Today

PXL_20240819_120351741.jpg

ဒီနေ့က ဝါခေါင် လပြည့်နေ့ ဖြစ်ချေ၏။ မိုးကတော့ ထုံးစံအတိုင်း ရွာလိုက် တိတ်လိုက်နဲ့ပင်။ မိုးက လပြည့် လကွယ် မခွဲခြားပဲ ရွာ၏။ ရွာပြီးတိတ်သည် ဆိုပေမယ့် ခဏရွာလိုက်၊ ခဏ တိတ်လိုက်နဲ့ အတော်လေး ဆိုးလှ၏။ ဝါဆိုလပြည့်နေ့ မတိုင်ခင်က ဝါဆိုလပြည့်နေ့မှာ ဘုန်းကြီးကျောင်း တက်ရန်ဆိုပြီး အမေ ကန်တော့စာတွေ ဝယ်ထား၏။ ဘုန်းကြီးကျောင်း ၃ ကျောင်းစာ ဖြစ်၏။ ဝါဆိုလပြည့်နေ့ ကျောင်းတက်မယ့် ရက်မှ အမေ နေမကောင်း ဖြစ်နေသဖြင့် ကျနော်တို့ ဘုန်းကြီးကျောင်း မတက်လိုက်ရပေ။ အဆိုပါ ကန်တော့စာတွေကလည်း ဒီအတိုင်းပဲ ရှိနေခဲ့၏။ ကြားထဲလည်း မလှူဖြစ်ပေ။

ကန်တော့စာ တစုံကတော့ လွန်ခဲ့သော နှစ်ပတ်လောက်က သီလရှင်ကျောင်း တခုကို လှူလိုက်၏။ ဒီနေ့ ဝါခေါင် လပြည့်နေ့မှာတော့ ကျန်သည့် ကန်တော့စာ နှစ်စုံကို လှူဖို့ ပြင်ဆင်ရလေတော့၏။ အိမ်နား ပတ်လည်တွေမှာက ဘုန်းကြီးကျောင်းတွေနဲ့ ပြည့်လို့နေ၏။ အမေ ဟိုးယခင်ကတည်းက မကြာခဏ သွားလေ့ ရှိသည့် စွန်းလွန်းဂူကျောင်းကို ကန်တော့စာ တစုံနဲ့ သားအမိ နှစ်ယောက် သွားကြ၏။ ဖြစ်ချင်တော့ ဆရာတော်က ကျောင်းမှာ မရှိနေပေ။ ဆွမ်းစားကြွသွားသည် ဆို၏။ ကျောင်းမှာသံဃာက ဆရာတော် တပါးသာ ရှိသည်မို့ ကန်တော့စာကို အိမ်သို့သာ ပြန်၍ ယူခဲ့ရ၏။ နောက်ရက်မှ ထပ်သွားရပေလိမ့်မည်။

PXL_20240819_132353076.jpg

PXL_20240819_124937165.jpg

PXL_20240819_124847358.jpg

PXL_20240819_124840414.jpg

PXL_20240819_122425699.jpg

နောက် ကန်တော့စာ တစုံကိုတော့ မြို့၏ သုသာန် သွားလမ်းနားမှာ ရှိသည့် သာသနာ့ရန်အောင် ကျောင်းကို လှူဖို့ အမေက ရည်ရွယ်ထား၏။ ထိုကျောင်းက ဆရာတော်က ဝိနည်း အင်မတန် လိုက်နာ၏။ တပါးထဲ သီတင်းသုံး၏။ ခုခါမှာ ကိုရင်ကြီး တပါးတော့ ရှိနေ၏။ ကောင်း၏။ ဆရာတော်လည်း သက်တော် အတန်အသင့် ရှိပြီမို့ စောင့်ရှောက်ပေးမည့်သူ လိုသည် မဟုတ်လား။

ကန်တော့စာ တင်မကပေ။ အဆိုပါ ကျောင်းမှာ စိုက်ရန် ဆိုပြီး အပင်တွေ အမေ ပျိုးထား၏။ ပိန္နဲပင်နှင့် ထောပတ်ပင်တွေ ဖြစ်၏။ ကန်တော့စာ လှူရင်း အပင်တွေပါ တပါတည်း စိုက်ကြရအောင်ဆိုပြီး ကျနော်နှင့် ဦးလေးတို့ အတူ သွားကြ၏။ ဆရာတော်အား ကန်တော့ပြီး စကားစမြည် ပြောကြ၏။ တရားအကြောင်းနှင့် အခြား ကျန်းမာရေး ဘာညာ အကြောင်းတို့ ဖြစ်၏။ မိုးကလည်း ရွာနေသည်မို့ အပင်စိုက်ရန် ခက်နေသေး၏။ မိုးတိတ်လို့ အပင် စိုက်မည် ဆိုတော့ ဆရာတော်က သူ နေရာ ရွေးဦးမည်မို့ မစိုက်ခဲ့ရန် ပြော၏။ ကိုရင်ကြီးကို စိုက်ခိုင်းမည်မို့ အပင်များ ထားခဲ့ရန်သာ ပြော၏။ သို့နှင့် ဆရာတော် ညွှန်ပြသည့် နေရာမှာ အပင်တွေကို ထားခဲ့၏။

ကိုယ်တိုင် စိုက်၍ ကုသိုလ် မယူခဲ့ရပေမယ့် အပင်လေးတွေတော့ လှူခဲ့နိုင်ပါ၏။ လပြည့်နေ့လေးမှာ ကုသိုလ်လေး ရသလောက် ယူခဲ့ပါ၏။

PXL_20240819_133152085.jpg



0
0
0.000
3 comments
avatar

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000