Hive ဈေးတက်ဖို့သာ လိုပါသည်။

avatar

ယခုတလော hiqvote က vote လာမပေးဘူးဗျို့။
ကိုယ်တယောက်ထဲလားဆိုတော့ မဟုတ်ဘူး။
အခြားသူများရဲ့ ပိုစ့်တွေကိုလည်း လာမဗုတ်ဘူး။
ဘာဖြစ်နေသလဲမသိ။ ကိုယ်တွေက သူရဲ့ဗုတ်နဲ့
Ecency ဗုတ်ကလေးတွေ မျှော်မိသည်။
ဟိုယခင်ကတော့ ကိုဟင်နရီအောင်၏ ဗုတ်ကို
ရ၍ ပြဿနာမရှိပေ။

Hive Myanmar မှာ စာရေးပိုစ့်တင်သူကလည်း
အတော်ကို နည်းပေသည်။ သို့ပေသိလည်း
ကျွန်တော်တို့သည် Hive ပလက်ဖောင်းမှာ
ကုက်ကပ်တွယ်၍ ရေးနေဆဲဖြစ်သည်။
နောင်လည်း ရေးနေရပေအုံးမည်။ အဲ သို့သော်
ပေါ့လေ Hive ပလက်ဖောင်းမှာ မြန်မာ
တွေထဲမှာတော့ Hive Power အားကြီးသူ
တဦးတော့တွေ့ရပါသည်။ အခြား ကျွန်တော်
မသိသူများလည်း ရှိပေအုံးမည်။

Hive Myanmar ဂရုမှာ ကိုဟင်၏ ဗုတ်မရရှိသော်လည်း
Hive Power အားကြီးသူ
@princekham ၏ဗုတ်ကြောင့်လည်း
ကျွန်တော်တို့ အားတက်ရပါသည်။
မည်သို့ဆိုစေ Hive ပလက်ဖောင်းမှာ
ကျွန်တော်တို့ မြန်မာများထဲမှာ သူတို့လို
Hive Power များများရှိသူများ ရှိသဖြင့်
ဂုဏ်ယူရပါသည်။

ကိုယ်တွေကတော့ ပါဝါသုံးထောင်ကနေ
ဝေ့လည်လည် ဖြစ်နေသည်။ ဟိုက်ဈေး
တက်နိုးနဲ့ ပိုစ့်တင်ရေးလာခဲ့သည်မှာ
နှစ်အတော်ကြာခဲ့ပေသည်။ အချို့က
Hive Myanmar ဂရုမှာ အလည်သဘော
လာကြသည်။ အချို့က ငွေရ လွယ်မလားဟု
လာကြသည်။ အချို့က ဇွဲ လျော့သွားကြသည်။
အချို့ကလည်း စာရေးဝါသနာပါပြီး သူတို့၏
ကိုယ်ပိုင်အချိန်များမှ ဖဲ့မပေးနိုင်ကြ၍
လမ်းတဝက်မှ ထွက်ခွါသွားကြသည်။

မည်သို့ဆိုပါလေ တချိန်ချိန်မှာ ဟိုက်ဈေးတက်လာ
ဖို့ မျော်ရပါသည်။ Hive ဈေးတက်ချိန်မှာ
ကိုယ့်လက်ထဲမှာ Hive တွေရှိနေဖို့က ပိုပြီ
အရေးကြီးပေသည်။ Hive ဈေးတက်ချိန်မှာ
တော့ သူ့အလိုလို Hive Myanmar ဂရုမှာ
လူတွေစည်ကားလာပါလိမ့်မည်။ ဒီတော့
Hive ဈေးတက်ဖို့သာ လိုပါသည်ဟူ၍သာ။

@htwegyi
October 9, 2024



0
0
0.000
3 comments
avatar

1 hive 10$ မဖြစ်ရင်တောင် 1 hive 1$ ဆို တော်ပါပြီလေ။
ဟီးဟီး

0
0
0.000
avatar

ဟုတ်တယ်ဗျာ။

0
0
0.000