို့နှင့် ပြန်လည်ပြုလုပ်သည်။ မရပါ။
ယခင်ကလည်း မှတ်ပုံတင်ဖြင့်ပြုလုပ်ထားရာ
မအောင်မြင်၍ ပစ်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ Telegram မှ အဲ‌ဒေါ့များခေတ်ထ၍
ထပ်၍ပြုလုပ်ခြင်းဖြစ်သည်။ ဟိုယခင်က အကောင့်
ပြုလုပ်ရာ မအောင်မြင်၍ ပစ်ထားသော
Bitget အကောင့်သည်က ယခုလည်း
အောင်မြင်စွာ မဖွင့်နိူင်ပြန်ပေ။ အနှီး
Bitget အကောင့်သည်ကား မှတ်ပုံတင်ဖြင့်
ဖွင့်၍ ရသလားမသိတော့ပေ။

ပုံပါအတိုင်း မှတ်ပုံတင်မှာ အမှန်ခြစ်ပြထားသော်လည်း
မျက်နှာ စကမ်ဖတ်သောအခါ
ရှေ့ဆက် မတက်လာတော့ပေ။ Crypto
ပြုလုပ်သူများအဖို့ Exchange အကောင့်
တခုတော့ အနည်းဆုံးရှိထားရမည်ဖြစ်သည်။
မှန်ပါသည်။ ထို Exchange အကောင့်ဖြင့်
ကိုယ့်ပြုလုပ်ထားသည့် crypto များကို
အရောင်း အဝယ်ပြုလုပ်နိုင်ပေမည်။

ယခုခေတ်မှာ Crypto ပြုလုပ်သူများအဖို့
အဆင်ပြေသည်။ ကိုယ်တွေ Crypto
စပြုလုပ်စဉ်က Wave Pay, Kpay များ
မပေါ်သေးပေ။ ထိုစဉ်က Crypto ပြုလုပ်
သူများလည်း အနည်းငယ်သာရှိပေသည်။
ယခုလို မကျယ်ပြန့်သေးပေ။ ကျွန်တော်
BTC သွားရောင်းစဉ်က Crypto ဝယ်သူများထံ
ကိုယ်တိုင်သွားရောင်းရသည်။

ထိုစဉ်က ပထမဆုံး အင်တာနက်ဖြင့် ငွေရှာ
ရသည်ကို အံ့ဩခဲ့သော မိတ်ဆွေများကို
လက်ဖက်ရည်ပင် တိုက်ခဲ့သည်။ ထိုငွေကို
မိတ်ဆွေများအား ကိုယ်တိုင် ထုတ်ယူပြသ
နိုင်ခဲ့သည်။ ကျွန်တော်၏ ပထမဦးဆုံး
Cryptocurrency မှ ငွေထုတ်ယူခဲ့ရသော
နေ့ရက်များကို ပြန်လည်အမှတ်ရ သတိရမိ
ပါသေးတော့သည်။

@htwegyi
September 29, 2024



0
0
0.000
7 comments
avatar

Cats က ပေးပြီလား
CATI ပေးတာ ပြောတာလား
!PIZZA
!LUV
!MEME

0
0
0.000
avatar

Bitget မှာ ပေးတာ ဘာပေးလဲတော့မသိပါဘူးဗျာ။

0
0
0.000