အညာမိတော့မလို။

ယနေ့ ပိုစ့်တင်ဖို့ အလှည့်ကျရောက်လာပါပြီ။
မည်သည့်အကြောင်းအရာ ရေးရမည်လဲဟု
တွေးနေမိသည်။ စာရေးဖို့ စဉ်းစားနေစဉ်
ဖုန်းဝင်လာသည်။ ဖုန်းဆက်လာသူက
လူလိမ် လူညာမကြီးပေါ့ကွာ အာရွှီးတဲ့
အမျိုးသမီး‌နဲ့ တွေ့ပါလေသည်။

ဖုန်းဆက်လာသူ အမျိုးသမီးက
ကေဘီဇက် ဆယ်နှစ်ပြည့် ကံစမ်းမဲပေါက်သည်။
ကံစမ်းမဲ ပစ္စည်းကို နီးစပ်ရာ ကေဘီဇက်ဘဏ်မှာ
သွားရောက်ထုတ်ယူပါ။ မည်သည့်ငွေကြေးမှ
ပြန်လည်ပေးစရာမလိုဟုပြောသည်။
ဒီတော့ အနည်းငယ်စိတ်ဝင်စားသွားသည်။
ပစ္စည်းသွားရောက်ထုတ်ယူတဲ့ အခါ မှတ်ပုံတင်နဲ့
ကုတ်နံပါတ်လေးယူသွားပါဟု ပြောသည်။

အလိမ်အညာဖြင့် ဆက်သွယ်လာသော ဖုန်းနံပါတ်
ဖြစ်ပါသည်။

အဲ့အထိ ကိုယ့်ကို လိမ်နေမှန်မသိသေးဘူး။
ဖုန်းသံထဲမှာ အမျိုးသမီးအသံက ကြည်ကြည်
လင်လင်နဲ့ ပီပီပြင်ပြင်ပြောနေတာကို
မျောပြီး မှတ်ပုံတင်နံပါတ်တွေပါ ပြောမိသည်။
နောက်တော့ သူက ဖုန်းမှာ ကုတ်နံပါတ်ကျလာ
ပါမယ် အဲ့ကုတ်နံပါတ်ကို ပြောပါဟု သူမ
ကပြောလာသောအခါ ကုတ်နံပါတ်ကို
ကြည့်၍ ပြောတော့မည်ဟန်ပြင်စဉ်။

ဒိန်း ကနဲ့ အသိတခုဝင်လာသည်။
ဟာ မဟုတ်သေးဘူး ဒီကုတ်နံပါတ်တောင်း
နေတာဆို ငါ့ကို လိမ်နေတာဟု အသိဝင်လာကာ
ဖုန်းကို ပိတ်ပစ်လိုက်ရသည်။ အ မယ် မင်း
တော်သေး ကေဘီဇက်ပေးလ် မှာရှိသော
ငွေခုနှစ်ထောင်လေးပါသွားတော့မလို့။

ထို ငွေခုနှစ်ထောင်က အရေးမကြီးသော်လည်း
နောက်ဆက်တွဲ ဘာတွေဖြစ်လာမည်ကို
မသိပေ။ ကေဘီဇက်ဘဏ်သို့သွားကာ
ကိုယ့် အကောင့်ကို ပြန်၍ ပြုပြင်ရပေမည်လား
မသိပေ။ မှတ်ပုံတင်နံပါတ်ကို ပြောလိုက်၍
နောက်ထပ် ဘာပြဿာနာများ ဖြစ်လာမည်မသိပေ။
သိသူ ဆရာသမားများ ‌ပြောပြပေးကြပါ။

ဒီလောက် လူလိမ်တွေများတာကို သိပါလျှက်နဲ့
အလိမ်ခံရဖို့ လက်မတင်လေး ကျန်ပေသည်။
လိမ်သူများကလည်း ပိရိလွန်ပေသည်။
ရဲတင်းလွန်ကြပေသည်။ တဖက်လူ၏
အကြောင်းကိုလည်း အနည်းငယ်တော့
သိကြပေမည်။

ယခုလို ရှားပါးသော၊ ခက်ခဲသော ခေတ်ပျက်
ကာလမှာ လိမ်သူ လူလိမ်များနှင့် လောဘသားများကြား
မည်မျှ အလိမ်ခံနေကြရသည် မသိနိုင်ပေ။
ယခုအခါပါနှင့် ဆိုပါလျှင် ကျွန်တော်ထံသို့
လာလိမ်သည်မှာ နှစ်ကြိမ်၊ နှစ်ခါရှိပေသည်။
လောဘနှင့် မြူဆွယ်ပါမူ ကိုယ်တွေပင် ပါသွား
မိသလိုဖြစ်ရလေသည်။ လူလိမ်၊ လူညာ
အလိမ်အကောက်များမှ ကင်းဝေနိုင်ကြပါစေ။

@htwegyi
July 30, 2024



0
0
0.000
6 comments
avatar

Code နံပတ် မရသွားရင် ရပါတယ်ဗျ။
အစစ အရာရာ ဂရုစိုက်ပါဗျ။

0
0
0.000
avatar

ဟုတ်ကဲ့ပါဗျို့။

0
0
0.000
avatar

Code ရသွားရင်တော့ နဲနဲစိုးရိမ်ရတယ်။ ဒါပေမဲ့ မျက်နှာ အတည်ပြု စကမ်ဖက်တာကို KBZ အပြည့်အဝ လုပ်ဆောင် အတည်ပြုနိုင်လား ဆိုတာကတော့ ကျွန်တော်လည်း အတိကျ မသိရသေးတော့ မပြောတက်သေးဘူး။

0
0
0.000
avatar

မျက်နှာ စကမ်ဖတ်တာတော့
တခါမှ မလုပ်ဖူးသေးဘူးဗျ။

0
0
0.000