Wonderful Weekday & Weekend

ဒီတပတ်က ပွဲကောင်းတွေ ပြည့်နေသည့်ပွဲဟု ဆိုလို့ရမည်။ ပွဲကောင်းကိုမှ ဗိုလ်လုပွဲစဉ်တွေချည်းဟု ဆိုရမည်။ ယူရိုပါလိဂ်၊ FA ဖလား၊ DFB Pokal ဖလား ဖိုင်နယ်၊ အမျိုးသမီးချန်ပီယံလိဂ် ဖိုင်နယ်၊ EPL တန်းတက်ခွင့် playoff ဖိုင်နယ်၊ အာရှ ရပ်ဝန်းဆို AFC Champions League Final အစရှိသည့် ပွဲကောင်းတွေ ကြည့်ရှုခဲ့ရ၏။ လာမည့် တပတ်မှာထဲမှာတော့ ယူရိုပါ ကွန့်ဖရန့်လိဂ် ဖိုင်နယ် နှင့် ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ်တွေကို ကြည့်ရှု အားပေးရဦးမည် ဖြစ်၏။

ယူရိုပါလိဂ် ဗိုလ်လုပွဲမှာတော့ Atalanta က Lookman ၏ Hat trick သွင်းဂိုးတွေနှင့် Leverkusen ကို အနိုင်ယူသွားခဲ့၏။ Leverkusen အနေနှင့်လည်း ဒီရာသီ ပထမဆုံး ရှုံးပွဲနှင့် ရင်ဆိုင်သွားခဲ့ရပြီး ဖလားတလုံး လက်လွှတ် လိုက်ရကာ ဖလားသုံးလုံး အိပ်မက်လည်း ပျက်ပြယ် သွားခဲ့ရ၏။ ဘွန်ဒက်လီဂါ ချန်ပီယံအပြင် DFB Pokal ဖလားကို ထပ်မံ ရယူနိုင်ခဲ့သဖြင့် ဖလား နှစ်လုံးနှင့်သာ ကျေနပ်ခဲ့ရ၏။

Kaiserslautern နှင့်ပွဲမှာ ပထမပိုင်း ပြီးခါနီးမှာ Leverkusen တို့ နှစ်ဝါတနီဖြင့် ကစားသမားတယောက် ထုတ်ခံခဲ့ရသေး၏။ ဒုတိယပိုင်း တပိုင်းလုံး တယောက်လျော့ဖြင့် သူတို့ ကစားခဲ့ရ၏။ နှစ်သင်း စလုံး အပြန်အလှန် ထိုးဖောက် ကစားခဲ့ကြပေမယ့် အဆုံးသတ်မှာတော့ Leverkusen တို့က ပထမပိုင်း 16 မိနစ် မှာ သွင်းယူထားခဲ့သည့် Xhaka ၏ သွင်းဂိုးဖြင့် အနိုင်ရသွားခဲ့၏။ ဘာပဲ ပြောပြော ဖလား သုံးလုံး မရခဲ့သည့်တိုင် Leverkusen အတွက်ကတော့ အောင်မြင် ပျော်ရွှင်ရသည့် ရာသီတခု ဖြစ်ခဲ့တာကတော့ အမှန်ပင်။

FA ဖလားမှာတော့ United က City ကို 1-2 ဖြင့် အနိုင်ရ ဗိုလ်စွဲ သွားခဲ့၏။ United အမျိုးသား၊ အမျိုးသမီး နှစ်သင်းလုံး FA ဖလား ရယူနိုင်ခဲ့၏။ United fans တွေ အတွက်တော့ ပျော်စရာပင်။ အမျိုးသမီးချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ Barcelona က Lyon က 2-0 ဖြင့် အနိုင်ရ ဗိုလ်စွဲ သွားခဲ့၏။ ပွဲကောင်း တပွဲပင်။ 2021/22 က ဗိုလ်လုပွဲ ရှုံးကြွေးကို သူတို့ ပြန်ဆပ်နိုင်ခဲ့ပြီ ဖြစ်၏။

EPL တန်းတက်ခွင့် playoff final မှာတော့ Southampton က Leeds United ကို 0-1 ဂိုးဖြင့် အနိုင်ရပြီး EPL သို့ တန်းတက်ခွင့် ရယူသွားခဲ့၏။ ပထမပိုင်း 24 မိနစ်မှာ သွင်းယူခဲ့သည့် တလုံးထဲသော ဂိုးဖြင့် Southampton တို့ အနိုင်ရသွားခဲ့၏။ Leeds အတွက်တော့ စိတ်မကောင်းစရာပင်။ လာမယ့် နှစ်ပေါ့ Leeds ရေ။

ကဲ ပါ နောက်ထပ် ကျန်သည့် ဗိုလ်လုပွဲတွေကို ဆက်လက် အားပေးကြတာပေါ့ဗျာ။

Photos from Respective Facebook Pages



0
0
0.000
4 comments