ဝိုင်းဝိုင်း လှည့်ချင်

Hive ဈေးကျနေသည့် ကြားထဲ ကျနော့်မှာ အခြား ကိစ္စတွေနဲ့လည်း ထပ်ပြီး ကြုံဆုံ နေရပြန်သေး၏။ ဒီနေ့တော့ ထိုကိစ္စများထဲက တခုကို ပြောပြလို၏။ တခြား မဟုတ် freebit.io ဖြစ်ချေ၏။ freebit အကြောင်းကို ကျနော် ပိုစ့် အနေနဲ့ ရေးတင်ဖူး၏။ ၃၊ ၄၊ ၅ ပိုစ့်လောက် ရှိမည်။ ၁ နာရီတခါ BTC free claim လို့ရသည့် website လေး ဖြစ်၏။ သတိရရင် ဝင် claim နဲ့ စုခဲ့တာ နှစ်တွေ ချီလာခဲ့ပြီ ဖြစ်၏။ စုလည်း ထားဖြစ်သလို ထုတ်ယူ၍လည်း သုံးခဲ့ဖူး၏။

ပြီးခဲ့သော Futsal ပြိုင်ပွဲ တခုမှာ ဝတ်ဆင်ကစားဖို့ ဖိနပ်ကို အဆိုပါ freebit ကနေ ထုတ်ယူပြီး ဝယ်ယူခဲ့ခြင်း ဖြစ်၏။ သူ့မှာက တနာရီ တခါ claim လို့ ရသည့် အပြင် ဂိမ်းဆော့ပြီး BTC ရယူနိုင်သေး၏။ High-Low ရွေးချယ် ကစားရခြင်း ဖြစ်၏။ လောင်းကစားသဘောမျိုးပေါ့။ တချို့က အဆိုပါ bet ကို script တွေ ဘာတွေ ရေးပြီး ဆော့ကြ၏။ YouTube မှာ အဆိုပါ video တွေ အများကြီး တွေ့နိုင်၏။ တကယ် ရမရတော့ ကျနော်လည်း မပြောတတ်ပေ။ ရရင်လည်း ခဏပဲ ပေါ့။ အမြဲတမ်း ရနေ၊ နိုင်နေသည့် script ဆိုတာမျိုးက ရှိမှ မရှိနိုင်ဘဲကိုး။

Script နဲ့ပဲ ဆော့ဆော့၊ လူကိုယ်တိုင်ပဲ ကစားကစား မိမိ လိုချင်သည့် ပမာဏ တခုရောက်ရင်တော့ ရပ်သည့်၏။ လောဘက သတ်ဖို့ခက်၏။ သတ်နိုင်ရင်ကို အတော်လေး ဟုတ်နေပြီ။ အမြဲနိုင်နေသော ထိုးသားရယ်လို့ မကြားဖူးသေးပေ။ အဆုံးမှာ ဒိုင်ကပဲ အကုန် သိမ်းယူလေ့ ရှိသည် မလား။ လူ မဟုတ်ပေမယ့် လူလုပ်ထားသည့် စနစ်ဆိုတော့ ယိုပေါက် ရှိရင်လည်း ရှိမပေါ့။

ထို bet ဂိမ်းအပြင် ဘောလုံးပွဲတွေ ဘာတွေလည်း လောင်းလို့ရသေး၏။ သူကတော့ သရေ အရှုံးတို့ တလုံး ဘယ်လောက်စားတို့ မရှိဘဲ ဒဲ့သာ ကြေးဖွင့်၏။ bet ကော၊ ဘောလုံးပွဲကော လောင်းကြည့်ဖူး၏။ ဒီအတိုင်း စမ်းကြည့်တဲ့ သဘောပါလေ။ ကျနော်က လောင်းကစားနှင့် အကျိုးပေးသူ မဟုတ်ပေ။ ဒီအတိုင်း တနာရီ တခါ သတိရတိုင်းသာ ဝင် claim ၏။

ခုရက်ပိုင်း Freebit မှာ WOF မရနေပေ။ Premium member တွေ အတွက် တရက်ကို ဘယ်နှယ်ကြိမ်ဆိုပြီး အဝိုင်းလှည့်ခွင့်ပေး၏။ BTC, reward points, ထီလက်မှတ် အစရှိသဖြင့် ရလေ့ ရှိ၏။ ထို အဝိုင်း လှည့်ခွင့်မရတာ ၂၊ ၃ ရက် ရှိပြီ။ လှည့်ဖို့ကို မပေါ်နေခြင်း ဖြစ်၏။ support ကို လှမ်းမေးတော့ error တခုနဲ့ ကြုံနေရလို့ဟုဆိုပြီး အကြောင်းပြန်၏။ သူတို့ အမြန်ဆုံး အဆင်ပြေအောင် လုပ်ပေးပါ့မယ်ဟုလည်း ပြော၏။ ကျနော် မလှည့်ရသည့် အကြိမ်အရေအတွက်တွေကို မှတ်ထားပေးမည် ဖြစ်ကြောင်းလည်း တပါတည်း အကြောင်းပြန်၏။

သူတို့ error ဖြေရှင်းတာကလည်း တပတ်ကျော်လာခဲ့ပြီ။ လူက လှည့်ချင်လှပြီ။ တနာရီ တခါ ဝင် နှိပ်လို့ ရတာထက် အဝိုင်းလှည့်ပြီးရတာက ပိုများသောကြောင့် ဖြစ်၏။ မရသေးမှ ပိုပြီး လှည့်ချင်နေမိ၏။ မြန်မြန် အဆင်ပြေပါတော့။



0
0
0.000
4 comments
avatar

Network ပြောင်းပြီး ကြိုးစားကြည့်ပါ အရင်ကဆို Wifi နဲ့မရဘူး ooredoo ပဲရတယ် အခုဆိုရင် ooredoo နဲ့မရပြန်ပဲ wifi နဲ့ရနေပြန်တယ်။ IP တွေ ပြောင်းပြောင်းနေတာ အကို

0
0
0.000
avatar

Wifi ကော၊ mobile နဲ့ကော မရနေတာ။

0
0
0.000
avatar

ကျွန်မလည်း wheel of fortune spin တွေ လှည့်မရတာကြာပြီ။
!PGM
!HUG

0
0
0.000
avatar

ဘဝတူတွေပေါ့လေ။ မြန်မြန် ပြင်ပေးရင် ကောင်းမယ်။

0
0
0.000