We are United

ဒီနေ့ကတော့ မင်္ဂလာရှိသော နေ့ရက် ဖြစ်ချေ၏။ အကြောင်းကား မနေ့ည မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ကစားခဲ့သည့် FA ဖလား ဗိုလ်လုပွဲမှာ United တို့ ဗိုလ်စွဲခဲ့သောကြောင့် ဖြစ်၏။ မြို့ခံ ပြိုင်ဘက် City ကို 1-2 ဖြင့် အနိုင်ရပြီး ဗိုလ်စွဲခဲ့ခြင်း ဖြစ်၏။ သာမန် အချိန်တွေထက်စာရင် ယခုအချိန်မှာ ဗိုလ်စွဲနိုင်ခဲ့တာကတော့ ပိုပြီး ပျော်၊ ပိုပြီး မှတ်မှတ်ထင်ထင် ဖြစ်စေခဲ့၏။ အသင်း နိမ့်ကျနေချိန်မှာရသည့် ဖလားမလား။ ထို့ပြင် EPL ရဲ့ လက်ရှိ အကောင်းဆုံးအသင်းလည်းဖြစ်၊ ချန်ပီယံလည်း ဖြစ်သည့် City ကို အနိုင်ကစားပြီး ဖလား ရယူနိုင်ခဲ့တာမို့ ဂုဏ်ယူသင့်သည် မဟုတ်လား။

ဒီရာသီ United ၏ အခြေအနေက အဆိုးဆုံး အနေအထားဟုပင် ပြောလို့ရမည် ထင်၏။ စံချိန်တင်ရလောက်အောင် ဒဏ်ရာရ ကစားသမား များပြားနေမှု၊ ကစားကွက် ကစားဟန်၊ အနှုတ်ပြနေသည့် သွင်းဂိုး ရယူနိုင်မှု (GD -1 ဖြင့် ရာသီသိမ်းခဲ့) အစရှိသဖြင့်ပေါ့လေ။ ထို့ပြင် အမှတ်ပေးဇယား ရပ်တည်မှုမှာ အဆင့် ၈ နေရာနှင့်သာ ရာသီပြီးဆုံး ခဲ့၏။ ဘာ ဥရောပလိဂ် ပွဲစ၍တွေမှ ကစားခွင့် ရမည် မဟုတ်ပေ။ နို့ပေမယ့် United တို့ အနေဖြင့် FA ဖလား ရယူနိုင်ခဲ့ရင် ထိုအရာကို ပြောင်းလဲပစ်နိုင်မည် ဖြစ်၏။

လက်ရှိမှာ မိမိထက် သာလွန်နေသော City နှင့် ကစားရမှာ ဖြစ်ပေမယ့် United အတွက်လည်း အခွင့်အရေးတွေတော့ ရှိနေပါသေး၏။ ဘောလုံးက အလုံးကြီးမလား။ သို့ပေမယ့် တကမ္ဘာလုံး နီးပါးက City သာ အနိုင်ရ ဗိုလ်စွဲမည်ဟု မှတ်ယူထားကြ၏။ ကျနော်တို့လို United fans တွေ အနေနှင့်တောင် ရေကုန်ရေခမ်း အားပေးမှာ မှန်ပေမယ့် United ပဲ ဖလားရသွားမည်ဟု ရဲရဲ မပြောရဲပေ။ ငါတို့ဖလားကွဟုသာ မရဲတရဲလေး ကြွေးကြော်နေမိခဲ့၏။

တကယ် ကစားချိန်မှာတော့ United တို့ City ကို သေချာ ချုပ်ထိန်း ကစားပြသွားခဲ့၏။ ခံစစ် အသားပေးပြီး တန်ပြန်တိုက်စစ်ဖြင့်သာ ကစားခဲ့၏။ အလုပ်လည်း ဖြစ်ခဲ့၏။ ပထမပိုင်း မိနစ် ၃၀ နှင့် ၃၉ မိနစ်တွေမှာ ၂ ဂိုးဆက် ရယူနိုင်ခဲ့၏။ Garnacho & Mainoo တို့က သွင်းယူသွားပေးခဲ့ခြင်း ဖြစ်၏။ Man City အတွက် တလုံးထဲသော ချေပဂိုးကို ၈၇ မိနစ်မှာ Doku က သွင်းယူ သွားပေးခဲ့၏။

တဂိုး ပြန်ပေးရပြီးနောက် ရင်ခုန်နေခဲ့ရသေး၏။ သရေကျပြီး အချိန်ပိုတွေ ရောက်ပြီလား၊ ဒါမှ မဟုတ် City ကပဲ အံ့အားသင့်ဖွယ် အနိုင်ယူသွားမလားပေါ့။ ကိုယ့်အသင်းကလည်း ဒီရာသီ ပွဲစဉ်တွေမှာ နောက်ဆုံးမိနစ်တွေမှာ အရှုံးပေးရသည့် ပွဲစဉ်တွေကလည်း များခဲ့သည် မဟုတ်လား။ နို့ပေမယ့် ဒီတကြိမ်မှာတော့ United တို့ ပွဲကို အကောင်းဆုံး ထိန်းကစားနိုင်ခဲ့၏။ အားထုတ်မှုလည်း ကောင်းခဲ့သလို ကံကြမ္မာကလည်း ကိုယ်တွေဘက်မှာ ရှိနေခဲ့၏။

နောက်ဆုံးမှာတော့ 1-2 ဖြင့် အနိုင်ရယူပြီး မနှစ်က FA ဖလား ရှုံးကြွေးကိုပါ တပါတည်း ပြန်ဆပ်နိုင်ခဲ့ပြီ ဖြစ်၏။ အသင်း၏ ‌နိမ့်ပါးနေချိန်မှာ ရယူနိုင်ခဲ့သည့် ဖလားမို့ ကစားသမားတွေကော၊ အားပေးသူတွေ အတွက်ကော အတိုင်းထက်လွန် ပျော်ရွှင် ဂုဏ်ယူ စရာပင်။ United ၏ ဗိုလ်စွဲမှုက United အတွက် ပျော်စရာ ပေမယ့် တချို့ အသင်းတွေ အတွက်တော့ စိတ်နာစရာပင်။

ယူရိုပါလိဂ် ဝင်ခွင့်ရထားတဲ့ Chelsea ယူရိုပါကွန့်ဖရန့်လိဂ် ဝင်ခွင့်ရထားတဲ့ New Castle တို့အပေါ် သက်ရောက်မှုတွေ ဖြစ်ကုန်၏။ FA ဖလားမှာ City ဗိုလ်စွဲရင် ထိုအတိုင်းပဲ ရှိနေမှာ ဖြစ်ပေမယ့် ခု United က ဗိုလ်စွဲသွားတော့ New Castle တို့ ကွန့်ဖရန့်လိဂ် ကစားခွင့် မရတော့ပေ။ ထို့ပြင် Chelsea တို့ အနေဖြင့် ယူရိုပါလိဂ်အစား ကွန့်ဖရန့်လိဂ် ဆင်းပြီး ကစားရတော့မည် ဖြစ်၏။

မည်သို့ပင် ဆိုစေ ဒီနှစ်မှာ FA ဖလားကို အမျိုးသားအသင်းကော၊ အမျိုးသမီးအသင်းကော ရယူသွားနိုင်တာက အတော်လေး ဝမ်းမြောက်စရာပင်။ မနှစ်က ဖိုင်နယ်ထိ တက်ခဲ့ပြီး ဒုတိယနှင့်သာ ကျေနပ် ခဲ့ရပေမယ့် ဒီနှစ်မှာတော့ ဗိုလ်စွဲ နိုင်ခဲ့ပြီ ဖြစ်၏။

GG Manchester United
Manchester is Red

(photos from Manchester United Facebook page & my own screenshot)



0
0
0.000
3 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000