အညွန့်တွေ ထောင်စေ။
မနေ့က ငါးဟင်းချက်သည်။ ငါးကို ရေချိုလေး
ချက်စားသည်။ ငါးကို ငါးကြီးနှင့် ငါးသေး
ဟူ၍ ကျွန်တော်က နှစ်မျိုးခွဲထားသည်။
ငါးသေးသေးလေးများက ရင်ပေါင်စာငါး
နှင့် နိုင်လွန်ငါးဟူ၍ အကြမ်းမျဉ်း
သိထားပါသည်။ ငါးကြီးများက ငါးအုံ့တုံ၊
ငါးကြင်နဲ့ ငါးဘတ်ဟူ၍ဖြစ်သည်။ ငါးစား
သည့်အခါ ငါးအုံ့ကို ပို၍စားဖြစ်သည်။
ထိုငါးကိုပင် ဇက်သားကိုသာ ဝယ်စားဖြစ်သည်။
ဇက်သားဆိုသည်က ငါးခေါင်းအနီးမှ အသားဖြစ်သည်။
ထိုအသားက ဈေးနည်းသည်
ထိုကြောင့် ဈေးသက်သာ ဈေးချိုသော
ထိုဇက်သားကိုဝယ်စားခြင်းဖြစ်သည်။
ဟိုယခင်ကတော့ ငါးသေးသေးလေးများကို
ဈေးချို၍ဝယ်စားကြသည်။
ယခုတော့ ထိုငါးသေးသေးများလည်း
ငါးကြီးများနည်းတူ ဈေးကြီးသည်။ တခါတရံ
ထိုငါးသေးက ငါးကြီးထက် ပို၍ ဈေးကြီးနေ
တတ်သေးသည်။ အဲ တနေ့က ငါးအုံ့တုံဇက်သား
ဝယ်၍ ရေချိုချက်စားရာမှာ ဇာတ်လမ်းစသည်။
ငါးရေချိုကို ကျွန်တော်က မွှေးအောင် ငရုပ်သီးစိမ်း
နဲ့အတူ ပင်စိမ်းလေးရောထဲ့သည်။
အဆိုပါ ပင်စိမ်းက ကျွန်တော့်အမ စနေသမီးက
စိုက်ထားသည်။ သူမစိုက်ထားသော ပင်စိမ်းပင်မှ
ပင်စိမ်းရွက်များကို ခူး၍ ငါးဟင်းမှာ ထဲ့ချက်စား
လိုက်သည်။ ပင်စိမ်းပင်က မူလပင်စိမ်းပင်ကြီးမှ
အစေ့များက ပြန့်ကျဲ၍ အနီးအနားမှာ ပင်စိမ်းပင်
ပေါက်လေးများပေါက်နေသည်။ ထိုပင်စိမ်းပင်
ပေါက်လေးများမှ ထိပ်အညွန့်လေးများကို
ခူး၍ ကျွန်တော်က ချက်မိသည်။
ထိုအခါ အမစနေက ကျွန်တော့်ကို ပြောပါလေသည်။
ပင်စိမ်းပင်ပေါက်လေးများမှ အညွန့်ကို ခူးသဖြင့်
ပြောသည်။ ပင်စိမ်းအပင်ကြီးမှ အရွက်နှင့် အညွန့်များက
များစွာ မရှိတော့ပေ။ ပင်စိမ်းပင်ပေါက်လေး
များမှသာ အရွက်နှင့် အညွန့်လေးများက ရှိ၍
ကျွန်တော်ခူးခြင်းဖြစ်သည်။ အမ က တပြစ်တောက်တောက်နှင့် ပြောမပြီးတော့ပေ။
ထိုအခါ အကို စနေသားက
"အမရာ နင့်အပင်က ဘယ်လောက်များ တန်ဘိုးရှိလို့
ဒီလောက် ပြောလို့ မပြီးတာလား၊ နောက် မခူး
နဲ့ဆို ပြီးရော့ပေါ့"
"ဟဲ့ မပြီးဘူးဟေ့ အဲ့ အပင်ပေါက်လေးတွေကို
ထပ်ပျိုပြီးစိုက်လို့ ငါပြေထားတာ။ နင်တို့က စားသာ
စားတာ အပင်စိုက်ဖို့၊ ရေလောင်ဖို့တော့ ငပျင်တွေ"
ထိုအခါ ကျွန်တော်က ဝင်၍ ပြောရသည်။
"အမရာ ဒီလောက်မိုးရွာနေတာ၊ ရေလောင်းစရာ
လို့သေးလား၊ နောက်ပြီး ပင်စိမ်းက ရေလည်း
သိပ်ပြီး မကြိုက်လှပါဘူး"
"သိဘူးဟေ့ တနေ့က ဟိုဖက်အိမ်ကို ငါက
ပင်စိမ်းပင်ပေါက်လေးတွေ ပေးမယ်လို့
ပြောထားတာ။ နင့်တို့က ခူးစားကြတော့
ငါပေးမယ့် ဟာတွေ အညွန့် မရှိတော့ဘူးပေါ့"
ထိုအခါ အကိုစနေက ပြောလိုက်သည်။
"အမလေး အညွန့်များ မိုးရွာရင် ထောင်တက်
လာမှပေါ့။ မိုးရွာမှာ မပူနဲ့ မုန်တိုင်းရှိတယ်
နင့်အပင်တွေ မိုးရွာလို့ အညွန့်တင်မကဘူး
ရေပါမျောသွားစေရမယ်"
စနေနှစ်ဦး၏ စကားပြိုင်ဆိုင်မှုကြား ကျွန်တော့်မှာ
ကြားက ပါးစပ်ပိတ်၍ နေရပါလေတော့သည်။
@htwegyi
October 23, 2024
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !COFFEE from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻