ဝေခွဲရခက်

avatar

lolz 512 ပြည့်အောင် လုပ်ရမလား။ AFIT 5000 ပြည့်အောင်လုပ်ရမလား။ ဘယ်တခုကို အရင် လုပ်ရမယ် ရွေးရခက်နေ၏။ ၂ ခုလုံး လုပ်ပစ်ချင်လည်း ရပါ၏။ ဒါပေမယ့် အပြင်ကနေ Hive နည်းနည်းတော့ ထပ်ထည့်ရပေလိမ့်မယ်။ ထိုသို့က မထည့်ချင်ပေ။ တနေ့ကတော့ stake လုပ်ထားဖူးသည့် leo အနည်းငယ်ကို unstake လုပ်ပြီး Hive အဖြစ် ပြန်ချိန်းထား၏။ ဘာရယ် ညာရယ်တော့ မဟုတ် ဒီအတိုင်း AFIT ကို အဝယ် စာရင်း တင်ထားလိုက်၏။

ပေါက်စျေးထပ် အနည်းငယ် လျော့ပြီးတော့ပေါ့။ မရလည်း ဘာမှ မဖြစ် ရရင်လည်း အမြတ်ပေါ့။ 1 AFIT ကို 0.00074 Hive ပေါက်နေ၏။ 0.0007 နဲ့ အဝယ် တင်ထားလိုက်၏။ တရက်သာ ကုန်သွား၏။ အဝယ် မဖြစ်ခဲ့။ order ကို cancel ပြန် လုပ်လိုက်၏။ တနေ့ကမှ lolz bot ဆီ hive delegate လုပ်ပြီး ဖြစ်သဖြင့် lolz holding လုပ်ဖို့ (512 ပြည့်ဖို့) ပဲ ဦးတည်တော့မယ် ဆိုပြီးတော့ပေါ့။ lolz ကတော့ AFIT ထက် ပို စျေးကောင်း၏။

ပြင်ပကနေ Hive ထပ်မထည့်လိုက Hive Engine ထဲက WAIV ကို Hive ပြောင်းလိုက်လျှင်တော့ လိုအပ်သည့် lolz ပမာဏ ရနိုင်၏။ ဒီနေ့ မဟုတ်တောင် နောက်ရက် ပြောင်းမယ် တွေးထား တေးထား၏။ ဖြစ်ချင်တော့ တ​နေ့က တင်ထားသည့် AFIT report ပိုစ့်ကို AFIT team က လာပြီး vote ပေးတော့၏။ Newbie မလို့ ဘာညာပေါ့။ အဲ့မှာ အတွေးပြောင်းသွားပြီး lolz အစား AFIT ကို အရင် ဝယ်ဖို့ ဖြစ်သွားတော့၏။

စျေးက တနေ့ကထက်စာရင် အနည်းငယ် တက်သွား၏။ 0.00074 ကနေ 0.00084 ဖြစ်သွား၏။ 8 နဲ့တောင် မဟုတ်ဘဲ 84 ပေးပြီးတော့သာ ဝယ်ပစ်လိုက်၏။ လိုအပ်သည့် ပမာဏ မပြည့်သေးပေ။ သို့နှင့် WAIV ကို Hive ချိန်းရတော့၏။ ပြီး AFIT ထပ်ဝယ်ပေါ့။ 5000 ပြည့်လု ပြည့်ခင် 4900 ကျော်သွား၏။ AFIT app ၏ wallet ထဲမှာက AFIT 150 လောက်ရှိ၏။

AFIT 5000 က wallet ထဲမှာ ရှိနေရမည် ဖြစ်သဖြင့် Hive Engine ထဲကနေ 4850 AFIT လောက် AFIT wallet ထဲ ပို့လိုက်၏။ AFIT 5000 အတွက် 4 HIVE လောက်သာ ကုန်ပါ၏။ AFIT စျေးကတော့ မများသေးပေ။ ဒါပေမယ့် တနေ့က ပြောခဲ့သည့် အတိုင်း အများကြီး မတက်လာခဲ့လျှင်တောင် နည်းနည်း လောက်ဆိုရင်ကို တော်ပါပြီ။ ဒါပေမယ့် ကျနော့် နည်းနည်းကလည်း ဆယ်ဆ ဖြစ်၏။

မရှင်းနေတာက AFIT စျေး ဖြစ်၏။ coin marketcap မှာက 0.0066 $ လောက်ပြနေပေမယ့် High Engine မှာကြ 0.00033 $ လောက်သာ ပြ၏။ စျေးက အတော်လေးကို ကွာနေ၏။ ဘယ်တွေက ဘယ်လိုမှန်း မသိတော့ပေ။ နှစ်ခုလုံးက စိတ်ချယုံကြည်ရတဲ့ ဟာတွေ ဖြစ်၏။ နို့ ဒါဖြင့် ကျနော်ပဲ မှားနေသလော။ ဒါလည်း မဖြစ်နိုင် သေချာကြည့်လို့ပဲ ခု စျေးတွေ မတူတာကို တွေ့ခြင်း ဖြစ်၏။



0
0
0.000
5 comments
avatar

!PGM
!hiqvote

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT - 0.1 THG - tokens to @myothuzar

remaining commands 8

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

Leodex မှာရော ဘယ်လိုပြလဲ ဈေးက။
!LOL

0
0
0.000