သတိရခြင်း
မိုးသောက်ယံ အချိန်လောက်က အဖေ့ကို အိပ်မက် မက်၏။ နာရီ မကြည့်မိလိုက်ပေမယ့် မနက် ၄ နာရီခွဲ၊ ၅ နာရီလောက်တော့ ဖြစ်မည်။ အဖေ ဆုံးပြီးနောက်ပိုင်း ဒုတိယအကြိမ် မြောက် အဖြစ် အဖေ့ကို အိပ်မက် မက်ခြင်း ဖြစ်၏။ ကျနော် အိပ်မက် မက်တာ နည်း၏။ ထိုနည်းပါးလှစွာသော အိပ်မက် မက်ခြင်းတွေထဲမှာမှ အဖေ့ကို အိပ်မက် မက်တာမျိုးက မရှိသလောက် ရှား၏။ အထက်မှာ ပြောခဲ့သလို ခုတကြိမ်က ဒုတိယ တကြိမ် ဖြစ်၏။
မချစ်လို့ သတိမရလို့ အိပ်မက် သိပ် မမက်တာမျိုး မဟုတ်ပေ။ ပင်ကိုယ်ကကို အိပ်မက် မက်တာ နည်း၏။ လွန်ခဲ့သော နှစ်ကာလတွေတုန်းကတော့ အိပ်မက် အတော် မက်၏။ အိပ်မက် မက်ရအောင်လို့ကို မက်လိုသည့် အကြောင်းအရာကို စိတ်စွဲစေပြီးမှကို အိပ်ရာဝင့သည့် ရက်မျိုးတွေတောင် ရှိခဲ့၏။ ဒီအသက်အရွယ် မတိုင်ခင်တုန်းက စိတ်ကူးယဥ်တာတွေ ဘာတွေ အတော်လေး လုပ်ဖြစ်တာလည်း ပါမည်ထင်။ ခုနောက်ပိုင်းကြ အသက်အရွယ် အရရော၊ လက်တွေ့ဘဝ အကြောင်းကို ပိုပြီးသိလာတာကြောင့်ရော စိတ်ကူးယဥ်တာတွေ နည်းသွားတော့၏။
မဖြစ်နိုင်သည့် စိတ်ကူးထက် ဖြစ်နိုင်တာကိုပဲ တွေး၊ စိတ်ကူးတော့၏။ အဖေ့ကိုက သတိမရလို့ မချစ်လို့ မဟုတ်၊ အဖေက မိသားစု စားဝတ်နေရေး အတွက် လုပ်ဆောင် ပေးနေရသောကြောင့် ကျနော်တို့ အပေါ် အချိန် သိပ် မပေးနိုင်ပေ။ တရင်းတနှီး သိပ်မနေဖြစ်တော့ အဖေ့ထက်စာရင် အမေ့ကိုသာ ပိုပြီး ခင်တွယ်ကြ၏။ အသက် ရလာပြီး ကျန်းမာရေး အရ ကား မမောင်းတော့ဘဲ အိမ်မှာ အနေများသည့် အချိန်မှသာ ကျနော်တို့နဲ့ ကောင်းကောင်း နေဖြစ်တော့၏။
အဖေက သောက်တတ် စားတတ်၏။ သောက်သောက် စားစားကြီးတော့ မဟုတ်၊ ဒီအတိုင်း စားကောင်း သောက်ကောင်းရုံလောက်သာ သောက်ခြင်း ဖြစ်၏။ မသောက်ထားသည့် အဖေနဲ့ သောက်ထားသည့် အဖေမှာ သောက်ထားသည့် အဖေက ပိုပြီး နှစ်လိုဖွယ်ရှိ သဘောလည်း ကောင်း၏။ သာမန်အချိန်ထက် မူးနေချိန်မှာ မုန့်ဖိုး ပိုတောင်းလို့ ကောင်း၏။ သာမန်အချိန်မှာ မှုန်ကုတ်နေတတ်ပေမယ့် သောက်ထားသည့် အချိန်မျိုးမှာ ရွှင်ရွှင်ပြုံးပြုံး ရှိနေတတ်၏။ အဖေက မူးပျော် ဖြစ်မည်။ မူးလာရင် ပျော်တတ်သူ။
အဖေ ဆုံးပြီးနောက်ပိုင်း နေထိုင် ရတာ ဘယ်လိုနေလဲ မေးက ဒီလိုပါပဲ ဟု ဖြေရမည်။ နဂိုကတည်းက အဖေက အိမ်မှာမှ သိပ်မနေ၊ ရှိမနေတတ်ဘူးကိုး။ အဖေလား ခရီးသွား နေတယ်ဆိုပြီးတော့ပဲ ထင်နေမိ၏။ ပြီးမှ ဟုတ်ဘူးလေ အဖေက ရှိကို မရှိတော့တာ ဆိုသည့် နောက်အတွေး ဝင်လာမှသာ ငိုင်သွားရ၏။ ထို့ကြောင့်လည်း အဖေ မရှိတော့ဘူး ဆိုတာထက် အဖေ ခရီးသွား နေတယ်လို့ပဲ စိတ်မှာ မှတ်ယူထားလိုက်တယ်။ စပျစ်သီး ချဥ်တဲ့ ကိစ္စက စပျစ်သီးဘက်က ကြည့်ရင် စိတ်ဆိုးချင်စရာ ပေမယ့် မြေခွေးဘက်က ကြည့်ပြန်တော့ စိတ်သက်သာရာပင် မဟုတ်လား။
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
!PGM !LOLZ
BUY AND STAKE THE PGM TO SEND A LOT OF TOKENS!
The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]
5000 PGM IN STAKE = 2x rewards!
Discord
Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP
Get potential votes from @ pgm-curator by paying in PGM, here is a guide
I'm a bot, if you want a hand ask @ zottone444
lolztoken.com
I woke every two hours and cried.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of @uthantzin
(5/8)