Unstoppable

avatar
(Edited)

အသင်းက ချိန်းပွဲ နဲ့ အချင်းချင်း ကစားချိန်မှာ မတူနေပေ။ ဟုတ်တယ်။ အချင်းချင်းဆို ကစားအားလျော့ပြီး ချိန်းပွဲ ကြ အစွမ်းကုန် ကစားကြ၏။ အေးလေ မှားလို့လား ပေါ့။ မှားသည်ဟုပဲ ဆိုရပေမည်။ အချင်းချင်း ကန်လျှင်လည်း ချိန်းပွဲ ကန်သကဲ့သို့ အားထုတ် ကြိုးစားသင့်သည် မဟုတ်လား။

တခါတလေကျ ချိန်းပွဲတွေ မကန်ဖြစ်သေးသည့် အချိန်တွေကို ပြန်လွမ်းမိ၏။ အဲ့တုန်းက ၃ သင်းစာလောက်ရှိတော့ တသင်းဝင် တသင်းထွက် ကန်ကြ ကစားရ၏။ ချိန်းပွဲ ဖြစ်သွားရခြင်းကလည်း လူမစုံတော့သဖြင့် ဖြစ်၏။ ပုံမှန် ကန်ရက်တွေမှာ ယခင်လို ၃ သင်းစာ မပြောနဲ့ ၂ သင်းစာတောင် မရှိတော့သဖြင့် တခြား အသင်းတွေနဲ့ ချိန်းကန်ရတော့၏။ ထိုမှသည် ချိန်းပွဲတွေ ကစား ဖြစ်သွားခြင်း ဖြစ်၏။

အသင်းက ချိန်းပွဲ ကစားတာ များလာပြီးသည့်နောက်မှာ အချင်းချင်းဆို လူစုရခက်လာတော့၏။ အချင်းချင်း ပွဲနေ့ဆို လူနည်းသလောက် ချိန်းပွဲဆို လူများ လူစုံ ၏။ ပြီး အချင်းချင်း ကစားက လျော့ရိလျော့ရဲ ကစားကြ၏။ ထိုသို့ ကစားခြင်းက ချိန်းပွဲတွေကိုပါ ထိခိုက် စေနိုင်၏။ အချင်းချင်းမှာ သေချာ အားထုတ်ကစားမှ ချိန်းပွဲတွေမှာပါ ပုံစံကောင်းကို ရနိုင် ပြနိုင်မည် မဟုတ်လား။

ထို့ကြောင့်လည်း အသင်းကို မကြာခဏ ဆော်သြနေရ၏။ သေချာလေး ကန်ဖို့ သေချာလည်း ကစားဖို့ကိုပေါ့။ နောက်ပိုင်းမှာတော့ အတော်လေး ပြင်လာ အတော်လေး ကြိုးစားလာကြပါ၏။ ချိန်းပွဲတွေမှာ တခါသားက ပြောဖူးတဲ့ ရန်ဖြစ်သည့် ပွဲကလွဲလို့ ပွဲတိုင်း နိုင်ထားခဲ့၏။ ဒါတောင် ရန်ဖြစ်သည့်နေ့က ပွဲဆိုလည်း အသင်းက ​သွင်းဂိုးတွေ ပြန်လိုက်သွင်း၊ ပြန်လိုက် မှီနေခဲ့၏။ ဒါပေမယ့် ပွဲချိန်မပြည့်ခင် ရပ်လိုက်ရတော့ ရှုံးသွားခဲ့သည်ပေါ့။

မနေ့က ပြန်ကစားဖြစ်သည့် ချိန်းပွဲကလည်း အနိုင်ရ၏။ ကလေးတွေက ကျနော်တို့ကို တဆိတ် အထင်သေးလွန်း လှ၏။ အဖွင့်ဂိုးကို သူတို့ စသွင်းဖို့။ ကျနော်တို့ ပြန်သွင်း သဖြင့် တဂိုးစီ သရေပေါ့။ ထို့နောက် သူတို့ ထပ်သွင်းပြီး ၂-၁ ပေါ့။ ထို့နောက်မှာတော့ ကျနော်တို့ အသင်းကသာ ကစားကွက် အသာ ဂိုးသွင်းခွင့် များများ ရပြီး အနိုင် ရယူသွားခဲ့၏။ ပွဲအပြီးမှာ ၂၂-၆ ဂိုးဖြင့် ပိတ်သွား၏။ ဒါတောင် နောက်ပိုင်းမှာ ကျနော်တို့က ဂိုးထပ် မသွင်းတော့ခြင်း ဖြစ်၏။

၂၀ ပတ်ခြာလည် လေးတွေက over 30 တွေကို လျော့တွက်ထားကြပုံပင်။ လျင်မြန်မှု ကစားအားက သူတို့ သာပါ၏။ ဒါပေမယ့် သမ္ဘာနဲ့ ထိန်းကစားရင်း သူတို့ မောအောင် သူတို့ စွမ်းအင်ကို ပေးဖြုန်းလိုက်၏။ ကလေးတွေက တကိုယ်တော် အစွမ်းပြပြီး တကွင်းလုံး လှည့်ပတ်ချင်ကြသည်ကိုး။ ခုတော့ ဦးလေးကြီးတွေကို လွယ်လွယ်နဲ့ ဖြိုမရကြောင်း သူတို့ သိသွားလောက်ပါပြီလေ။



0
0
0.000
8 comments
avatar
(Edited)

Nice..

0
0
0.000