Clouds and My Mind

Hello 👋

I used to describe my love for clouds with pictures of clouds.
These days, I don't want to love the clouds anymore.
I've heard the saying that even if we don't love, we can kiss.
I don't want to love clouds these days, but I have to describe them by photographing them.
Because...

It rained continuously these days.
It rained because there were clouds in the sky.

I had to travel.
I have to bring the things I need in the city.
However, the road from the village where I live to the city is impassable when it rains.
In the past, there was an asphalt road leading to the city.
That road is controlled by the terrorist army.
So we had to go to the city through the dirt road of the village.
So it rained for days, so we didn't travel.
So I don't want to love the clouds.

However, there is no fault in the clouds.
I don't hate clouds.
Nature is cute.
Rural nature is more cherished.
The people are suffering only because of the violent and power-mad army.

I can't travel anymore, I walk from the village to the outside of the village.
Looking at the clouds over the rice fields, my thoughts drifted away.
Rice plants and trees need clouds.
When it rains from the clouds, the trees are green because they drink the rain.
The trees are green and the surrounding air is clean.
Clean air makes people healthy.
So I am grateful for the clouds and the green trees.

Burmese language,
မင်္ဂလာပါ။

တိမ်‌တွေကို ချစ်တဲ့အကြောင်း တိမ်ပုံတွေဖြင့် ဖော်ပြခဲ့ဖူးသည်။
ဒီရက်ပိုင်းတော့ တိမ်တွေကို မချစ်ချင်တော့ဘူး။
မချစ်သော်လည်း အောင့်ကာနမ်းရသည် ဟူသောစကားကို ကြားဖူးသည်။
ဒီရက်ပိုင်း တိမ်တွေကို မချစ်ချင်ပေမယ့် တိမ်တွေကို ဓာတ်ပုံရိုက်ကာ ဖော်ပြလိုက်ရပါသည်။
အဘယ်ကြောင့်ဆိုသော် ...

ဒီရက်ပိုင်းမှာ မိုး ရက်ဆက် ရွာသွန်းခဲ့သည်။
ကောင်းကင်မှာ တိမ်တွေ ရှိနေခဲ့လို့ မိုးရွာသွန်းခဲ့တာပဲ။

ကျွန်တော် ခရီးသွားစရာရှိခဲ့သည်။
မြို့မှာ ကျွန်တော် လိုအပ်သော ပစ္စည်းတွေကို ယူဆောင်ရန် ရှိသည်။
သို့သော် ကျွန်တော် နေထိုင်ရာ ကျေးရွာ မှ မြို့သို့ သွားသော လမ်းသည် မိုးရွာလျှင် ယာဉ်များ မောင်းနှင်၍မရပါ။
ယခင်က မြို့ သို့ သွားရာ၌ ကတ္တရာလမ်း ရှိခဲ့သည်။
ထိုလမ်းကို အကြမ်းဖက်စစ်တပ်က စိုးမိုးထားသည်။
သို့ဖြစ်၍ ကျွန်တော်တို့က ရွာခြင်းဆက် မြေလမ်း မှတဆင့် မြို့သို့ သွားကြရသည်။
ဒီတော့ မိုး ရက်ဆက် ရွာနေခဲ့၍ ခရီး မသွားကြရပါ။
ဒါကြောင့် တိမ်တွေကို မချစ်ချင်တာပါ။

သို့ပေမယ့် တိမ်တွေမှာ အပြစ်မရှိပါ။
ကျွန်တော် တိမ်တွေကို မမုန်းပါဘူး။
သဘာဝ က ချစ်စရာပါ။
ကျေးလက်သဘာဝက ပိုမြတ်နိုးဖွယ်ကောင်းပါသည်။
အကြမ်းဖက် အာဏာရူး စစ်တပ် ကြောင့်သာ ပြည်သူတွေ ဒုက္ခရောက်နေကြရခြင်း ဖြစ်သည်။

ခရီးမသွားရတော့ ရွာထဲမှ ရွာအပြင်သို့ လမ်းလျှောက်ဖြစ်သည်။
စပါးခင်းတွေ ပေါ်က တိမ်တွေကို ကြည့်ရင်း အတွေးတွေ လွင့်မျောမိခဲ့သည်။
စပါးပင် နှင့် သစ်ပင်တွေ အတွက် တိမ်တွေ လိုအပ်သည်။
တိမ်တွေမှ မိုး အဖြစ် ရွာချသောအခါ သစ်ပင်တွေ မိုးရေသောက်ရ‌သောကြောင့် စိမ်းလန်းစိုပြေကြရသည်။
သစ်ပင်တွေ စိမ်းလန်းစိုပြေနေတော့ ပတ်ဝန်းကျင် လေကောင်းလေသန့် ရသည်။
လေကောင်းလေသန့် ရတော့ လူသားတွေ ကျန်းမာစေသည်။
ဒီတော့ ကျွန်တော် တိမ်တွေနှင့် အစိမ်းရောင်သစ်ပင်တွေကို ကျေးဇူးတင်ရပါသည်။



0
0
0.000
6 comments