My Entry for Reflection Hunters Contest

Hello 🤗

In the next few weeks, all the fields outside the village will be green plains.
Yes 💯
There are only a few fields left to grow rice in the rainy season.

After all the fields outside the village are planted with rice, the water in the fields will no longer be visible.
If I can't see the water, I won't be able to see the reflection of the trees.
So, before all the fields were planted with rice, I started looking for reflective images.

The images that I am sharing today are images of trees that I saw in the water in one of the fields.
The image of the competition is a picture of a rice field.
The paddy field is protected by stringing small poles to protect it from the danger of birds.
When the wind blows, the string shakes across, as if it is scaring the birds.
The optical image of the string that scares the bird is shown as rural knowledge.

Burmese language,

မင်္ဂလာပါ။

မကြာခင် ရက်သတ္တပတ်အတွင်း ရွာအပြင်က လယ်ကွင်းတွေအားလုံးသည် အစိမ်းရောင်လွင်ပြင်ကြီး ဖြစ်နေပါတော့မည်။
ဟုတ်ပါသည်။
မိုးရာသီ စပါး စိုက်ပျိုးနေကြသည်မှာ လယ်ကွက်အနည်းငယ်သာ ကျန်ရှိပါတော့သည်။

ရွာအပြင်က လယ်ကွက်များအားလုံးကို စပါးစိုက်ပျိုးပြီးလျှင် လယ်ကွက်ထဲမှာ ရေပြင်ကို ကောင်းစွာ မြင်ရတော့မည် မဟုတ်ပါ။
ရေပြင်ကို မမြင်ရလျှင် သစ်ပင်တွေ၏ အလင်းပြန်ပုံရိပ်ကိုလည်း ကျွန်တော် မြင်တွေ့ရတော့မည် မဟုတ်ပါ။
သို့ဖြစ်၍ လယ်ကွက်တွေအားလုံးထဲ စပါး စိုက်ပျိုးလို့ မပြီးသေးခင် ကျွန်တော်က အလင်းပြန်ပုံရိပ်များ ရှာပုံတော်ဖွင့်ခဲ့ပါသည်။

ယနေ့ မျှဝေပေးသော ပုံရိပ်များမှာ လယ်ကွက်တွေထဲက ရေပြင်၌ မြင်တွေ့ခဲ့ရသော သစ်ပင်များ၏ ပုံရိပ်များ ဖြစ်ပါသည်။
ပြိုင်ပွဲဝင် ပုံကတော့ စပါးပျိုးခင်းပုံ ဖြစ်ပါသည်။
စပါးပျိုးခင်းကို ငှက်များ၏ အန္တရာယ်မှ ကင်းလွတ်စေရန် တိုင်ငယ်များ ထောင်ကာ ကြိုးတန်းပြီး ကာကွယ်ထားပါသည်။
လေတိုက်သောအခါ ကြိုးတန်းသည် တဖြတ်ဖြတ် လှုပ်ခါနေသောသောကြောင့် ငှက်တွေကို ခြောက်လှန့်နေသကဲ့သို့ ရှိပါသည်။
ငှက်‌ကို ခြောက်လှန့်သော ကြိုးတန်း၏ အလင်းပြန်ပုံရိပ်ကို ကျေးလက်ဒေသဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါသည်။

@golden.future



0
0
0.000
2 comments