Viper4 လေးပဲ ကောင်းပါတယ်လေ

avatar

ထပ်တွေ့သည့် Sound mod တွေကိုလည်း စမ်းကြည့်လိုက်သေး၏။ အဆင် မပြေတာ များ၏။ ထုံးစံအတိုင်း သွင်းလိုက်၊ ပြန်ဖျက်လိုက်နဲ့ အလုပ်ကို ဖြစ်လို့။ Sound mod module တွေလည်း အတော်လေး စုံသွားခဲ့ပြီ။ ရလိုက် မရလိုက်တွေကြောင့် အစ အဆုံး ပြန်ပြန် လုပ်နေရတာတွေ များ၏။ Cache file တွေ ဘာတွေကို recovery ကနေပါ ရှင်းလိုက်သေး၏။ တခုပြီး တခု သုံးနေရင်း module တခု သွင်း အပြီးမှာ boot (logo) လည်သွားတော့၏။ Arkamys Audio BLU BOLD N1 Magisk Module ဖြစ်၏။

ပထမတကြိမ် သွင်းတုန်းက bootloop မဖြစ်ပေ။ နောက်တကြိမ် အစ အဆုံး ပြန်လုပ်မှ ထို module သွင်း အပြီးမှာ bootloop ဖြစ်သွားခဲ့ခြင်း ဖြစ်၏။ recovery ကနေ ထို logo လည်စေသည့် module ကို သွား ဖြုတ်ရသေး၏။ သို့မှသာ boot က ကောင်းကောင်း တက်နိုင်မည် ဖြစ်၏။ Magisk module ကြောင့် ထိုသို့ bootloop ဖြစ်တာမျိုးတွေ ရှိတတ်၏။ မိမိ ph နဲ့ module က မကိုက်ညီတာမျိုး၊ ဒါမှမဟုတ် သွင်းထားပြီးသည့်ထဲက Module တခုခုနဲ့ သွားငြိတာမျိုး အစရှိသည့် အချက်တွေကြောင့် bootloop ဖြစ်စေ၏။

bootloop (logo လည်စေသည့်) ဖြစ်စေသည့် module ကို ဖြုတ်နည်း မသိခင်တုန်းက factory reset ချတာမျိုး ဒါမှမဟုတ် firmware ပြန်တင်ရတာမျိုးတွေ လုပ်ရလေ့ ရှိ၏။ အတော်ဆိုးလှ၏။ ထို့ကြောင့်ပင် တချို့ module တွေဆို စမ်းကြည့်ချင်ပေမယ့် မလုပ်ရဲပေ။ Module တွေကြောင့် bootloop မဖြစ်အောင် တားပေးနိုင်သည့် system ui bootloop protect module တွေပါ ရှိလာခဲ့၏။

ကျနော်လည်း ထို module ကို သွင်းထားပြီး ဖြစ်၏။ ဒါပေမယ့် ဘာကြောင့်ရယ် bootloop လည်သွားသည် မပြောတတ်ပေ။ ဒါပေမယ့် recovery ကနေ module ဖြုတ်နည်း သိထား ရထားတော့ အဆင်ပြေ၏။ အထက်မှာ ပြောခဲ့သည့် အတိုင်း ဖျက်နည်း မသိခင်တုန်းက တစိတ်ရှိရင် ph ကို အစ အဆုံး ပြန်ပြီး လုပ်နေရ၏။ Data backup, reset လုပ်ရတာနဲ့၊ လုံးဝ မရပြန်တော့ firmware ပြန်တင်ရနဲ့ အတော်လေး ဗြာများ ရ၏။

ခုတော့ ထို bootloop လည်စေသည့် module ကို ဖြုတ်ထားပြီးနော် sound mod module တခုပဲ ထားတော့၏။ ထပ်ပြီးတော့ ရှာလည်း မထူးနေတော့ဘူးလေ။ Viper4Android လေးပဲ သုံးပါတော့မည်။ ဒါနဲ့လည်း အဆင်​ပြေနေတာပဲကိုး။



0
0
0.000
3 comments
avatar

!PGM !PIZZA

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO tokens

remaining commands 6

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000