Scenery from Mandalay Mountain

Hello.

I arrived at Mandalay Mountain, which I had not seen for a long time.
About 6 years ago, one evening, I went to Mandalay Mountain with a group of friends.
Now it is not allowed to go to Mandalay Mountain at night.
Because the terrorist army has placed weapons on Mandalay Mountain.

6 years ago, Myanmar was peaceful.
The people were able to enjoy themselves freely.
So, I went to Mandalay Mountain with a group of friends and had fun.
I will never be able to see a friend that I traveled with at that time.
When I reached Mandalay Mountain, I remembered the friends I used to go with.
I hope to be able to meet the HIVE-MYANMAR team again sometime.

I took memorable photos while I were on Mandalay Mountain.
The views from the mountain.
Adjacent to the south of Mandalay Mountain is the ancient Yadanarpone Nai Pyi Taw.
In the Nay Pyi Taw area, there are green trees, and in the city next to it, you will only see Buildings.

To the north of Mandalay Mountain is the exit from the city and is now an area where the fighting is fierce.
The east may also go to another township and there is a war going on.

Mandalay will become a war zone in the coming months.
Then I won't be able to attend Mandalay Mountain for a long time.
Therefore, shortly before the Civil War, I went to Mandalay Mountain and took memorable photos of the scenery.
In the coming months, we will be able to see this kind of scenery.
The multi-ethnic Spring Revolution Army has surrounded Mandalay, Myanmar's second largest capital, to clear the tyrannical terrorist army.
Burmese language,
မင်္ဂလာပါ။

မရောက်ဖြစ်တာကြာပြီဖြစ်သော မန္တလေးတောင် ပေါ်သို့ ရောက်ဖြစ်ခဲ့သည်။
လွန်ခဲ့သော ၆ နှစ်လောက်က ညခင်းတခုမှာ မိတ်ဆွေတစုဖြင့် မန္တလေးတောင် ပေါ်သို့ ရောက်ဖြစ်ခဲ့သည်။
ယခုအခါတော့ ညမှာ မန္တလေးတောင်ပေါ်သို့ တက်ရောက်ခွင့်မရှိပါ။
မန္တလေးတောင် ပေါ်မှာ အကြမ်းဖက်စစ်တပ်က လက်နက်များတပ်ဆင်ကာ ထားသောကြောင့် ဖြစ်သည်။

လွန်ခဲ့သော ၆ နှစ်ကတော့ မြန်မာနိုင်ငံသည် ငြိမ်းချမ်းသာယာနေခဲ့သည်။
ပြည်သူတွေလည်း လွတ်လပ်စွာ ပျော်ပါးနေနိုင်ခဲ့သည်။
ဒီတော့ ကျွန်တော်လည်း မိတ်ဆွေတစုဖြင့် မန္တလေးတောင် ပေါ်သို့ တက်ရောက် ပျော်ပါးခဲ့ကြသည်။
ထိုစဉ်က အတူသွားရောက်ခဲ့သော မိတ်ဆွေတဦးကိုတော့ ဘယ်သောအခါမှ ပြန်တွေ့နိုင်တော့မည်မဟုတ်ပါ။
မန္တလေးတောင်ပေါ် ရောက်တော့ အတူသွားခဲ့ဖူးတဲ့ မိတ်ဆွေတွေကို သတိရမိခဲ့ပါတယ်။
HIVE-MYANMAR အဖွဲ့သားတွေနှင့်တော့ တချိန်မှာ ပြန်ဆုံနိုင်ဦးမည်ဟု မျှော်လင့်ရပါသည်။

မန္တလေးတောင်ပေါ် ရောက်တုန်း အမှတ်တရဓာတ်ပုံများ ရိုက်ယူခဲ့သည်။
တောင်ပေါ်မှ မြင်ရသော ရှုခင်းတွေပေါ့။
မန္တလေးတောင်၏ တောင်ဘက်ကပ်လျက်မှာ ရှေးဟောင်းရတနာပုံနေပြည်တော် တည်ရှိသည်။
နေပြည်တော်ဧရိယာ၌ သစ်ပင်များ စိမ်းလန်းစွာ ရှိနေပြီး ဘေးက မြို့ပြမှာတော့ တိုက်တာအဆောက်အဦးတွေကိုသာ မြင်တွေ့ရမည်။

မန္တလေးတောင်၏ မြောက်ဘက်ကတော့ မြို့ပြင်သို့ ထွက်ခွါသွားခြင်း ဖြစ်ပြီး ယခုအခါ တိုက်ပွဲ ပြင်းထန်နေသည့် ဒေသ ဖြစ်သည်။
အရှေ့ဘက်သည်လည်း အခြား မြို့နယ်တခုသို့ ရောက်သွားနိုင်ပြီး စစ်မက်ဖြစ်ပွားနေသည်။

လာမည့် လပိုင်း၌ မန္တလေးမြို့သည် စစ်ဇုံဖြစ်လာတော့မည်။
ထိုအခါ ကျွန်တော်သည် မန္တလေးတောင် ပေါ်သို့ ကာလာကြာစွာ တက်ရောက်နိုင်တော့မည် မဟုတ်ပေ။
သို့ဖြစ်၍ မြို့ပြစစ်ပွဲ မဖြစ်ခင် အချိန်လေးမှာ မန္တလေးတောင် ပေါ်သို့ တက်ရောက်ခဲ့ပြီး ရှုခင်းပုံတွေ အမှတ်တရဓာတ်ပုံရိုက်ယူထားခြင်း ဖြစ်သည်။
နောက်လာမည့် လတွေမှာ ဒီလိုရှုခင်းတွေ မြင်ရချင်မှ မြင်နိုင်ပေတော့မည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော နွေဦးတော်လှန်ရေးတပ်ပေါင်းစုသည် အာဏာရူး အကြမ်းဖက်စစ်တပ်ကို ရှင်းလင်းရန် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် မန္တလေး ကို ဝိုင်းပတ်နေကြပြီ ဖြစ်သည်။

@golden.future



0
0
0.000
8 comments
avatar

Congratulations @golden.future! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You received more than 85000 upvotes.
Your next target is to reach 90000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Hive Power Up Day - August 1st 2024
0
0
0.000
avatar

စစ်ဖြစ်တော့မှာတောင် တောင်ပေါ်က ရှုခင်း ကြည့်နေနိုင်တယ်။
!LUV
!LOLZ

0
0
0.000
avatar

ဖြစ်ခါနီးလေးဟာကို ဟဲဟဲ

0
0
0.000
avatar

CALLMEMAUNGTHAN ACCOUNT A THIT PR A KO. POWER LAY DELEGATION LOTE PAY PR LR.

0
0
0.000