ဒီရက်ပိုင်းအခြေအနေ ပန်းပုံတွေ

မင်္ဂလာပါ။

ဒီရက်ပတ်‌‌တွေမှာ မပျော်သလိုခံစားနေရတယ်။
တကယ်တော့ လွတ်လပ်ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေတာ နှစ်အတော်ကြာခဲ့ပါပြီ။
နေသာသလို နေလာရင်း မနေသာတဲ့ အခြေအနေတွေဆီ နီးကပ်လာခဲ့တယ်။

ဒီရက်ပိုင်း ဝင်ငွေက အတော်နည်းနေတော့ စိတ်ခံစားမှုတွေ ပိုမကောင်းလာတာပဲ။
ကိုယ်နေတဲ့ဒေသ ကျေးရွာတွေမှာ စစ်သားစုဆောင်းရေး တွေ့ကရာလူ ဆွဲခေါ်နေတာက ပြဿနာပဲ။
ဒေသခံတွေခမြာ ကျီးလန့်စာစားဘဝ ရောက်နေကြရတယ်။

ဒီလ ထောက်ပို့ငွေ မလွှဲနိုင်သေးဘူး။Hive ဈေးက ကျနေတော့ ရောင်းရမှာ နှမြောနေတာ။
အခြား coin လည်း ရောင်းစရာရှိမနေဘူး။
လက်ထဲမှာ မြန်မာငွေကလည်း ထောက်ပို့ရန် 40000 ကျပ် ပိုမနေသေးဘူး။
ဒီလတော့ စိတ်ရှုတ်စရာတွေနဲ့ပါပဲ။

အင်တာနက် ကွန်နက်ရှင်ကလည်း မကောင်းသလို စိတ်ကလည်း ရှုတ်နေတော့ စာကောင်းကောင်း မရေးနိုင်ဘူး။
စာတွေ ပုံတွေ ထပ်ပြန်ရင်လည်း ပြဿနာအရှာခံရဦးမယ်။
ဒီတော့လည်း ပို့စ်တင်ကျဲရတော့တာပဲ။
ဝင်ငွေနည်းရတဲ့ကြားထဲမှာ။
ကဲ ဘာဖြစ်ဖြစ်ပေါ့လေ။
ရေးချင်တာရေးပြီး ပန်းပုံလေးတွေ ပြပေးလိုက်ပါတယ်။

မိတ်ဆွေများ ငြိမ်းချမ်းသာယာနိုင်ကြပါစေ။

@golden.future



0
0
0.000
7 comments
avatar

@walarhein, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @golden.future gets !PIMP from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000