ဒုတိယမှာ ပါသည်။

avatar

လူဆိုသည်မှာ ကောင်းတာလုပ်သည်ကို
ကောင်းသည်ဟု ပြောဖို့ ခက်ခဲပေသိ။
မကောင်းမှုလုပ်သည်ကိုတော့ ပြောဆိုဖို့က
အင်မတန် လွယ်ကူကြပေသည်။
လူ့သဘော လူ့မနော ဆိုသည်က ခဏနှင့်
ဆုံဖြတ်ပါမူ မှန်ဖို့နည်းသည်။ သဘော မနော
သိဖို့ ပေါင်းကြည့်သောအခါ ပိုမို ထင်သာ
မြင်သာ သိသာပေသည်။

သမီးရည်စား ဘဝကတော့ တယောက်နဲ့တယောက်
တဦးနဲ့ တဦး ချစ်ရည်လူးသ၍ သူ့အမှား
ကိုယ့်အမှား မမြင်ချင်ရောင်ဆောင်ကြသည်။
မိုးမမြင် လေမမြင်ကာလဟု ထိုကြောင့်
ခေါ်လေသည် ဆိုခြင်းဖြစ်ပေမည်။ ယခုခေတ်
ကာလမှာတော့ AI ခေတ်ကြီးရောက်လာမင့်
ဟာသမို့။ ချစ်သူရည်စားများ၏ ဘဝအခြေအနေ
များလည်း တမျိုးတမည်ပြောင်းလဲလာသည်ဟု
ထင်ပါသည်။

ကျွန်တော့်အမေ အဖေတို့ခေတ်က သမီး
ရည်စားဘဝရောက်သူတို့သည် ဆယ်ကျော်သက်အရွယ်များဖြစ်သည်။ ဆယ်ခြောက်နှစ်၊
ဆယ်လေးနှစ် ကပင် အိမ်ထောင်ပြုသူများ
ရှိသည်။ တခြားဝေးဝေးပင် မရှာရပါ။
ကျွန်တော့် ဒေါ်လေးတယောက်သည်ပင်
ဆယ့်ငါးနှစ်က အိမ်ထောင်ကျသည်ဟု အမေက
ပြောသည်။

‌ကျွန်တော်တို့ခေတ်မှာတော့ အသက်နှစ်ဆယ်ကျော်
မှ အိမ်ထောင်ပြုသူများသည်။ တခါတရံ သုံးဆယ်ကျော်ထိ
ရောက်သွားတတ်သည်။ သမီးရည်စား
ဘဝကတော့ အထက်‌တန်းကျောင်းသားအရွယ်
ကတည်းက ရင်ခုန်တတ်ခဲ့ကြသည်။ အိမ်ထောင်
ပြုဖို့အတွက် အချိန်ယူကြသည်က များသည်။
သို့ပေသိ ခုမြင်၊ ခုကြိုက်၊ ခုလိုက်သူများလည်း
ရှိကြသပေါ့။

ဟော့ ယနေ့ခေတ် AI ခေတ်ကြီးကတော့
တိုးတက်ချက်က သူရို့ခေတ်ပြောတဲ့ နိုင်းပလက်
ဆိုသလို။ မူကြိုအရွယ်ကလေးကလည်း
အလှကို သိရှိတတ်သည်။ အလှနဲ့ အချစ်ကို
ရောသမမွှေသည်။ မူလတန်းကလည်း
အဲ့သလို ရောသမမွှေရန် နောက်မကျပေ။
မူကြိုကျောင်းသား မောင်ကျောင်းသားက
သူ့အတန်းက မူကြိုကျောင်းသူကို ဘယ်သူက
ဘယ်လိုလှသည်၊ ဘယ်ပုံဆိုတာ ပြောသည်။

အဲ မူလတန်ကျောင်းသား မောင်ကျေင်းသားကလည်း
သူ့ကောင်မလေးအမည်ကို ရွတ်ရွတ်ပြသည်။
တနေ့က သူရွတ်နေကြ အမည်မဟုတ်ပဲ
အမည်အသစ်တခုကို ရွတ်နေသည်။ ဟ
မင့် ကောင်မလေးက အရင်ကောင်မလေး
မဟုတ်တော့ဘူးလား မေးမိတော့။
သကောင့်သားက ပြုံးစိစိနဲ့ ။

"အဟီး ဟုတ်တော့ဘူး၊ နောက်တယောက်
ပြောင်းသွားပြီး၊ ဒီတယောက်က အရပ်ရှည်တယ်၊
ဆံပင်လည်းရှည်တယ်၊ သားထက်လည်း
အရပ်မြင့်တယ်၊ အသက်လည်းကြီးလို့
မမ လို့ သားကခေါ်လိုက်တာ"

ငင့် သူ့ဟာနဲ့ သူတော့ ဟုတ်နေပါပြီဟူ၍သာ။
AI ခေတ်ကြီး ဆိုတော့လည်း အဲ့သလောက်တော့
ရှိပေမပေါ့။ အဲ့တော့ဗျာ ဖော်ပြပါ အချင်းအရာ
များက ကောင်းတလား၊ မကောင်းတာလား
ဆိုတာ ဘယ်လို ရေးရပါ့။ လူဆိုသည်ကလည်း
အခက်သားဗျ။ ကောင်းတဲ့ဟာများဆို နေ့ရွေ့
ညရွေ့နဲ့။ မကောင်းတာများဆို လာထား ခုဆို
ခုမှ လူက အများသား။ ကိုယ်တွေလည်း ဒုတိယထဲ
ပါ ပါ တယ်ဆိုသည်ပြောရမည်။

@htwegyi
November 11, 2024



0
0
0.000
2 comments